Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တော​လည်ရာ 3:45 - Judson Bible in Zawgyi Version

45 ဣ​သ​ရေ​လ​အ​မျိုး သား​ဦး​အ​ပေါင်း​တို့​အ​တွက် လေ​ဝိ​သား​တို့​ကို​လည်း​ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၌ တိ​ရ​စ္ဆာန်​များ​အ​တွက် လေ​ဝိ​သား​တို့၌​ရှိ​သော တိ​ရ​စ္ဆာန်​များ​ကို​လည်း​ကောင်း​ယူ​လော့။ လေ​ဝိ​သား​တို့​သည် ငါ၏​လူ​ဖြစ်​ရ​ကြ​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

45 “​အစ္စရေး​အမျိုးသား​တို့​၏​သားဦး​ရှိသမျှ​တို့​အစား လေဝိ​အမျိုး​တို့​ကို​လည်းကောင်း​၊ အစ္စရေး​အမျိုးသား​တို့​၏​တိရစ္ဆာန်​အစား လေဝိ​အမျိုး​တို့​၏​တိရစ္ဆာန်​ကို​လည်းကောင်း ငါ့​အဖို့ ယူ​ရ​မည်​။ လေဝိ​အမျိုး​တို့​သည် ငါ့​အဖို့​ဖြစ်​ရ​မည်​။ ငါ​သည် ထာဝရဘုရား​ဖြစ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

45 ``ယ​ခု​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​သား ဦး​အ​ပေါင်း​တို့​အ​စား​လေ​ဝိ​အ​မျိုး​သား တို့​ကို​ငါ့​အား​ဆက်​ကပ်​လော့။ လေ​ဝိ​အ​မျိုး သား​တို့​၏​သိုး​နွား​တိ​ရစ္ဆာန်​သား​ဦး​ပေါက် တို့​ကို​လည်း​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ၏​သိုး​နွား​တိ​ရစ္ဆာန်​သား​ဦး​ပေါက်​တို့​အ​စား ငါ့​အား​ဆက်​ကပ်​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည်ရာ 3:45
7 ပူးပေါင်းရင်းမြစ်များ  

မ​ရွေး​လို​လျှင်၊ မြည်း​သ​ငယ်၏​လည်​ပင်း​ကို ချိုး​ရ​မည်။ သင်၏​သား​ဦး​အ​ပေါင်း​တို့​ကို ရွေး​ရ​မည်။ ငါ့​ထံ​သို့ အ​ဘယ်​သူ​မျှ လက်​ချည်း​မ​ပေါ်​မ​လာ​ရ။


ငါ၏​ပ​ဋိ​ညာဉ်​ကို လေ​ဝိ​အ​မျိုး၌​တည်​စေ​ခြင်း​ငှာ၊ ဤ​ပ​ညတ်​စ​ကား​ကို သင်​တို့​ဆီ​သို့ ငါ​ပေး​လိုက်​ကြောင်း​ကို သင်​တို့ သိ​ရ​ကြ​လိမ့်​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။


ထို​သို့ သင်​တို့၏​ညီ​အစ်​ကို လေ​ဝိ​သား​တို့​ကို၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ထဲ​က ရွေး​ယူ၍၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​အ​မှု​ကို ထမ်း​စေ​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား​အား ပြု​သော​ပူ​ဇော်​သ​ကာ​ကဲ့​သို့ သင်​တို့​အား​ငါ​ပေး၏။


ဣ​သ​ရေ​လ​အ​မျိုး​တွင် အ​ဦး​ဖွား​မြင်​သော​သား​ဦး​များ​အ​တွက် လေ​ဝိ​သား​တို့​ကို ငါ​ရွေး​ယူ​သော​ကြောင့်၊ လေ​ဝိ​သား​တို့​သည် အ​ထူး​သ​ဖြင့် ငါ၏​လူ​ဖြစ်​ရ​ကြ​မည်။


တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မိန့်​တော်​မူ​သည်​ကား၊


ဣ​သ​ရေ​လ​အ​မျိုး​ထဲ​က သူ​တို့​ကို​ရွေး​ကောက်၍၊ ငါ့​အား​အ​ပိုင်​ပေး​ရ​မည်။ ဣ​သ​ရေ​လ​အ​မျိုး​တွင် အ​ဦး​ဖွား​မြင်​သော​သား​ဦး​များ​အ​တွက် သူ​တို့​ကို​ငါ​သိမ်း​ယူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ