Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တော​လည်ရာ 21:23 - Judson Bible in Zawgyi Version

23 ထို​ပြည်​အ​လယ်၌ လျှောက်​သွား​ရ​သော​အ​ခွင့်​ကို၊ ရှိ​ဟုန်​မင်း​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား မ​ပေး။ မိ​မိ​လူ​အ​ပေါင်း​တို့​ကို စု​ဝေး​စေ၍၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ဆီး​တား​ခြင်း​ငှာ၊ သူ​တို့​ရှိ​ရာ​တော​သို့​ထွက်၍ ယာ​ဟတ်​မြို့​သို့ ရောက်​ပြီး​လျှင် စစ်​တိုက်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

23 သို့သော် ရှိဟုန်​မင်းကြီး​သည် အစ္စရေး​လူမျိုး​တို့​ကို မိမိ​၏​နယ်မြေ​ထဲမှ ဖြတ်သွား​ခွင့်​မ​ပြု​သည့်​အပြင် ရှိဟုန်​မင်းကြီး​သည် မိမိ​လူ​အားလုံး​ကို စုဝေး​စေ​ပြီး အစ္စရေး​လူမျိုး​တို့​ကို ဆီးတား​ရန် တောကန္တာရ​သို့ ထွက်သွား​၏​။ ယာဟတ်​အရပ်​သို့​ရောက်​သောအခါ အစ္စရေး​လူမျိုး​တို့​ကို တိုက်ခိုက်​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

23 သို့​ရာ​တွင်​ရှိ​ဟုန်​ဘု​ရင်​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား မိ​မိ​၏​ပြည်​ကို​ဖြတ် သန်း​ခွင့်​မ​ပေး​ချေ။ သူ​သည်​တော​ကန္တာ​ရ​ရှိ ယာ​ဟတ်​မြို့​သို့​စစ်​ချီ​လာ​ပြီး​လျှင် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကို​တိုက်​ခိုက်​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည်ရာ 21:23
11 ပူးပေါင်းရင်းမြစ်များ  

ဟေ​ရှ​ဘုန်​မြို့​နှင့် ဧ​လာ​လေ​မြို့​တို့​လည်း ငို​ကြွေး၍၊ ငို​သံ​သည် ယာ​ဟတ်​မြို့​တိုင်​အောင် ကြား​ရ၏။ မော​ဘ​သူ​ရဲ​တို့​သည်​လည်း၊ တုန်​လှုပ်​သော​စိတ်​နှ​လုံး​နှင့် ငို​ကြွေး​ကြ၏။


လွင်​ပြင်​နှင့် တ​ကွ​ဟော​လုန်​မြို့၊ ယ​ဟာ​ဇ​မြို့၊ မေ​ဖတ်​မြို့၊


ဟေ​ရှ​ဘုန်​မြို့ ငို​ကြွေး​သံ​မှ​စ၍ ဧ​လာ​လေ​မြို့၊ ယာ​ဟတ်​မြို့ တိုင်​အောင်​လည်း​ကောင်း၊ ဇော​ရ​မြို့​မှ​စ၍ ဟော​ရ​နိမ်​မြို့ တိုင်​အောင်​လည်း​ကောင်း သုံး​နှစ်​အ​သက်​ရှိ​သော နွား​မ​မြည်​သံ​ကဲ့​သို့ အ​သံ​ကို လွှင့်​ကြ၏။ အ​ကြောင်း​မူ​ကား၊ နိ​မ​ရိမ် ရေ​ကန်​တို့​သည်​လည်း ဆိတ်​ညံ​လျက်​ရှိ​ကြ၏။


အာ​ရဇ်​ပင်​အ​ရပ်​နှင့်​အ​မျှ​မြင့်၍ သ​ပိတ်​ပင်​ကဲ့​သို့ ခိုင်​မာ​သော အာ​မော​ရိ​အ​မျိုး​ကို သင်​တို့​ရှေ့​မှာ ငါ​ပယ်​ရှား၍၊ အ​ထက်၌ သူ၏​အ​သီး​ကို​လည်း​ကောင်း၊ အောက်၌ သူ၏​အ​မြစ်​ကို​လည်း​ကောင်း ငါ​ဖျက်​ဆီး​ပြီ။


ဧ​ဒုံ​က​လည်း၊ သင်​သည်​ငါ့​ပြည်​အ​လယ်၌ မ​လျှောက်​မ​သွား​ရ။ လျှောက်​သွား​လျှင်၊ ဓား​လက်​နက်​နှင့် ဆီး​တား​မည်​ဟု​ပြန်​ပြော၏။


ထို​သို့​ဧ​ဒုံ​သည် သူ၏​ပြည်​အ​လယ်၌ လျှောက်​သွား​သော​အ​ခွင့်​ကို ဣ​သ​ရေ​လ​အား မ​ပေး​သော​ကြောင့်၊ ဣ​သ​ရေ​လ​သည် လွှဲ​ရှောင်​လေ၏။


မော​ရှေ​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အဲ​ဂု​တ္တု​ပြည်​မှ​ထွက်​ကြ​သော​နောက်၊ ထို​ရှင်​ဘု​ရင်​နှင့်၊


ယ​ဟာ​ဇ​မြို့၊ ကေ​ဒ​မုတ်​မြို့၊ မေ​ဖတ်​မြို့၊


ရှိ​ဟုန်​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို မ​ယုံ၊ မိ​မိ​ပြည်​ကို လျှောက်​သွား​စေ​ခြင်း​ငှာ အ​ခွင့်​မ​ပေး​သည်​သာ​မ​က၊ မိ​မိ​လူ​အ​ပေါင်း​တို့​ကို စု​ဝေး​စေ၍၊ ယာ​ဟတ်​မြို့၌ တပ်​ချ​ပြီး​လျှင် ဣ​သ​ရေ​လ​အ​မျိုး​ကို စစ်​တိုက်​လေ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ