Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တော​လည်ရာ 28:8 - Judson Bible in Zawgyi Version

8 အ​ခြား​သော​သိုး​သ​ငယ်​ကို ညဥ့်​ဦး​ယံ၌​ပူ​ဇော်​သော​အ​ခါ၊ နံ​နက်​ယံ၌ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ သွန်း​လောင်း​ရာ​ပူ​ဇော်​သ​ကာ ပါ​သည်​နည်း​တူ​ပါ​လျက်၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ မွှေး​ကြိုင်​သော​အ​နံ့​နှင့်​ပြည့်​စုံ၍ မီး​ဖြင့်​ပူ​ဇော်​သော​ယဇ်​ကို ပြု​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

8 နောက်​သိုးသငယ်​တစ်​ကောင်​ကို နံနက်အချိန်​ဘောဇဉ်ပူဇော်သက္ကာ​ကဲ့သို့​လည်းကောင်း​၊ သွန်းလောင်းရာပူဇော်သက္ကာ​ကဲ့သို့​လည်းကောင်း ထာဝရဘုရား​အဖို့ မွှေးကြိုင်​သော​ရနံ့​ဖြစ်​သည့် မီး​ဖြင့်​ပူဇော်​သော​ယဇ်​အဖြစ် နေဝင်ချိန်​၌ ပူဇော်​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

8 ည​နေ​တွင်​ဒု​တိ​ယ​သိုး​က​လေး​ကို​ပူ​ဇော် သော​အ​ခါ​၌​လည်း နံ​နက်​တွင်​ပူ​ဇော်​ဆက်​သ သည့်​နည်း​တူ​စ​ပျစ်​ရည်​သကာ​ပါ​လျက်​ပူ​ဇော် ရ​မည်။ ဤ​သကာ​သည်​လည်း​ပူ​ဇော်​သကာ​ဖြစ် ၍ ယင်း​၏​ရ​နံ့​ကို​ထာ​ဝ​ရ​ဘု​ရား​နှစ်​သက် တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည်ရာ 28:8
6 ပူးပေါင်းရင်းမြစ်များ  

ခြေ​ထောက်​နှင့် အ​အူ​အ​စ​ရှိ​သည်​တို့​ကို ရေ​နှင့်​အ​ရင်​ဆေး​ရ​မည်။ ယဇ်​ပု​ရော​ဟိတ်​သည် တစ်​ကောင်​လုံး​ကို​ဆောင်​ခဲ့၍၊ ယဇ်​ပ​လ္လင်​ပေါ်​မှာ မီး​ရှို့​ရ​မည်။ မီး​ရှို့​သော​ယဇ်​ဖြစ်​သ​တည်း။ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ဆက်​ကပ်၍ မွှေး​ကြိုင်​သော ပူ​ဇော်​သ​ကာ​ဖြစ်​သ​တည်း။


အ​တောင်​ပါ​လျက်​ငှက်​ကောင်​ကို​ခွဲ​ဖွင့်၍၊ ယဇ်​ပု​ရော​ဟိတ်​သည်၊ ယဇ်​ပ​လ္လင်​ပေါ်၌​ရှိ​သော ထင်း​မီး​အ​ပေါ်​မှာ​မီး​ရှို့​ရ​မည်။ မီး​ရှို့​သော​ယဇ်​ဖြစ်​သ​တည်း။ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ဆက်​ကပ်၍ မွှေး​ကြိုင်​သော​ပူ​ဇော်​သ​ကာ​ဖြစ်​သ​တည်း။


ခြေ​ထောက်​နှင့် အ​အူ​အ​စ​ရှိ​သည်​တို့​ကို ရေ​နှင့် အ​ရင်​ဆေး​ရ​မည်။ ယဇ်​ပု​ရော​ဟိတ်​သည်၊ ထို​ယဇ်​တစ်​ကောင်​လုံး​ကို ယဇ်​ပ​လ္လင်​ပေါ်​မှာ မီး​ရှို့​ရ​မည်။ မီး​ရှို့​ရာ​ယဇ်​ဖြစ်​သ​တည်း။ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ဆက်​ကပ်၍ မွှေး​ကြိုင်​သော ပူ​ဇော်​သ​ကာ​ဖြစ်​သ​တည်း။


သိုး​သ​ငယ်​တစ်​ကောင်​နှင့်​အ​တူ သွန်း​လောင်း​ရာ​ပူ​ဇော်​သ​ကာ​ဖို့၊ စ​ပျစ်​ရည်​သုံး​လော​ဃ​ကို ပူ​ဇော်၍၊ သန့်​ရှင်း​ရာ​ဌာ​န၌ သွန်း​လောင်း​ရာ​ပူ​ဇော်​သ​ကာ​ဖို့၊ ထာ​ဝ​ရ​ဘု​ရား​အား သွန်း​လောင်း​ရ​မည်။


နေ့​တိုင်း​အ​စဉ်​ပူ​ဇော်​သော မီး​ရှို့​ရာ​ယဇ်၊ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​မှ​တစ်​ပါး၊ ဥ​ပုသ်​နေ့​ရက်၌ အ​ခါ​လည်​အ​ပြစ်​မ​ပါ​သော သိုး​သ​ငယ်​နှစ်​ကောင်​ကို​လည်း​ကောင်း၊ သွန်း​လောင်း​ရာ​ပူ​ဇော်​သ​ကာ​ပါ​လျက်၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ဖို့၊ ဆီ​ရော​သော​မုန့်​ညက် နှစ်​ဩ​မဲ​ကို​လည်း​ကောင်း​ပူ​ဇော်​ရ​မည်။


အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ ဆိတ်​သ​ငယ်​တစ်​ကောင်​ကို​လည်း​ကောင်း၊ အ​စဉ်​အ​မြဲ​ပြု​သော မီး​ရှို့​ရာ​ယဇ်​နှင့် ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​မှ​တစ်​ပါး၊ ထပ်၍​ပူ​ဇော်​ရ​မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ