Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တော​လည်ရာ 21:35 - Judson Bible in Zawgyi Version

35 ထို​မင်း​နှင့်​သား​များ၊ လူ​များ​အ​ပေါင်း​တို့​ကို တစ်​ယောက်​မျှ​မ​ကြွင်း​လုပ်​ကြံ၍ သူ၏​ပြည်​ကို​သိမ်း​ယူ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

35 ထို့ကြောင့် အသက်ရှင်​ကျန်ရစ်​သူ တစ်စုံတစ်ယောက်​မျှ​မ​ရှိ​သည့်​တိုင်အောင် ရှင်ဘုရင်​နှင့်​သူ့​သား​များ​မှစ၍ သူ့​လူ​အပေါင်း​တို့​ကို တိုက်ခိုက်​ပြီးလျှင် သူ​၏​ပြည်​ကို သိမ်းပိုက်​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

35 ထို​ကြောင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် သြ​ဃ​ဘု​ရင်​နှင့်​သူ​၏​သား​များ​အ​ပါ​အ​ဝင် တိုင်း​သူ​ပြည်​သား​တို့​ကို​တစ်​ယောက်​မ​ကျန် သုတ်​သင်​သတ်​ဖြတ်​ပြီး​နောက်​တိုင်း​ပြည်​ကို သိမ်း​ပိုက်​လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည်ရာ 21:35
13 ပူးပေါင်းရင်းမြစ်များ  

ဣ​သ​ရေ​လ​ပ​ရိ​သတ်​ရှေ့​မှာ ထာ​ဝ​ရ​ဘု​ရား လုပ်​ကြံ​တော်​မူ​သော ဤ​ပြည်​သည် တိ​ရ​စ္ဆာန်​နှင့် တော်​လျော်​ပါ၏။ ကိုယ်​တော် ကျွန်​တို့၌​လည်း တိ​ရ​စ္ဆာန်​များ​ပြား​ပါ၏။


မ​ကွာ​စေ​သည်​သာ​မ​က၊ ငါ​တို့​ကို ချစ်​တော်​မူ​သော​သူ၏ ကျေး​ဇူး​တော်​ကြောင့်၊ ငါ​တို့​သည် ထို​အ​မှု​ခပ်​သိမ်း​တို့​ကို ခံ​စဉ်​တွင်​ပင် အ​ထူး​သ​ဖြင့် အောင်​မြင်​ကြ၏။-


ရှေး​ကာ​လ၌ ဟော​ရိ​လူ​တို့​သည်​လည်း စိ​ရ​ပြည်​မှာ​နေ​ကြ၏။ ထို​သူ​တို့​ကို ဧ​သော​အ​မျိုး​သား​တို့​သည် သုတ်​သင်​ပယ်​ရှင်း၍ သူ​တို့​နေ​ရာ၌​နေ​ကြ၏။ ထို​အ​တူ ထာ​ဝ​ရ​ဘု​ရား အ​ပိုင်​ပေး​တော်​မူ​သော​ပြည်​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ပြု​ရ​ကြ​သ​တည်း။


ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ အာ​မော​ရိ​ရှင်​ဘု​ရင် ရှိ​ဟုန်​နှင့် ဩ​ဃ​တို့၌​လည်း​ကောင်း၊ ဖျက်​ဆီး​တော်​မူ​သော သူ​တို့​ပြည်၌​လည်း​ကောင်း ပြု​သ​ကဲ့​သို့၊ ထို​ပြည်​သား အ​မျိုး​မျိုး​တို့၌ ပြု​တော်​မူ​လိမ့်​မည်။


မော​ရှေ​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အဲ​ဂု​တ္တု​ပြည်​မှ​ထွက်​ကြ​သော​နောက်၊ ထို​ရှင်​ဘု​ရင်​နှင့်၊


ဗာ​ရှန်​ရှင်​ဘု​ရင်​ဩ​ဃ​တည်း​ဟူ​သော၊ ယော်​ဒန်​မြစ်​အ​ရှေ့၊ နေ​ထွက်​ရာ​ဘက်၌​နေ​သော အာ​မော​ရိ​ရှင်​ဘု​ရင်​နှစ်​ပါး​ကို လုပ်​ကြံ၍၊ သူ​တို့​ပြည်​ကို၊


အ​လွန်​ကြီး​မား​သော​လူ​မျိုး​ထဲ​က ကျန်​ကြွင်း​သော​သူ၊ အာ​ရှ​တ​ရုတ်​မြို့၊ ဧ​ဒြိ​မြို့၌​မင်း​ပြု​သော ဗာ​ရှန်​ရှင်​ဘု​ရင်​ဩ​ဃ၏ နိုင်​ငံ​တစ်​လျှောက်​လုံး ပါ​သ​တည်း။ ထို​မင်း​တို့​ကို မော​ရှေ​သည် လုပ်​ကြံ၍​ပယ်​ရှား​လေ၏။


ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ငါ​သည် သင်​တို့​ကို အဲ​ဂု​တ္တု​လူ၊ အာ​မော​ရိ​လူ၊ အ​မ္မုန်​လူ၊ ဖိ​လိ​တ္တိ​လူ​တို့​လက်​မှ ကယ်​နုတ်​သည် မ​ဟုတ်​လော။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ