Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တော​လည်ရာ 29:8 - Judson Bible in Zawgyi Version

8 ထို​နေ့၌ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ မွှေး​ကြိုင်​သော​အ​နံ့​နှင့် မီး​ရှို့​ရာ​ယဇ်​ဖို့ အ​သက်​ပျို​သော​နွား​ထီး​တစ်​ကောင်၊ သိုး​ထီး​တစ်​ကောင်၊ အ​ခါ​လည်​အ​ပြစ်​မ​ပါ​သော သိုး​သ​ငယ်​ခု​နစ်​ကောင်​တို့​ကို ပူ​ဇော်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

8 အပြစ်အနာအဆာကင်း​သော နွားထီး​ပျို​တစ်​ကောင်​၊ သိုးထီး​တစ်​ကောင်​၊ တစ်နှစ်သားအရွယ်​သိုးသငယ်​ခုနစ်​ကောင်​ကို မွှေးကြိုင်​သော​ရနံ့​ဖြစ်​သည့် မီးရှို့ရာယဇ်​အဖြစ် ထာဝရဘုရား​ထံ ပူဇော်​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

8 အ​ပြစ်​အ​နာ​ကင်း​သော​နွား​ထီး​တစ်​ကောင်၊ သိုး ထီး​တစ်​ကောင်​နှင့်​တစ်​နှစ်​သား​အ​ရွယ်​သိုး​ထီး ခု​နစ်​ကောင်​ကို ထာ​ဝ​ရ​ဘုရား​နှစ်​သက်​ဖွယ် ရ​နံ့​အ​ဖြစ်​မီး​ရှို့​ပူ​ဇော်​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည်ရာ 29:8
8 ပူးပေါင်းရင်းမြစ်များ  

နွား​ကို မီး​ရှို့​ရာ​ယဇ်​ပြု​လို​လျှင်၊ အ​ပြစ်​မ​ပါ​သော အ​ထီး​ကို​ဆောင်​ခဲ့၍၊ ထာ​ဝ​ရ​ဘု​ရား​စိတ်​တော်​နှင့်​တွေ့​ခြင်း​ငှာ၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​အ​နား​မှာ​ဆက်​ရ​မည်။


အ​ပြစ်​ပါ​သော​အ​ကောင်​ကို မ​ပူ​ဇော်​ရ။ ပူ​ဇော်​လျှင် စိတ်​တော်​နှင့်​မ​တွေ့။


ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ပြု​သော​ယဇ်​တည်း​ဟူ​သော အ​သက်​ပျို​သော နွား​ထီး​နှစ်​ကောင်၊ သိုး​ထီး​တစ်​ကောင်၊ အ​ခါ​လည် အ​ပြစ်​မ​ပါ​သော သိုး​သ​ငယ်​ခု​နစ်​ကောင်​တို့​ကို မီး​ရှို့​ရာ​ယဇ်​ပြု၍ ပူ​ဇော်​ရ​မည်။


ပ​ထ​မ​နေ့၌ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ မွှေး​ကြိုင်​သော​အ​နံ့​နှင့် မီး​ဖြင့်​ပြု​သော မီး​ရှို့​ရာ​ယဇ်​ဖို့ အ​သက်​ပျို​သော နွား​ထီး​ဆယ်​သုံး​ကောင်၊ သိုး​ထီး​နှစ်​ကောင်၊ အ​ခါ​လည်​အ​ပြစ်​မ​ပါ​သော သိုး​သ​ငယ်​ဆယ်​လေး​ကောင်​တို့​ကို ပူ​ဇော်​ရ​မည်။


ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ မွှေး​ကြိုင်​သော​အ​နံ့​နှင့် မီး​ရှို့​ရာ​ယဇ်​ဖို့ အ​သက်​ပျို​သော နွား​ထီး​တစ်​ကောင်၊ သိုး​ထီး​တစ်​ကောင်၊ အ​ခါ​လည်​အ​ပြစ်​မ​ပါ​သော သိုး​သ​ငယ်​ခု​နစ်​ကောင်​တို့​ကို ပူ​ဇော်​ရ​မည်။


နွား​တစ်​ကောင်​လျှင် ဆီ​ရော​သော​မုန့်​ညက် သုံး​ဩ​မဲ၊ သိုး​တစ်​ကောင်​လျှင် နှစ်​ဩ​မဲ၊


ထို​သိုး​နွား​တို့၌ ခြေ​ဆွံ့၊ မျက်​စိ​ကန်း​အ​စ​ရှိ​သော အင်္ဂါ​ချို့​တဲ့​ခြင်း​အ​ပြစ်၊ အ​ခြား​သော​အ​ပြစ် တစ်​စုံ​တစ်​ခု​ရှိ​လျှင်၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား ယဇ်​မ​ပူ​ဇော်​ရ။


အ​ပြစ်​ပါ​သော သိုး၊ နွား၊ ယုတ်​သော​လ​က္ခ​ဏာ​ပါ​သော သိုး၊ နွား​ကို၊ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား ယဇ်​မ​ပူ​ဇော်​ရ။ ထို​သို့​သော​ယဇ်​ကို သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် စက်​ဆုပ်​ရွံ​ရှာ​တော်​မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ