Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တော​လည်ရာ 3:47 - Judson Bible in Zawgyi Version

47 အ​ကျပ်​တော်​အ​လိုက် လူ​တစ်​ကိုယ်​လျှင်​ငါး​ကျပ်​စီ​ခံ​ယူ​ရ​မည်။ အ​ကျပ်​ကား၊ ဂေ​ရ​နှစ်​ဆယ်​ဖြစ်​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

47 သန့်ရှင်းရာဌာန​၏​ရှယ်ကယ်​စံနှုန်း​နှင့်အညီ တစ်ယောက်​ကို ငါး​ရှယ်ကယ်​တိတိ သင်​ခံယူ​ရ​မည်​။ (​တစ်​ရှယ်ကယ်​လျှင် ဂေရ​နှစ်ဆယ်​နှင့်​ညီမျှ​၏​။)

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

47 တစ်​ဦး​လျှင်​တ​ရား​ဝင်​ချင်​တွယ်​နည်း​အ​ရ ငွေ​သား​ငါး​ကျပ်​ဖြင့်​ရွေး​ယူ​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည်ရာ 3:47
10 ပူးပေါင်းရင်းမြစ်များ  

ရေ​တွက်၍ စာ​ရင်း​ဝင်​သော​သူ​အ​ပေါင်း​တို့​သည် အ​ကျပ်​တော်​အ​လိုက်၊ ငွေ​အ​ကျပ်​တစ်​ဝက်​စီ ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ကပ်​ရ​မည်။ အ​ကျပ်​ကား၊ ဂေ​ရ​နှစ်​ဆယ် ဖြစ်​သ​တည်း။


သန့်​ရှင်း​ရာ​ဌာ​န​တော်​ပြီး​အောင်​လှူ၍ လုပ်​သော​ရွှေ​ချိန်​ပေါင်း​ကား အ​ကျပ်​တော်​အ​တိုင်း အ​ခွက်​နှစ်​ရာ​ကိုး​ဆယ်​ခု​နစ်​ပိဿာ​သုံး​ဆယ် ဖြစ်​သ​တည်း။


ဂေ​ရာ​နှစ်​ဆယ်​ကို တစ်​ကျပ်၊ အ​ကျပ်​ခြောက်​ဆယ်​ကို တစ်​မာ​နေ​ရှိ​ရ​မည်။


အ​ဖိုး​ဖြတ်​လေ​ရာ​ရာ၌ အ​ကျပ်​တော်​အ​လိုက်​ဖြတ်​ရ​မည်။ အ​ကျပ်​ကား၊ ဂေ​ရ​နှစ်​ဆယ်​ဖြစ်​သ​တည်း။


သင်​သည် အ​ဘယ်​မျှ အ​ဖိုး​ဖြတ်​ရ​မည်​နည်း​ဟူ​မူ​ကား၊ ယောက်ျား​ကို အ​သက်​နှစ်​ဆယ်​မှ​သည် ခြောက်​ဆယ်​တိုင်​အောင်၊ အ​ကျပ်​တော်​အ​လိုက် ငွေ​အ​ကျပ်​ငါး​ဆယ်​နှင့် အ​ဖိုး​ဖြတ်​ရ​မည်။


အ​သက်​တစ်​လ​မှ​သည် ငါး​နှစ်​တိုင်​အောင်၊ ယောက်ျား​ကို ငွေ​ငါး​ကျပ်၊ မိန်း​မ​ကို သုံး​ကျပ်​နှင့် အ​ဖိုး​ဖြတ်​ရ​မည်။


ရွေး​ရ​သော​သား​တို့​ကို အ​သက်​တစ်​လ​လွန်​မှ၊ သင်​အ​ဖိုး​ဖြတ်​သည်​အ​တိုင်း ဂေ​ရ​နှစ်​ဆယ်​နှင့်​မျှ​သော အ​ကျပ်​တော်​အ​လိုက် ငွေ​ငါး​ကျပ်​နှင့်​ရွေး​ရ​မည်။


ပို​သော​သူ​တို့​ပေး​ရ​သော​အ​ရွေး​ငွေ​ကို၊ အာ​ရုန်​နှင့် သူ၏​သား​တို့​အား​ပေး​ရ​မည်​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊


မော​ရှေ​သည် အ​ကျပ်​တော်​နှင့်​ချိန်​လျက်၊ အ​ခွက် တစ်​ဆယ်​သုံး​ပိဿာ​ခြောက်​ဆယ်​ငါး​ကျပ်​ကို​ယူ​ပြီး​လျှင်၊


အ​ကျပ်​တော်​အ​လိုက် တစ်​ပိဿာ​သုံး​ဆယ်​အ​ချိန်​ရှိ​သော ငွေ​အင်​တုံ၊ ခု​နစ်​ဆယ်​အ​ချိန်​ရှိ​သော ငွေ​ဖ​လား၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ဖို့ ထို​အင်​တုံ၊ ဖ​လား၌​ဆီ​နှင့်​ရော၍ အ​ပြည့်​ထည့်​သော​မုန့်​ညက်၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ