Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တော​လည်ရာ 29:7 - Judson Bible in Zawgyi Version

7 ၎င်း​လ၊ ဒ​သ​မ​နေ့​ရက်၌ ဓ​မ္မ​စည်း​ဝေး​ခြင်း​ကို​ပြု၍ ခြိုး​ခြံ​စွာ​ကျင့်​ရ​မည်။ အ​ဘယ်​အ​လုပ်​ကို​မျှ မ​လုပ်​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

7 ဤ​သတ္တမ​လ​၊ ဆယ်​ရက်​နေ့​၌ သင်​တို့​သည် သန့်ရှင်း​သော​ဓမ္မစည်းဝေး​ခြင်း​ကို ပြု​ရ​မည်​။ သင်​တို့​သည် မိမိ​တို့​၏​စိတ်ဆန္ဒ​ကို ငြင်းပယ်​ရ​မည်​။ မည်သည့်​အလုပ်​ကို​မျှ​မ​လုပ်​ရ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

7 သင်​တို့​သည်​သတ္တ​မ​လ​တစ်​ဆယ့်​လေး​ရက် နေ့​တွင် စု​ဝေး​ဝတ်​ပြု​ရ​မည်။ ထို​နေ့​၌​အ​စား အ​စာ​မစား​ရ၊ အ​လုပ်​မ​လုပ်​ရ။-

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည်ရာ 29:7
17 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ ဥ​စ္စာ​များ​မှ​စ၍ သူ​ငယ်​များ​နှင့်​တ​ကွ၊ ငါ​တို့​သွား​စ​ရာ မှန်​သော​လမ်း​ကို ဘု​ရား​သ​ခင်၌​ရှာ၍၊ ရှေ့​တော်​မှာ ခြိုး​ခြံ​စွာ​ကျင့်​ခြင်း​ငှာ၊ အ​ဟာ​ဝ​မြစ်​နား​တွင်၊ အ​စာ​ရှောင်​ရာ​အ​ချိန်​ကို ငါ​ကြော်​ငြာ၏။


ငါ​မူ​ကား၊ သူ​တို့၌ အ​နာ​ရော​ဂါ​စွဲ​သော​အ​ခါ၊ လျှော်​တေ​အ​ဝတ်​ကို ဝတ်​ဆင်​လျက် အ​စာ​ကို​ရှောင်၍ ခြိုး​ခြံ​စွာ ကျင့်​လေ၏။ ကိုယ်​ရင်​ခွင်​ကို မျက်​နှာ​ပြု​လျက် ဆု​တောင်း​လေ၏။


ထို​ကာ​လ၌ ငို​ကြွေး​မြည်​တမ်း​ခြင်း၊ ဆံ​ပင်​ကို ပယ်​ဖြတ်​ခြင်း၊ လျှော်​တေ​အ​ဝတ်​ကို ဝတ်​စည်း​ခြင်း​အ​လို​ငှာ၊ ကောင်း​ကင်​ဗိုလ်​ခြေ​သ​ခင် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် နှိုး​ဆော်​တိုက်​တွန်း​တော်​မူ​သော်​လည်း၊


ကျေး​ဇူး​တော်​ကို ခံ​သော​သ​ဘော၊ ဆု​တောင်း​ပ​တ္ထ​နာ​ပြု​သော​သ​ဘော​ကို ဒါ​ဝိဒ်​မင်း​မျိုး၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့​အ​ပေါ်​သို့ ငါ​သွန်း​လောင်း​သ​ဖြင့်၊ သူ​တို့​သည် မိ​မိ​တို့ ထိုး​ဖောက်​သော ငါ့​ကို ရှု​မြင်​ရ​ကြ​လိမ့်​မည်။ တစ်​ယောက်​တည်း​သော​သား​အ​တွက် အ​ဘ​သည် ငို​ကြွေး​မြည်​တမ်း​သ​ကဲ့​သို့၊ ထို​သူ​အ​တွက် ငို​ကြွေး​မြည်​တမ်း​ရ​ကြ​လိမ့်​မည်။ သား​ဦး​အ​တွက် အ​ဘ​သည် နာ​ကြည်း​ရ​ကြ​လိမ့်​မည်။


နှစ်​ပေါင်း​များ​စွာ​ပြု​သ​ကဲ့​သို့ ပ​ဉ္စ​မ​လ​တွင် ငို​ကြွေး၍ ခြိုး​ခြံ​စွာ​ကျင့်​ရ​ပါ​မည်​လော​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်၌​ရှိ​သော ယဇ်​ပု​ရော​ဟိတ်​နှင့် ပ​ရော​ဖက်​တို့​အား မေး​လျှောက်​ခြင်း​ငှာ​လည်း​ကောင်း၊ ရှ​ရေ​ဇာ၊ ရေ​ဂင်္မေ​လက်​နှင့် သူ​တို့​လူ​များ​ကို ဘု​ရား​သ​ခင်၏​အိမ်​တော်​သို့ စေ​လွှတ်​ကြ​သော​အ​ခါ၊


စိတ်​မ​သာ​ညည်း​တွား​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား ထို​သူ​တို့​သည် သက်​သာ​ခြင်း​သို့ ရောက်​ကြ​လ​တ္တံ့။-


သာ၍ အ​ပြစ်​ရှိ​သည်​မ​ဟုတ်။ သင်​တို့​ရှိ​သ​မျှ​သည်​လည်း နောင်​တ​မ​ရ​လျှင် ပျက်​စီး​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်​ဟု ငါ​ဆို၏။-


သာ၍​အ​ပြစ်​ရှိ​သည် မ​ဟုတ်။ သင်​တို့ ရှိ​သ​မျှ​သည်​လည်း နောင်​တ​မ​ရ​လျှင် ပျက်​စီး​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်၊ ငါ​ဆို​သည်​ဟု မိန့်​တော်​မူ၏။


ကာ​လ​ကြာ​သည်​ရှိ​သော်၊ ကြီး​စွာ​သော​ဥ​ပုသ်​နေ့​လွန်၍ ပင်​လယ်​မ​ကူး​သင့်​သော လ​ဥ​တု​အ​ချိန်​ဖြစ်​သည်​ကို ပေါ​လု​သည် ထောက်၍၊-


ထို​မှ​တစ်​ပါး၊ ငါ​တို့၏​လူ​ဟောင်း​သည် ထို​သ​ခင်​နှင့်​အ​တူ လက်​ဝါး​ကပ်​တိုင်​မှာ အ​သေ​သတ်​ခြင်း​ကို​ခံ​ပြီ​ဟု ငါ​တို့​သိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ငါ​တို့​သည် နောက်​မှ အ​ပြစ်​တ​ရား၏​အ​စေ​ကို မ​ခံ​စေ​ခြင်း​ငှာ၊ အ​ပြစ်​တ​ရား၏​ကိုယ်​ကို ဖျက်​ဆီး​မည်​အ​ကြောင်း​တည်း။-


သူ​တစ်​ပါး​ကို ဆုံး​မ​ပြီး​မှ ကိုယ်​တိုင်​ရှုံး​သော​သူ မ​ဖြစ်​ရ​မည်​အ​ကြောင်း၊ ကိုယ်​ကို​ထိုး၍ နှိပ်​စက်​လေ့​ရှိ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ