Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တော​လည်ရာ 26:20 - Judson Bible in Zawgyi Version

20 ဘိုး​ဘ​အ​ဆွေ​အ​မျိုး​အ​လိုက်၊ ရှေ​လ​မှ​ဆင်း​သက်​သော ရှေ​လ​နိ​အ​ဆွေ​အ​မျိုး၊ ဖာ​ရဇ်​မှ​ဆင်း​သက်​သော ဖာ​ရ​ဇိ​အ​ဆွေ​အ​မျိုး၊ ဇေ​ရ​မှ​ဆင်း​သက်​သော ဇေ​ရ​ဟိ​အ​ဆွေ​အ​မျိုး​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

20 မျိုးနွယ်စု​အလိုက် ယုဒ​၏​အမျိုးအနွယ်​များ​ကား ရှေလ​မှ​ဆင်းသက်​သော ရှေလ​မျိုးနွယ်စု​၊ ဖာရက်​မှ​ဆင်းသက်​သော ဖာရက်​မျိုးနွယ်စု​၊ ဇေရ​မှ​ဆင်းသက်​သော ဇေရ​မျိုးနွယ်စု တို့​ဖြစ်​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

20 ရှေ​လ​၏​သား​ချင်း​စု၊ ဖာ​ရဇ်​၏​သား​ချင်း​စု၊ ဇေ​ရ​၏​သား​ချင်း​စု၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည်ရာ 26:20
18 ပူးပေါင်းရင်းမြစ်များ  

သား​ငယ်​ရှေ​လ​သည် အစ်​ကို​တို့​သေ​သ​ကဲ့​သို့​သေ​မည်​ဟု ယု​ဒ​သည်​စိုး​ရိမ်၍၊ မိ​မိ​ချွေး​မ​တာ​မာ​ကို​ခေါ်​ပြီး​လျှင်၊ ငါ့​သား​ရှေ​လ​မ​ကြီး​မီ သင်​သည် သင့်​အ​ဘ​အိမ်၌ မု​ဆိုး​မ​ပြု၍​နေ​ပါ​ဟု​ဆို​သည်​အ​တိုင်း၊ တာ​မာ​သွား၍ မိ​မိ​အ​ဘ၏​အိမ်၌​နေ​လေ၏။


မု​ဆိုး​မ​အ​ဝတ်​ကို​ချွတ်၍ မျက်​နှာ​ဖုံး​နှင့် မျက်​နှာ​ကို​ဖုံး​လျက်၊ ကိုယ်​ကို​လည်း​ခြုံ​ရုံ​လျက်၊ တိ​မ​နတ်​မြို့​သို့​သွား​သော​လမ်း​အ​နား၊ ဧ​နိမ်​မြို့​တံ​ခါး​ဝ၌ ထိုင်​နေ​လေ၏။ အ​ကြောင်း​မူ​ကား၊ ရှေ​လ​ကြီး​သော်​လည်း၊ မိ​မိ​နှင့် အိမ်​ထောင်​ဖက်​မ​ပြု​ရ​ဟု သိ​မြင်​သော​ကြောင့်​တည်း။


တစ်​ဖန်​ပ​ဋိ​သ​န္ဓေ​ယူ​ပြန်​၍ ဖွား​မြင်​သော​သား​ကို ရှေ​လ​အ​မည်​ဖြင့်​မှည့်​လေ၏။ ရှေ​လ​ဖွား​သော​အ​ခါ၊ အ​ဘ​သည်​ခေ​ဇိပ်​မြို့​မှာ​ရှိ​သ​တည်း။


ယု​ဒ​သား။ ဧ​ရ၊ ဩ​နန်၊ ရှေ​လ၊ ဖာ​ရက်၊ ဇာ​ရ။ ထို​သူ​တို့​တွင် ဧ​ရ​နှင့် ဩ​နန်​သည် ခါ​နာန်​ပြည်၌​သေ​သ​တည်း။ ဖာ​ရက်​သား၊ ဟေ​ဇ​ရုံ​နှင့် ဟာ​မု​လ။


အို​ယု​ဒ၊ သင်​သည်​ညီ​အစ်​ကို​တို့ ချီး​မွမ်း​ရ​သော​သူ​ဖြစ်​၏။ သင်၏​လက်​သည် သင်၏​ရန်​သူ​လည်​ပင်း​ပေါ်​မှာ ရှိ​လိမ့်​မည်။ အ​ဘ၏​သား​တို့​သည် သင့်​ရှေ့​မှာ​ဦး​ညွှတ်​ချ​ကြ​လိမ့်​မည်။


ယု​ဒ​သား​ဖြစ်​သော ရှေ​လ၏​သား​ကား လေ​က​အ​ဘ​ဧ​ရ၊ မ​ရေ​ရှ​အ​ဘ လာ​ဒ​အ​စ​ရှိ​သော ပိတ်​ချော​ကို​ရက်​တတ်​သော အာ​ရှ​ဗာ​အ​ဆွေ​အ​မျိုး၊


ယု​ဒ​သား ဖာ​ရက်​အ​မျိုး​အ​နွယ်၊ ဗာ​နိ၊ ဣ​မ​ရိ၊ ဩ​မ​ရိ၊ အ​မိ​ဟုဒ်​တို့​မှ ဆင်း​သက်​သော ဥ​သဲ​တစ်​ပါး၊


ရှိ​လော​နိ​အ​မျိုး​ဖြစ်​သော သား​ဦး​အ​သာ​ယ​နှင့် သူ၏​သား​တစ်​စု၊


ယု​ဒ​အ​မျိုး ဇာ​ရ​အ​နွယ် မေ​ရှ​ဇ​ဗေ​လ​သား ပေ​သ​ဟိ​သည်​လည်း ရှင်​ဘု​ရင်​အ​ခွင့်​နှင့် ပြည်​သား​တို့​ကို အုပ်၍ အ​ရေး​တော်​ပိုင်​မင်း​ဖြစ်၏။


ယု​ဒ​အ​မျိုး၊ ဖာ​ရက်၊ မ​ဟာ​လေ​လ၊ ရှေ​ဖ​တိ၊ အာ​မ​ရိ၊ ဇာ​ခ​ရိ၊ ဩ​ဇိ​တို့​မှ ဆင်း​သက်​သော အ​သာ​ယ​တစ်​ပါး၊


ယေ​ရု​ရှ​လင်​မြို့၌​နေ​သော ဖာ​ရက်​အ​မျိုး​သား၊ သူ​ရဲ လေး​ရာ​ခြောက်​ဆယ်​ရှစ်​ယောက်​တည်း။


ဖာ​ရဇ်၏​သား၊ ဟေ​ဇ​ရုံ​မှ​ဆင်း​သက်​သော ဟေ​ဇေ​ရော​နိ​အ​ဆွေ​အ​မျိုး၊ ဟာ​မု​လ​မှ​ဆင်း​သက်​သော ဟာ​မု​လိ​အ​ဆွေ​အ​မျိုး​တည်း။


ယု​ဒ​သည် မိ​မိ​ခင်​ပွန်း တာ​မာ​တွင်​မြင်​သော သား​ဖာ​ရက်​နှင့် ဇာ​ရ။ ဖာ​ရက်​သား ဟေ​ဇ​ရုံ။ ဟေ​ဇ​ရုံ​သား အာ​ရံ။-


နာ​ရှုန်​အ​ဘ အ​မိ​န​ဒပ်၊ အ​မိ​န​ဒပ်​အ​ဘ အာ​ရံ၊ အာ​ရံ​အ​ဘ ဟေ​ဇ​ရုံ၊ ဟေ​ဇ​ရုံ​အ​ဘ ဖာ​ရက်၊ ဖာ​ရက်​အ​ဘ ယု​ဒ၊-


ယု​ဒ​အ​မျိုး​ထဲ​က တစ်​သောင်း​နှစ်​ထောင်၊ ရု​ဗင်​အ​မျိုး​ထဲ​က တစ်​သောင်း​နှစ်​ထောင်၊ ဂဒ်​အ​မျိုး​ထဲ​က တစ်​သောင်း​နှစ်​ထောင်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ