Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တော​လည်ရာ 31:30 - Judson Bible in Zawgyi Version

30 ဣ​သ​ရေ​လ​အ​မျိုး​သား​ခံ​ရ​သော ထက်​ဝက်​အ​ဖို့​ထဲ​က​လည်း လူ၊ နွား၊ မြည်း၊ သိုး​အ​စ​ရှိ​သော တိ​ရ​စ္ဆာန်​မျိုး​အ​ကောင်​ငါး​ဆယ်​တို့​တွင် တစ်​ကောင်​ကို​ကောက်​ယူ၍ ထာ​ဝ​ရ​ဘု​ရား၏ တဲ​တော်​ကို​စောင့်​သော လေ​ဝိ​သား​တို့​အား​ပေး​ရ​မည်​ဟု၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

30 အစ္စရေး​အမျိုးသား​တို့​ရရှိ​သော​တစ်ဝက်​ထဲမှ လူ​နှင့် နွား​၊ မြည်း​၊ သိုး စသည့်​တိရစ္ဆာန်​အားလုံး​တို့​ကို အယောက်​ငါးဆယ်​လျှင် တစ်​ယောက်​ကျ​၊ အကောင်​ငါးဆယ်​လျှင် တစ်​ကောင်​ကျ ယူ​၍ ထာဝရဘုရား​ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​၏​အမှု​ကို ဆောင်ရွက်​သော​လေဝိ​အမျိုး​တို့​အား ပေး​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

30 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​တွက်​ဝေ​စု​ထဲ မှ သုံ့​ပန်း​ငါး​ဆယ်​လျှင်​တစ်​ယောက်​ကျ​ဖြင့် လည်း​ကောင်း၊ သိုး၊ နွား၊ မြည်း၊ ဆိတ်​တို့​ကို​လည်း ထို​အ​ချိုး​ကျ​ဖြင့်​လည်း​ကောင်း​နုတ်​ယူ​၍ ထာ​ဝ​ရ​ဘု​ရား​၏​တဲ​တော်​ကို​တာ​ဝန်​ယူ စောင့်​ထိန်း​ရ​သော​လေ​ဝိ​အ​မျိုး​သား​တို့ အား​ပေး​အပ်​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည်ရာ 31:30
21 ပူးပေါင်းရင်းမြစ်များ  

ပ​ရိ​သတ်​စည်း​ဝေ​ရာ တဲ​တော်​ကို​လည်း​ကောင်း၊ သန့်​ရှင်း​ရာ​ဌာ​န​တော်​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​အိမ်​တော်၌ အ​မှု​တော်​ကို ဆောင်​ရွက်​သော ညီ​အစ်​ကို​အာ​ရုန်​သား​တို့​ကို​လည်း​ကောင်း စောင့်​ရ​ကြ​မည်။


တိ​ရ​စ္ဆာန်​တင်း​ကုပ်​များ​ကို​လည်း တိုက်​ဖျက်​လျက်၊ သိုး​နှင့် ကု​လား​အုတ်​အ​များ​တို့​ကို သိမ်း​ယူ၍ ယေ​ရု​ရှ​လင်​မြို့​သို့ ပြန်​သွား​ကြ၏။


ဣ​သ​ရေ​လ​အ​မျိုး​သား​စည်း​ဝေး​ရာ၊ ပ​ရိ​သတ်​အ​ပေါ်​မှာ အ​မျက်​တော်​မ​သက်​ရောက်​စေ​ခြင်း​ငှာ၊ လေ​ဝိ​သား​တို့​သည် သက်​သေ​ခံ​ချက် တဲ​တော်​ပတ်​လည်၌ နေ​ရာ​ချ၍ သက်​သေ​ခံ​ချက်​တဲ​တော်​ကို စောင့်​ရှောက်​ရ​မည်​ဟု၊


ဂေ​ရ​ရှုန်​သား​တို့​အ​ငန်း​အ​တာ​ဟူ​မူ​ကား၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်၊ အ​ပေါ်​တဲ၊ အ​ပေါ်​တဲ​အ​ဖုံး၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​ဝ၌​ကာ​သော​ကု​လား​ကာ၊


သူ​တို့​အ​ငန်း​အ​တာ​ဟူ​မူ​ကား၊ သေ​တ္တာ၊ စား​ပွဲ၊ ယဇ်​ပ​လ္လင်​များ၊ အ​မှု​တော်​ထမ်း​စ​ရာ​တဲ​တော်​တန်​ဆာ​များ၊ အ​တွင်း​ကု​လား​ကာ အ​စ​ရှိ​သည်​တို့​ကို ကြည့်​ရှု​ပြု​စု​ရ​ကြ​မည်။


စစ်​တိုက်​သွား​သော စစ်​သူ​ရဲ​တို့​သည်၊ ထာ​ဝ​ရ​ဘု​ရား​အား ပေး​ရ​သော​အ​ခွန်​ကို​ခွဲ၍ လူ၊ နွား၊ မြည်း၊ သိုး​အ​ကောင်​ငါး​ရာ​တွင် တစ်​ကောင်​ကို ကောက်​ယူ​ပြီး​လျှင်၊


သူ​တို့​ခံ​ရ​သော ထက်​ဝက်​အ​ဖို့​ထဲ​က​နှုတ်၍၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ချီ​မြှောက်​ရာ ပူ​ဇော်​သ​ကာ​ပြု​ဖို့​ရာ ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ​အား ပေး​ရ​မည်။


မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း မော​ရှေ​နှင့် ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ​တို့​သည် ပြု​လေ၏။


ထို​ကြောင့် သင်​တို့​သည် ကိုယ်​ကို သ​တိ​နှင့် ကြည့်​ရှု​ကြ​လော့။ ဘု​ရား​သ​ခင်​သည် မိ​မိ​အ​သွေး​နှင့် ဝယ်​တော်​မူ​သော​အ​သင်း​တော်​ကို လုပ်​ကျွေး​စေ​ခြင်း​ငှာ၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် သင်​တို့​ကို အ​အုပ်​အ​ချုပ် ခန့်​ထား​တော်​မူ​သော သိုး​စု​တစ်​စု​လုံး​ကို​လည်း သ​တိ​နှင့် ကြည့်​ရှု​ကြ​လော့။-


ထို​မှ​တစ်​ပါး၊ ဘ​ဏ္ဍာ​စိုး​မည်​သည်​ကား၊ သ​စ္စာ​ရှိ​ရ​မည်။-


အာ​ခိ​ပ္ပု​ကို​လည်း၊ သင်​သည် သ​ခင်​ဘု​ရား၏ လက်​တော်​မှ ခံ​ရ​ပြီး​သော ဓ​မ္မ​ဆ​ရာ၏​အ​မှု​အ​ရာ​ကို ပြည့်​စုံ​ခြင်း​ငှာ သ​တိ​ပြု​ပါ​ဟု ပြော​ကြ​လော့။


သင်​တို့​ကို အုပ်​သော​သူ​တို့၏ စ​ကား​ကို နား​ထောင်၍ နှိမ့်​ချ​လျက်​နေ​ကြ​လော့၊ သူ​တို့​သည် ကိုယ်​တိုင် စစ်​ကြော​ခြင်း​ကို ခံ​ရ​သော​သူ​ကဲ့​သို့၊ သင်​တို့ စိတ်​ဝိ​ညာဉ်၏ အ​ကျိုး​အ​လို​ငှာ စောင့်​နေ​ကြ​၏။ သင်​တို့​အ​ကျိုး​ကို မ​ဖြစ်​စေ​တတ်​သော ဝမ်း​နည်း​ခြင်း​မ​ရှိ၊ ဝမ်း​မြောက်​ခြင်း​ရှိ၍၊ သူ​တို့​သည် စစ်​ကြော​ခြင်း​ကို ခံ​ရ​မည်​အ​ကြောင်း သ​တိ​ပြု​လျက်​နေ​ကြ​လော့။-


ထာ​ဝ​ရ​ဘု​ရား ရွေး​ကောက်​တော်​မူ​သော​အ​ရပ်၌​တည်​သော ယဇ်​ပ​လ္လင်​တော်​အ​ဖို့​နှင့် ပ​ရိ​သတ်​တော်​အ​ဖို့ ထို​သူ​တို့​သည် ယ​နေ့​တိုင်​အောင် ထင်း​ခုတ်၍​ရေ​ခပ်​ရ​မည်​အ​ကြောင်း၊ ထို​နေ့၌ စီ​ရင်​လေ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ