တောလည်ရာ 32:33 - Judson Bible in Zawgyi Version33 ထိုအခါမောရှေသည် အာမောရိရှင်ဘုရင်ရှိဟုန်၏ နိုင်ငံဆိုင်သမျှ၊ ဗာရှန်ရှင်ဘုရင်ဩဃ၏ နိုင်ငံဆိုင်သမျှသော နယ်မြေမြို့ရွာတို့ကို ဂဒ်အမျိုးသား၊ ရုဗင်အမျိုးသား၊ ယောသပ်၏သား မနာရှေမှဆင်းသက်သော မနာရှေအမျိုးသားတစ်ဝက်၌ အပ်ပေးလေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်33 ထိုအခါ မောရှေသည် ဂဒ်သားမြေး၊ ရုဗင်သားမြေးများနှင့် ယောသပ်သား မနာရှေမျိုးနွယ်တစ်ဝက်အား အာမောရိလူမျိုးတို့၏ဘုရင်ရှိဟုန်မင်းကြီး၏နိုင်ငံ၊ ဗာရှန်ဘုရင်ဩဃမင်းကြီး၏နိုင်ငံတို့ကို မြို့များနှင့်တကွ မြေများ၊ မြို့ပတ်ပတ်လည်ရှိ နယ်မြေများကိုပေးလေ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version33 ထို့ကြောင့်မောရှေသည်အာမောရိဘုရင် ရှိဟုန်နှင့် ဗာရှန်ဘုရင်သြဃတို့ပိုင်သမျှ သောနယ်မြေနှင့်တကွ ပတ်ဝန်းကျင်ရှိမြို့ ရွာများကိုဂဒ်အနွယ်ဝင်၊ ရုဗင်အနွယ်ဝင် နှင့်မနာရှေအနွယ်ဝင်တို့အားသတ်မှတ် ပေးလေသည်။- အခန်းကိုကြည့်ပါ။ |
ရုဗင်အမျိုးသား၊ ဂဒ်အမျိုးသား၊ မနာရှေအမျိုးသား တစ်ဝက်တည်းဟူသော အမျိုးနှစ်မျိုးနှင့် တစ်ဝက်တို့သည် မိမိတို့အမွေခံသောမြေကို ယော်ဒန်မြစ်အရှေ့၊ ယေရိခေါမြို့တစ်ဖက်၊ နေထွက်ရာဘက်၌ ဘိုးဘအဆွေအမျိုးအလိုက် ခံရကြပြီဟု ဣသရေလအမျိုးသားတို့အား မှာထားလေ၏။
ယခုမှာ သင်တို့၏ဘုရားသခင် ထာဝရဘုရားကတိတော်ရှိသည်အတိုင်း၊ ညီအစ်ကိုတို့အား ငြိမ်သက်ခြင်းအခွင့်ကို ပေးတော်မူသောကြောင့်၊ သင်တို့ပြန်၍ ကိုယ်နေရာအိမ်သို့လည်းကောင်း၊ ယော်ဒန်မြစ်တစ်ဖက်၌ ထာဝရဘုရား၏ကျွန် မောရှေပေးသည်အတိုင်း၊ ကိုယ်ပိုင်သောမြေသို့လည်းကောင်း သွားကြလော့။