Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တော​လည်ရာ 28:13 - Judson Bible in Zawgyi Version

13 သိုး​သ​ငယ်​တစ်​ကောင်​အ​ဖို့၊ ဆီ​ရော​သော​မုန့်​ညက် တစ်​ဩ​မဲ​စီ​တည်း​ဟူ​သော ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​နှင့်​တ​ကွ၊ ထာ​ဝ​ရ​ဘု​ရား​အား​မီး​ဖြင့်​ပူ​ဇော်၍ မီး​ရှို့​ရာ​ယဇ်​ကို ပြု​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

13 သိုးသငယ်​တစ်​ကောင်​လျှင် ဆီ​နှင့်​ရော​သော​အကောင်းဆုံး​ဂျုံမှုန့်​တစ်​ဧဖာ​၏​ဆယ်ပုံတစ်ပုံ​ကို ဘောဇဉ်ပူဇော်သက္ကာ​အဖြစ် ပူဇော်​ရ​မည်​။ ဤသည်ကား ထာဝရဘုရား​အဖို့ မွှေးကြိုင်​သော​ရနံ့​အဖြစ် မီး​ဖြင့်​ပူဇော်​သော မီးရှို့ရာယဇ်​ဖြစ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

13 သိုး​က​လေး​တစ်​ကောင်​စီ​နှင့်​အ​တူ​မုန့်​ညက် နှစ်​ပေါင်​ကို​လည်း​ကောင်း​ဆက်​သ​ရ​မည်။ ဤ မီး​ရှို့​ရာ​သကာ​များ​သည်​ပူ​ဇော်​သကာ​များ ဖြစ်​၍ ယင်း​၏​ရ​နံ့​ကို​ထာ​ဝ​ရ​ဘု​ရား နှစ်​သက်​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည်ရာ 28:13
4 ပူးပေါင်းရင်းမြစ်များ  

သိုး​သ​ငယ်​တစ်​ကောင်​ကို ပူ​ဇော်​သော​အ​ခါ၊ သံ​လွင်​သီး​ကို​ထောင်း၍၊ ရ​သော​သံ​လွင်​ဆီ သုံး​လော​ဃ​နှင့်​ရော​သော မုန့်​ညက်​တစ်​ဩ​မဲ​ကို​လည်း​ကောင်း၊ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​ဖို့ စ​ပျစ်​ရည် သုံး​လော​ဃ​ကို​လည်း​ကောင်း၊ သိုး​သ​ငယ်​နှင့်​အ​တူ ပူ​ဇော်​ရ​မည်။


သိုး​ကို​ပူ​ဇော်​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ မွှေး​ကြိုင်​သော​အ​နံ့​ရှိ​စေ​ခြင်း​ငှာ၊


နွား​တစ်​ကောင်​အ​ဖို့၊ ဆီ​ရော​သော​မုန့်​ညက် သုံး​ဩ​မဲ၊ သိုး​တစ်​ကောင်​အ​ဖို့၊ ဆီ​ရော​သော​မုန့်​ညက် နှစ်​ဩ​မဲ၊


သွန်း​လောင်း​ရာ​ပူ​ဇော်​သ​ကာ​ဖို့​ကား၊ နွား​တစ်​ကောင်​နှင့် စ​ပျစ်​ရည်​ခြောက်​လော​ဃ၊ သိုး​တစ်​ကောင်​နှင့် လေး​လော​ဃ၊ သိုး​သ​ငယ်​တစ်​ကောင်​နှင့် သုံး​လော​ဃ​ကို ပူ​ဇော်​ရ​မည်။ ထို​သို့ လ​တိုင်း​အ​စဉ်​မ​ပြတ် မီး​ရှို့​ရာ​ယဇ်​ကို ပူ​ဇော်​ရ​မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ