Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တော​လည်ရာ 28:24 - Judson Bible in Zawgyi Version

24 ထို​သို့ အ​စဉ်​အ​မြဲ​ပူ​ဇော်​သော​မီး​ရှို့​ရာ​ယဇ်၊ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​မှ​တစ်​ပါး ခု​နစ်​ရက်​ပတ်​လုံး တစ်​နေ့​တစ်​နေ့​လျှင် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ မွှေး​ကြိုင်​သော​အ​နံ့​နှင့် မီး​ဖြင့်​ပြု​သော ပူ​ဇော်​သ​ကာ​အ​စာ​အာ​ဟာ​ရ​ကို ပူ​ဇော်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

24 ထိုနည်းတူ ပုံမှန်​မီးရှို့ရာယဇ်​နှင့် ထို​ယဇ်​အတွက် သွန်းလောင်းရာပူဇော်သက္ကာ​အပြင် ထာဝရဘုရား​အဖို့ မွှေးကြိုင်​သော​ရနံ့​ဖြစ်​သည့် မီး​ဖြင့်​ပူဇော်​သော​စားဖွယ်ရာ​ကို ခုနစ်​ရက်​ပတ်လုံး နေ့စဉ်​ပူဇော်​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

24 ဤ​နည်း​အ​တိုင်း​ခု​နစ်​ရက်​တိုင်​အောင်​ထာ​ဝ​ရ ဘု​ရား​အား ပူ​ဇော်​သကာ​ကို​ဆက်​သ​ရ​မည်။ ယင်း ၏​ရ​နံ့​ကို​ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​တော်​မူ​၏။ နေ့​စဉ်​မီး​ရှို့​ရာ​သကာ​နှင့်​စ​ပျစ်​ရည်​သကာ အ​ပြင် ဤ​သကာ​ကို​ဆက်​သ​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည်ရာ 28:24
5 ပူးပေါင်းရင်းမြစ်များ  

သိုး​သ​ငယ်​တစ်​ကောင်​ကို ပူ​ဇော်​သော​အ​ခါ၊ သံ​လွင်​သီး​ကို​ထောင်း၍၊ ရ​သော​သံ​လွင်​ဆီ သုံး​လော​ဃ​နှင့်​ရော​သော မုန့်​ညက်​တစ်​ဩ​မဲ​ကို​လည်း​ကောင်း၊ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​ဖို့ စ​ပျစ်​ရည် သုံး​လော​ဃ​ကို​လည်း​ကောင်း၊ သိုး​သ​ငယ်​နှင့်​အ​တူ ပူ​ဇော်​ရ​မည်။


ပွဲ​နေ့​ခု​နစ်​ရက်​ပတ်​လုံး ထာ​ဝ​ရ​ဘု​ရား​အား မီး​ရှို့​ရာ​ယဇ်​ကို နွား​ထီး​ခု​နစ်​ကောင်၊ အ​ပြစ်​မ​ပါ​သော​သိုး​ထီး ခု​နစ်​ကောင်​ကို​လည်း​ကောင်း၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ ဆိတ်​သ​ငယ် တစ်​ကောင်​ကို​လည်း​ကောင်း နေ့​တိုင်း​ပူ​ဇော်​ရ​မည်။


ယဇ်​ပု​ရော​ဟိတ်​သည် ယဇ်​ပ​လ္လင်​ပေါ်​မှာ​မီး​ရှို့​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ပြု​သော​ပူ​ဇော်​သ​ကာ အ​စာ​အာ​ဟာ​ရ​ဖြစ်​သ​တည်း။


တစ်​ဖန် ဆင့်​ဆို​ရ​မည်​မှာ၊ နေ့​တိုင်း​အ​စဉ်​အ​မြဲ မီး​ရှို့​ရာ​ယဇ်​ဖို့၊ အ​ခါ​လည် အ​ပြစ်​မ​ပါ​သော သိုး​သ​ငယ်​နှစ်​ကောင်​ကို ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ပူ​ဇော်​ရ​မည်။


ယဇ်​ပု​ရော​ဟိတ် မည်​သည်​ကား၊ နေ့​တိုင်း​ဝတ်​ပြု​လျက်၊ အ​ပြစ်​ကို မ​ဖြေ​နိုင်​သော​ယဇ်​ကို အ​ထပ်​ထပ် အ​ဖန်​ဖန် ပူ​ဇော်​လျက်​ရပ်​နေ​ရ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ