တောလည်ရာ 22:5 - Judson Bible in Zawgyi Version5 အမ္မုန်ပြည်၌စီးသော မြစ်၏အနားမှာရှိသော ပေသော်မြို့နေ ဗောရသားဗာလမ်ကို ခေါ်ပင့်ခြင်းငှာ၊ သံတမန်တို့ကိုစေလွှတ်၍၊ အဲဂုတ္တုပြည်မှရောက်လာသော လူတစ်မျိုးသည် မြေမျက်နှာကိုဖုံးလွှမ်းလျက် ငါ့အနား၌နေရာချကြပြီ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်5 ဗာလက်မင်းကြီးသည် ယူဖရေးတီးမြစ်အနီး မိမိအမျိုးသားချင်းတို့၏ပြည်ရှိ ပေသော်မြို့နေ ဗောရ၏သားဗာလမ်ကို ခေါ်ရန် စေတမန်တို့ကိုစေလွှတ်လျက် “လူမျိုးတစ်မျိုးသည် အီဂျစ်ပြည်မှထွက်လာ၍ မြေမျက်နှာတစ်ပြင်လုံးပျံ့နှံ့နေပြီ။ အကျွန်ုပ်အနား၌လည်း နေထိုင်ကြပြီ။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version5 အမ္မုန်ပြည်ယူဖရေးမြစ်အနီးရှိပေသော် မြို့တွင် နေထိုင်သောဗောရ၏သားဗာလမ်အား လျှောက်ထားပင့်ခေါ်ခြင်းငှာ စေတမန်များ ကိုစေလွှတ်လိုက်လေသည်။ ဗာလက်၏လျှောက် ထားချက်တွင်``လူမျိုးတစ်မျိုးသည်ထွက်လာ ၍နေရာအနှံ့အပြားသို့ရောက်ပြီးနောက် ယခုငါတို့၏ပြည်ကိုသိမ်းယူရန်ခြိမ်း ခြောက်နေကြပါပြီ။- အခန်းကိုကြည့်ပါ။ |
သို့သော်လည်း ဣသရေလအမျိုးသားတို့သည် ရုပ်တုရှေ့မှာ ပူဇော်သောယဇ်ကောင်ကို စားစေခြင်းငှာ လည်းကောင်း၊ မတရားသော မေထုန်ကို ပြုစေခြင်းငှာလည်းကောင်း ၊ ထိမိ၍ လဲစရာအရာကို သူတို့ရှေ့၌ ချထားမည်အကြောင်း၊ ဗာလက်မင်းကို အကြံပေးသောသူတည်းဟူသော ဗာလမ်၏အယူကို စွဲလမ်းသောသူတို့သည် သင်၏နေရာ၌ရှိကြသည်ဖြစ်၍၊ သင်၌ အနည်းငယ်သောအပြစ်တင်စရာ ရှိ၏။-