Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တော​လည်ရာ 3:7 - Judson Bible in Zawgyi Version

7 သူ​တို့​သည် ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​ရှေ့​မှာ၊ အာ​ရုန်​နှင့် ပ​ရိ​သတ်​အ​ပေါင်း​တို့​ဆောင်​ရ​သော အ​မှု​တည်း​ဟူ​သော တဲ​တော်​အ​မှု​ကို ဆောင်​ရွက်​ရ​ကြ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

7 သူ​တို့​သည် ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​၏​အမှု​ဖြစ်​သော အာရုန်​နှင့်ဆိုင်သော​အလုပ်​၊ လူထု​အပေါင်း​တို့​နှင့်ဆိုင်သော​အလုပ်​တို့​ကို တွေ့ဆုံစည်းဝေးရာ​တဲ​တော်​ရှေ့​၌ လုပ်ဆောင်​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

7 သူ​တို့​သည်​ငါ​စံ​တော်​မူ​ရာ​တဲ​တော်​နှင့်​ဆိုင် သော​အ​မှု​ကို​ဆောင်​ရွက်​ရ​မည်။ ယဇ်​ပု​ရော ဟိတ်​များ​၏​ဝတ္တ​ရား​များ​နှင့်​ဣသ​ရေ​လ တစ်​မျိုး​သား​လုံး​နှင့်​ဆိုင်​သော​ဝတ္တ​ရား​များ ကို​ဆောင်​ရွက်​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည်ရာ 3:7
13 ပူးပေါင်းရင်းမြစ်များ  

လေ​ဝိ​သား​တို့​တွင်၊ အ​ဟိ​ယ​သည် ဘု​ရား​သ​ခင်၏​အိမ်​တော်​ဘ​ဏ္ဍာ​နှင့် ပူ​ဇော်​သော​ဘ​ဏ္ဍာ​များ​ကို အုပ်​ရ၏။


သူ၏​သား ဇေ​သံ၊ ယော​လ​တို့​သည်​လည်း ဘု​ရား​သ​ခင်၏​အိမ်​တော်​ဘ​ဏ္ဍာ​ကို အုပ်​ရ၏။


ထို​ရှေ​လော​မိတ်​နှင့် သူ၏​ညီ​တို့​သည် ဒါ​ဝိဒ်​မင်း​ကြီး၊ အ​ဆွေ​အ​မျိုး​သူ​ကြီး၊ လူ​တစ်​ထောင်​အုပ်၊ တစ်​ရာ​အုပ်၊ ဗိုလ်​မင်း​ပူ​ဇော်​သော ဘ​ဏ္ဍာ​ရှိ​သ​မျှ​ကို အုပ်​ရ၏။


ထို​ကြောင့် သင်​တို့​သည် သေ​ဘေး​နှင့်​ကင်း​လွတ်​ခြင်း​ငှာ၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​နား​မှာ၊ ခု​နစ်​ရက်​ပတ်​လုံး​နေ့​ည​မ​ပြတ်​နေ၍၊ ထာ​ဝ​ရ​ဘု​ရား​အ​မှု​တော်​ကို စောင့်​ရ​ကြ​မည်။ ထို​သို့ ငါ့​အား​မှာ​ထား​တော်​မူ​ပြီ​ဟု ဆင့်​ဆို​သည်​ဖြစ်၍၊


လေ​ဝိ​သား​တို့​အား သက်​သေ​ခံ​ချက်​တဲ​တော်​ကို​လည်း​ကောင်း၊ တဲ​တော်​တန်​ဆာ ရှိ​သ​မျှ​ကို​လည်း​ကောင်း၊ တဲ​တော်​နှင့်​ဆိုင်​သ​မျှ​တို့​ကို​လည်း​ကောင်း​အပ်၍၊ သူ​တို့​သည် တဲ​တော်​နှင့် တဲ​တော်​တန်​ဆာ​အ​လုံး​စုံ​ကို ဆောင်​ရွက်​ရ​ကြ​မည်။ တဲ​တော်​မှု​ကို​လည်း ထမ်း​ရ​ကြ​မည်။ တပ်​ချ​သော​အ​ခါ တဲ​တော်​ပတ်​လည်၌ မိ​မိ​တို့​နေ​ရာ​ချ​ရ​ကြ​မည်။


ဣ​သ​ရေ​လ​အ​မျိုး​သား​စည်း​ဝေး​ရာ၊ ပ​ရိ​သတ်​အ​ပေါ်​မှာ အ​မျက်​တော်​မ​သက်​ရောက်​စေ​ခြင်း​ငှာ၊ လေ​ဝိ​သား​တို့​သည် သက်​သေ​ခံ​ချက် တဲ​တော်​ပတ်​လည်၌ နေ​ရာ​ချ၍ သက်​သေ​ခံ​ချက်​တဲ​တော်​ကို စောင့်​ရှောက်​ရ​မည်​ဟု၊


ယဇ်​ပု​ရော​ဟိတ်​အာ​ရုန်​သား​ဧ​လာ​ဇာ​သည် လေ​ဝိ​အ​ဆွေ​အ​မျိုး​သူ​ကြီး​တို့​ကို အုပ်၍ တဲ​တော်​စောင့်​သော​သူ​တို့​ကို ကြည့်​ရှု​စီ​ရင်​ရ​မည်။


သူ​တို့​သည် ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တန်​ဆာ​ရှိ​သ​မျှ​တို့​ကို ကြည့်​ရှု​ပြု​စု၍၊ ဣ​သ​ရေ​လ​အ​မျိုး​သား​ဆောင်​ရ​သော တဲ​တော်​အ​မှု​ကို ဆောင်​ရ​ကြ​မည်။


ဣ​သ​ရေ​လ​အ​မျိုး​သား​ခံ​ရ​သော ထက်​ဝက်​အ​ဖို့​ထဲ​က​လည်း လူ၊ နွား၊ မြည်း၊ သိုး​အ​စ​ရှိ​သော တိ​ရ​စ္ဆာန်​မျိုး​အ​ကောင်​ငါး​ဆယ်​တို့​တွင် တစ်​ကောင်​ကို​ကောက်​ယူ၍ ထာ​ဝ​ရ​ဘု​ရား၏ တဲ​တော်​ကို​စောင့်​သော လေ​ဝိ​သား​တို့​အား​ပေး​ရ​မည်​ဟု၊


သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​အ​မှု​တော်​ကို ထမ်း​စေ​ခြင်း​ငှာ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ပြု​သော ပူ​ဇော်​သ​ကာ​တည်း​ဟူ​သော လေ​ဝိ​သား​တို့​ကို အာ​ရုန်​သည် ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ရ​မည်။


ထို​နောက်​မှ လေ​ဝိ​သား​တို့​သည်၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​အ​မှု​ကို ဆောင်​ရွက်​ခြင်း​ငှာ ဝင်​ရ​ကြ​လိမ့်​မည်။ သူ​တို့​ကို​စင်​ကြယ်​စေ၍ ပူ​ဇော်​သ​ကာ၊ ပြု​ရ​သော​အ​ကြောင်း​ဟူ​မူ​ကား၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ