တောလည်ရာ 27:5 - Judson Bible in Zawgyi Version5 သူတို့အမှုကိုမောရှေသည် ထာဝရဘုရားရှေ့တော်၌ ထားလေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်5 မောရှေသည်လည်း သူတို့၏အမှုကို ထာဝရဘုရားထံ လျှောက်တင်လေ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version5 ထိုအခါမောရှေသည်သူတို့၏တောင်းဆို ချက်ကို ထာဝရဘုရားထံတင်လျှောက် ရာ၊- အခန်းကိုကြည့်ပါ။ |
ထိုသူသည် ယဇ်ပုရောဟိတ်ဧလာဇာရှေ့မှာ ရပ်သောအခါ၊ ယဇ်ပုရောဟိတ်သည် ထာဝရဘုရားရှေ့တော်၌ ဥရိမ်စီရင်ဆုံးဖြတ်သော တရားအတိုင်း၊ သူ့အတွက်မေးမြန်းရမည်။ သူစီရင်သည်အတိုင်း၊ သူနှင့်အတူ ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့သည် ထွက်ဝင်ရကြမည်ဟု ထာဝရဘုရားသည် မောရှေအားမှာထားတော်မူသည်အတိုင်း မောရှေပြုလျက်၊ ယောရှုကိုခေါ်၍ ယဇ်ပုရောဟိတ်ဧလာဇာရှေ့၊ ပရိသတ်အပေါင်းတို့ရှေ့၌ ထားပြီးလျှင်၊
ထိုမိန်းမတို့သည် ယဇ်ပုရောဟိတ်ဧလာဇာ၊ နုန်၏သားယောရှု၊ မင်းများရှေ့သို့ ချဉ်းကပ်၍ အကျွန်ုပ်တို့ပေါက်ဖော်နှင့်အတူ အမွေခံရသောအခွင့်ကို အကျွန်ုပ် တို့အားပေးစေခြင်းငှာ ထာဝရဘုရားသည် မောရှေကိုမှာထားတော်မူပြီဟု လျှောက်၍၊ ထာဝရဘုရား မှာထားတော်မူသည်အတိုင်း သူတို့အဘ၏ညီအစ်ကိုတို့နှင့်အတူ အမွေခံရသောအခွင့်ကို ပေး၏။