Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တော​လည်ရာ 28:14 - Judson Bible in Zawgyi Version

14 သွန်း​လောင်း​ရာ​ပူ​ဇော်​သ​ကာ​ဖို့​ကား၊ နွား​တစ်​ကောင်​နှင့် စ​ပျစ်​ရည်​ခြောက်​လော​ဃ၊ သိုး​တစ်​ကောင်​နှင့် လေး​လော​ဃ၊ သိုး​သ​ငယ်​တစ်​ကောင်​နှင့် သုံး​လော​ဃ​ကို ပူ​ဇော်​ရ​မည်။ ထို​သို့ လ​တိုင်း​အ​စဉ်​မ​ပြတ် မီး​ရှို့​ရာ​ယဇ်​ကို ပူ​ဇော်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

14 နွားထီး​တစ်​ကောင်​လျှင် စပျစ်ဝိုင်​တစ်​ဟိန်​၏​တစ်ဝက်​၊ သိုးထီး​တစ်​ကောင်​လျှင် စပျစ်ဝိုင်​တစ်​ဟိန်​၏​သုံးပုံတစ်ပုံ​၊ သိုးသငယ်​တစ်​ကောင်​လျှင် စပျစ်ဝိုင်​တစ်​ဟိန်​၏​လေးပုံတစ်ပုံ​ကို သွန်းလောင်းရာပူဇော်သက္ကာ​အဖြစ် ပူဇော်​ရ​မည်​။ ဤသည်ကား တစ်နှစ်ပတ်လုံး လဆန်း​တစ်ရက်နေ့​တိုင်း လစဉ်​ပူဇော်​ရ​သော​မီးရှို့ရာယဇ်​ဖြစ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

14 ထို​မီး​ရှို့​ရာ​ယဇ်​တို့​နှင့်​တွဲ​၍​ဆက်​သ​ရ​သော စ​ပျစ်​ရည်​သကာ​မှာ နွား​ထီး​တစ်​ကောင်​စီ​နှင့် အ​တူ​စ​ပျစ်​ရည်​လေး​ပိုင့်၊ သိုး​ထီး​နှင့်​အ​တူ စ​ပျစ်​ရည်​သုံး​ပိုင့်၊ သိုး​က​လေး​တစ်​ကောင်​စီ နှင့်​အ​တူ​စ​ပျစ်​ရည်​နှစ်​ပိုင့်​ကို​ပူ​ဇော်​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည်ရာ 28:14
11 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​မှ အ​မြဲ​ပူ​ဇော်​ရ​သော​ယဇ်၊ လ​ဆန်း​နေ့၌​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ သန့်​ရှင်း​စေ​သော ဓ​မ္မ​ပွဲ​နေ့၌​လည်း​ကောင်း၊ ပူ​ဇော်​ရ​သော​ယဇ်၊ ထာ​ဝ​ရ​ဘု​ရား​အား အ​လို​လို​ပူ​ဇော်​သ​ကာ​ကို ဆောင်​ခဲ့​သော​သူ အ​သီး​အ​သီး​အ​ဖို့ ပူ​ဇော်​ရ​သော​ယဇ်​တို့​ကို ပူ​ဇော်​လျက်​နေ​ကြ၏။


အ​ချည်း​နှီး​သော​ပူ​ဇော်​သ​ကာ​ကို နောက်​တစ်​ဖန်​မ​ဆောင်​ခဲ့​ကြ​နှင့်၊ သင်​တို့​မီး​ရှို့​သော​နံ့​သာ​ပေါင်း​ကို ငါ​ရွံ​ရှာ​၏။ လ​ဆန်း​နေ့၊ ဥ​ပုသ်​နေ့၊ ပ​ရိ​သတ်​စည်း​ဝေး​သော​နေ့​ကို​လည်း ရွံ​ရှာ​၏။ အ​ဓ​မ္မ​အ​မှု​နှင့် ရော​နှော​သော ဓ​မ္မ​စည်း​ဝေး​ခြင်း​တို့​ကို သည်း​မ​ခံ​နိုင်။


မော​ဘ​ပြည်၌ မြင့်​သော​အ​ရပ်​ပေါ်​မှာ ပူ​ဇော်​သော​သူ၊ မိ​မိ​ဘု​ရား​တို့​အား နံ့​သာ​ပေါင်း​ကို မီး​ရှို့​သော​သူ​တို့​ကို ငါ​ပြတ်​စေ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။


ဥ​ပုသ်​နေ့၌ မင်း​သား​သည် မီး​ရှို့​ရာ​ယဇ်​ဖို့ အ​ပြစ်​မ​ပါ​သော သိုး​သ​ငယ် ခြောက်​ကောင်၊ အ​ပြစ်​မ​ပါ​သော သိုး​ထီး​တစ်​ကောင်​ကို ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ ဆောင်​ခဲ့​ရ​မည်။


အို ယဇ်​ပု​ရော​ဟိတ်​တို့၊ လျှော်​တေ​အ​ဝတ်​ကို ဝတ်၍ ငို​ကြွေး​ကြ​လော့။ ယဇ်​ပ​လ္လင်​တော် အ​မှု​စောင့်​တို့၊ မြည်​တမ်း​ကြ​လော့။ ငါ၏ ဘု​ရား​သ​ခင့်​အ​မှု​တော်​စောင့်​တို့၊ လာ​ကြ။ လျှော်​တေ​အ​ဝတ်​ကို ဝတ်​လျက် တစ်​ည​လုံး​အိပ်​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​ကို သင်​တို့​ဘု​ရား​သ​ခင်၏ အိမ်​တော်၌ မ​ဆက်​ကပ်​ဘဲ နေ​ကြ​ပါ​ပြီ​တ​ကား။


ယဇ်​နှင့်​တ​ကွ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ကို ဆီ​သုံး​လော​ဃ​ရော​သော မုန့်​ညက်​တစ်​ဩ​မဲ​ကို​လည်း​ကောင်း၊ သွန်း​လောင်း​ရာ​ပူ​ဇော်​သ​ကာ​ဖို့ စ​ပျစ်​ရည် သုံး​လော​ဃ​ကို​လည်း​ကောင်း ပြင်​ဆင်၍​ဆောင်​ခဲ့​ရ​မည်။


မီး​ဖြင့်​ပူ​ဇော်၍ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ မွှေး​ကြိုင်​သော​အ​နံ့​ရှိ​စေ​ခြင်း​ငှာ၊


သိုး​သ​ငယ်​တစ်​ကောင်​အ​ဖို့၊ ဆီ​ရော​သော​မုန့်​ညက် တစ်​ဩ​မဲ​စီ​တည်း​ဟူ​သော ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​နှင့်​တ​ကွ၊ ထာ​ဝ​ရ​ဘု​ရား​အား​မီး​ဖြင့်​ပူ​ဇော်၍ မီး​ရှို့​ရာ​ယဇ်​ကို ပြု​ရ​မည်။


နေ့​တိုင်း​အ​စဉ်​ပူ​ဇော်​သော မီး​ရှို့​ရာ​ယဇ်၊ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​မှ​တစ်​ပါး၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ ထာ​ဝ​ရ​ဘု​ရား​အား ဆိတ်​သ​ငယ်​တစ်​ကောင်​ကို​လည်း ပူ​ဇော်​ရ​မည်။


သိုး​သ​ငယ်​တစ်​ကောင်​နှင့်​အ​တူ သွန်း​လောင်း​ရာ​ပူ​ဇော်​သ​ကာ​ဖို့၊ စ​ပျစ်​ရည်​သုံး​လော​ဃ​ကို ပူ​ဇော်၍၊ သန့်​ရှင်း​ရာ​ဌာ​န၌ သွန်း​လောင်း​ရာ​ပူ​ဇော်​သ​ကာ​ဖို့၊ ထာ​ဝ​ရ​ဘု​ရား​အား သွန်း​လောင်း​ရ​မည်။


သိုး၊ နွား၊ သိုး​သ​ငယ်​အ​နည်း​အ​များ​အ​လိုက်၊ ထုံး​စံ​ရှိ​သည်​အ​တိုင်း ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​ကို​လည်း​ကောင်း၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ