Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တော​လည်ရာ 30:15 - Judson Bible in Zawgyi Version

15 ထို​စ​ကား​ကို ကြား​သော​နေ့​နောက်​မှ၊ လင်​သည် ပယ်​အံ့​သော​ငှာ​ပြု​လျှင်၊ မ​ယား​အ​ပြစ်​ကို ကိုယ်​တိုင်​ခံ​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

15 ထို​ယောက်ျား​သည် ကြား​သော​နေ့​လွန်ပြီးမှ ဧကန်​ပယ်ဖျက်​လျှင် မယား​၏​ဒုစရိုက်​ကို တာဝန်ယူ​ရ​မည်​”​ဟု ဆို​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

15 သူ​သည်​တစ်​ရက်​လွန်​ပြီး​မှ​ဇ​နီး​၏​က​တိ သစ္စာ​ကို​ပယ်​ဖျက်​လျှင် က​တိ​သစ္စာ​ပျက်​ခြင်း အ​ပြစ်​ဒဏ်​ကို​ခံ​စေ​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည်ရာ 30:15
7 ပူးပေါင်းရင်းမြစ်များ  

တစ်​စုံ​တစ်​ယောက်​သော​သူ​သည် အ​မှု​ကို​မြင်​သည်​ဖြစ်​စေ၊ သိ​သည်​ဖြစ်​စေ၊ ကျိန်​ဆို​စေ​သော​စ​ကား​ကို​ကြား၍၊ သက်​သေ​ဖြစ်​လျက်​နှင့် ပြန်​မ​ပြော​ဘဲ​နေ​သ​ဖြင့် ပြစ်​မှား၍၊ မိ​မိ​ဒု​စ​ရိုက်​အ​ပြစ်​ကို​ခံ​ရ​သော်​လည်း​ကောင်း၊


သို့​မ​ဟုတ် လင်​သည်​ကြား​သော​နေ့၌ ရှင်း​ရှင်း​ပယ်​ဖျက်​လျှင်၊ သ​စ္စာ​က​တိ​နှင့်​လည်း​ကောင်း၊ စိတ်​ဝိ​ညာဉ်၌ ချည်​နှောင်​ခြင်း​နှင့်​လည်း​ကောင်း ဆိုင်​သော​စ​ကား​မည်​မျှ မ​တည်​ရ။ လင်​သည် ပယ်​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​လည်း လွှတ်​တော်​မူ​မည်။


လင်​သည် တစ်​နေ့​ထက်​တစ်​နေ့ တိတ်​ဆိတ်​စွာ​နေ​လျှင်၊ မ​ယား​ပြု​သော သ​စ္စာ​က​တိ​ရှိ​သ​မျှ​တို့​နှင့် မ​ယား၌ ချည်​နှောင်​ခြင်း​ရှိ​သ​မျှ​တို့​ကို တည်​စေ၏။ ကြား​သော​နေ့၌ တိတ်​ဆိတ်​စွာ​နေ​သော​ကြောင့် တည်​စေ​ပြီ။


ဤ​ရွေ့​ကား၊ မ​ယား​နှင့် လင်​စပ်​ကြား၌​လည်း​ကောင်း၊ အ​ဘ​အိမ်​မှာ အ​သက်​နု​ငယ်​သော​သ​မီး​နှင့် အ​ဘ​စပ်​ကြား၌​လည်း​ကောင်း၊ မော​ရှေ​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား​ထား​တော်​မူ​သော ပ​ညတ်​တ​ရား​ဖြစ်​သ​တည်း။


သို့​မ​ဟုတ် အ​ဘ​သည်​ကြား​သော​နေ့၌ မြစ်​တား​လျှင်၊ ထို​သ​စ္စာ​စ​ကား​မည်​မျှ၊ ကိုယ်​စိတ်​ဝိ​ညာဉ်၌ ချည်​နှောင်​သော​စ​ကား​မည်​မျှ မ​တည်​ရ။ အ​ဘ​မြစ်​တား​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား လွှတ်​တော်​မူ​မည်။


သို့​မ​ဟုတ် လင်​သည်​ကြား​သော​နေ့၌ မြစ်​တား​လျှင်၊ ထို​သ​စ္စာ​စ​ကား၊ ကိုယ်​စိတ်​ဝိ​ညာဉ်၌ ချည်​နှောင်​သော​စ​ကား​ကို လင်​သည်​ပယ်၍၊ ထာ​ဝ​ရ​ဘု​ရား​လည်း လွှတ်​တော်​မူ​မည်။


ယေ​ရှု​ခ​ရစ်၌ ယု​ဒ​လူ​မ​ရှိ၊ ဟေ​လ​သ​လူ​မ​ရှိ၊ ကျွန်​မ​ရှိ။ လူ​လွတ်​မ​ရှိ၊ ယောက်ျား​မ​ရှိ၊ မိန်း​မ​မ​ရှိ၊ ထို​သ​ခင်၌ သင်​တို့​အ​ပေါင်း​သည် တစ်​လုံး​တစ်​ဝ​တည်း ဖြစ်​ကြ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ