Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တော​လည်ရာ 32:29 - Judson Bible in Zawgyi Version

29 ဂဒ်​အ​မျိုး​သား​နှင့် ရု​ဗင်​အ​မျိုး​သား​တို့​သည် စစ်​တိုက်​ခြင်း​ငှာ အ​သီး​အ​သီး​လက်​နက်​ကိုင်​လျက် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ သင်​တို့​နှင့်​အ​တူ ယော်​ဒန်​မြစ်​တစ်​ဖက်​သို့ ကူး​သွား၍၊ သင်​တို့​သည် ထို​ပြည်​ကို​အောင်​ပြီး​လျှင်၊ ထို​အ​မျိုး​သား​တို့​အား ဂိ​လဒ်​ပြည်​ကို အ​ပိုင်​ပေး​ရ​ကြ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

29 “​ဂဒ်​သားမြေး​၊ ရုဗင်​သားမြေး​တို့​တွင် ထာဝရဘုရား​ရှေ့​တော်​၌ စစ်တိုက်​ရန်​လက်နက်ကိုင်စွဲ​သူ​အပေါင်း​တို့​သည် သင်​တို့​နှင့်အတူ ဂျော်ဒန်​မြစ်​ကို​ကူး​၍ သင်​တို့​ရှေ့​၌​ရှိ​သော​ထို​ပြည်​ကို နှိမ်နင်း​လျှင် သင်​တို့​သည် ဂိလဒ်​ပြည်​ကို ပိုင်ဆိုင်​ရာ​မြေ​အဖြစ် သူ​တို့​အား​ပေး​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

29 ``ဂဒ်​အ​နွယ်​ဝင်​နှင့်​ရု​ဗင်​အ​နွယ်​ဝင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​အ​ရ​ယော်​ဒန် မြစ်​ကို​ဖြတ်​ကူး​၍ စစ်​ချီ​တိုက်​ခိုက်​လျှင်​လည်း ကောင်း၊ သင်​တို့​သည်​သူ​တို့​၏​အ​ကူ​အ​ညီ ဖြင့်​ထို​ပြည်​ကို​တိုက်​ခိုက်​အောင်​မြင်​လျှင် လည်း​ကောင်း ဂိ​လဒ်​ပြည်​ကို​သူ​တို့​အား အ​ပိုင်​ပေး​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည်ရာ 32:29
10 ပူးပေါင်းရင်းမြစ်များ  

သို့​ရာ​တွင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို သူ​တို့​နေ​ရာ​အ​ရပ်​သို့ မ​ပို့​မ​ဆောင်​မီ​တိုင်​အောင်၊ ကျွန်​တော်​တို့​သည်​လက်​နက်​ကိုင်​လျက် သူ​တို့​ရှေ့​မှာ​သွား​ပါ​မည်။ ဤ​ပြည်၌ ကျန်​ကြွင်း​သေး​သော လူ​တို့​ကြောင့် ကျွန်​တော်​တို့​သူ​ငယ်​များ​သည် ခိုင်​ခံ့​သော​မြို့၌ နေ​ရ​ပါ​မည်။


ထို​အ​မှု​ကြောင့်၊ မော​ရှေ​သည် ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ၊ နုန်၏​သား​ယော​ရှု အ​စ​ရှိ​သော ဣ​သ​ရေ​လ​အ​မျိုး​သား အ​ဆွေ​အ​မျိုး​သူ​ကြီး​များ​တို့​ကို ခေါ်၍၊


သို့​မ​ဟုတ် သူ​တို့​သည် လက်​နက်​ကိုင်​လျက် သင်​တို့​နှင့်​အ​တူ​မ​ကူး​မ​သွား​လျှင်၊ ခါ​နာန်​ပြည်၌ သင်​တို့​တွင် ကိုယ်​ပိုင်​ရာ​မြေ​ကို​ခံ​ယူ​ရ​ကြ​မည်​ဟု မှာ​ထား​လေ၏။


ထို​ရှင်​ဘု​ရင်​နှစ်​ပါး​ကို ထာ​ဝ​ရ​ဘု​ရား၏​ကျွန်​မော​ရှေ​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် လုပ်​ကြံ၍၊ ထာ​ဝ​ရ​ဘု​ရား၏​ကျွန်​မော​ရှေ​သည် သူ​တို့​ပြည်​ကို ရု​ဗင်​အ​မျိုး၊ ဂဒ်​အ​မျိုး၊ မ​နာ​ရှေ​အ​မျိုး​တစ်​ဝက်​တို့​အား အ​ပိုင်​ပေး​လေ၏။


ဂိ​လဒ်​ပြည်၊ ဂေ​ရှု​ရိ​လူ၊ မာ​ခါ​သိ​လူ​နေ​သော​ပြည်၊ ဟေ​ရ​မုန်​တောင်​ရှိ​သ​မျှ၊ သာ​လ​က​ပြည်​တိုင်​အောင် ဗာ​ရှန်​ပြည်​တစ်​လျှောက်​လုံး၊


မော​ရှေ​သည် ဣ​သ​ရေ​လ​အ​မျိုး​နှစ်​မျိုး​နှင့် တစ်​ဝက်​တို့​အား၊ ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်၌ အ​မွေ​ပေး​နှင့်​ပြီ။ လေ​ဝိ​သား​တို့​အား အ​ခြား​သော​အ​မျိုး​နှင့်​ရော၍ အ​မွေ​မ​ပေး။


လေ​ဝိ​သား​တို့​သည် သင်​တို့​နှင့်​ရော၍ အ​ဖို့​ကို​မ​ယူ​ရ။ ထာ​ဝ​ရ​ဘု​ရား၏ ယဇ်​ပု​ရော​ဟိတ်​အ​ရာ​သည် သူ​တို့​အ​မွေ​ဖြစ်၏။ ဂဒ်​အ​မျိုး၊ ရု​ဗင်​အ​မျိုး၊ မ​နာ​ရှေ​အ​မျိုး တစ်​ဝက်​တို့​သည် ယော်​ဒန်​မြစ်​အ​ရှေ့​ဘက် ထာ​ဝ​ရ​ဘု​ရား၏​ကျွန် မော​ရှေ​ပေး​သည်​အ​တိုင်း၊ အ​မွေ​မြေ​ကို​ခံ​ယူ​ကြ​ပြီ​ဟု ဣ​သ​ရေ​လ​လူ​တို့​အား ပြော​ဆို၏။


ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​ဖြင့် မိန့်​တော်​မူ​သည်​အ​တိုင်း၊ ရု​ဗင်​အ​မျိုး၊ ဂဒ်​အ​မျိုး၊ မ​နာ​ရှေ​အ​မျိုး​တစ်​ဝက်​တို့​သည် ပိုင်​ထိုက်​သော​မြေ၊ ဂိ​လဒ်​ပြည်​သို့​သွား​ခြင်း​ငှာ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​ရှိ​ရာ ခါ​နာန်​ပြည်၊ ရှိ​လော​မြို့​မှ ထွက်​သွား​ကြ၏။


ထို​သူ​လက်​ထက်​နောက်​မှ၊ ဂိ​လဒ်​ပြည်​သား ယာ​ဣ​ရ​သည် ပေါ်​ထွန်း၍၊ ဣ​သ​ရေ​လ​အ​မျိုး​ကို အ​နှစ်​နှစ်​ဆယ်​နှစ်​နှစ်​ပတ်​လုံး အုပ်​စိုး၏။


တစ်​ဖန် ရှော​လု​သည် ဒါ​ဝိဒ်​ကို​ခေါ်၍ ငါ့​သ​မီး​ကြီး မေ​ရပ်​ကို သင့်​အား​ငါ​ပေး​စား​မည်။ သင်​သည် ငါ့​အ​ဖို့ ရဲ​ရင့်၍ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ စစ်​တိုက်​ခြင်း​ကို​သာ​ပြု​လော့​ဟု မိန့်​တော်​မူ၏။ အ​ကြောင်း​မူ​ကား၊ ငါ့​လက်​သည် သူ့​အ​ပေါ်​သို့ မ​ရောက်​စေ​နှင့်။ ဖိ​လိ​တ္တိ​လူ​တို့​လက်​သည် ရောက်​ပါ​စေ​သော​ဟု ရှော​လု​အ​ကြံ​ရှိ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ