တောလည်ရာ 32:16 - Judson Bible in Zawgyi Version16 ထိုသူတို့သည်၊ အနီးအပါးသို့ချဉ်းကပ်၍၊ ကျွန်တော်တို့သည် ကျွန်တော်တို့ တိရစ္ဆာန်များအဖို့ ဤအရပ်၌သိုးခြံတို့ကိုလည်းကောင်း၊ ကျွန်တော်တို့ သူငယ်များအဖို့ မြို့တို့ကိုလည်းကောင်း တည်ပါမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်16 ထိုအခါ ဂဒ်သားမြေး၊ ရုဗင်သားမြေးတို့သည် မောရှေထံသို့ ချဉ်းကပ်လာ၍ “အကျွန်ုပ်တို့သည် ဤအရပ်၌ အကျွန်ုပ်တို့၏တိရစ္ဆာန်များအတွက် ခြံခတ်၍ အကျွန်ုပ်တို့၏ကလေးများအတွက် မြို့တို့ကို တည်မည်။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version16 တစ်ဖန်သူတို့သည် မောရှေအနီးသို့ချဉ်း ကပ်၍``ရှေးဦးစွာအကျွန်ုပ်တို့၏သိုးများ ထားရန်ကျောက်တုံးခြံစည်းရိုးများကို လည်းကောင်း၊ အကျွန်ုပ်တို့ကိုမှီခိုသူများ နေထိုင်ရန် တံတိုင်းကာရံထားသောမြို့များ ကိုလည်းကောင်းတည်ဆောက်ခွင့်ပေးပါ။- အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားသည် သင်တို့အား ချမ်းသာပေးတော်မူသည်နည်းတူ၊ ညီအစ်ကိုတို့အား ပေးတော်မမူမီတိုင်အောင်လည်းကောင်း၊ ယော်ဒန်မြစ်တစ်ဖက်၌ သင်တို့၏ ဘုရားသခင်ထာဝရဘုရားပေးတော်မူသောမြေကို သူတို့သည် မသိမ်းမယူမီတိုင်အောင်လည်းကောင်း၊ သင်တို့မယား၊ သားသူငယ်များ၊ တိရစ္ဆာန်များတို့သည် ငါပေးသောမြို့တို့၌ နေရကြမည်။ သင်တို့တွင် တိရစ္ဆာန်များစွာရှိသည်ကို ငါသိ၏။ အမှုပြီးမှ ငါပေးနှင့်သည်အတိုင်း၊ သင်တို့ရှိသမျှသည် အသီးအသီး ပိုင်ထိုက်သောမြေသို့ ပြန်လာရကြမည်ဟု သင်တို့အားငါမှာထား၏။