တောလည်ရာ 25:6 - Judson Bible in Zawgyi Version6 ထိုအခါ ဣသရေလအမျိုးသားတစ်ယောက်သည်၊ မောရှေရှေ့၌လည်းကောင်း၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးနားမှာ ငိုကြွေးသော ဣသရေလအမျိုးသားပရိသတ်အပေါင်းတို့ရှေ့၌လည်းကောင်း၊ မိဒျန်မိန်းမကိုလည်း၊ မိမိညီအစ်ကိုတို့ ထံသို့ဆောင်ခဲ့လေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်6 ထိုအခါ မောရှေရှေ့မှောက်၊ တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝ၌ ငိုကြွေးနေကြသော အစ္စရေးအမျိုးသားလူထုအပေါင်းတို့ရှေ့မှောက်မှာပင် အစ္စရေးအမျိုးသားတစ်ဦးသည် မိမိအမျိုးသားချင်းတို့ထံ မိဒျန်အမျိုးသမီးတစ်ယောက်ကို ခေါ်ဆောင်လာ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version6 မောရှေနှင့်ဣသရေလအမျိုးသားအပေါင်း တို့သည် တဲတော်တံခါးဝတွင်ငိုကြွေးမြည် တမ်းလျက်ရှိနေစဉ် ဣသရေလအမျိုးသား တစ်ဦးသည်သူတို့ရှေ့မှောက်၌ မိဒျန်အမျိုး သမီးတစ်ယောက်ကိုမိမိ၏တဲအတွင်းသို့ ခေါ်သွင်းသွားသည်ကိုမြင်ကြ၏။- အခန်းကိုကြည့်ပါ။ |
ထာဝရဘုရား၏ အမှုတော်စောင့်၊ ယဇ်ပုရောဟိတ်တို့သည် အိမ်တော်ဦးနှင့် ယဇ်ပလ္လင်စပ်ကြားမှာ ငိုကြွေးလျက်၊ အို ထာဝရဘုရား၊ ကိုယ်တော်၏လူများကို သနားတော်မူပါ။ တစ်ပါးအမျိုးသားတို့သည် အစိုးရ၍ အမွေတော်လူတို့ကို ကဲ့ရဲ့စေခြင်းငှာ အပ်နှံတော်မမူပါနှင့်။ သူတို့ ဘုရားသခင်ကား၊ အဘယ်မှာရှိသနည်းဟု တစ်ပါးအမျိုးသားတို့သည် အဘယ်ကြောင့် ဆိုရကြပါသနည်းဟု လျှောက်ကြစေ။