Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တော​လည်ရာ 21:13 - Judson Bible in Zawgyi Version

13 ထို​အ​ရပ်​မှ​တစ်​ဖန် ပြောင်း​ပြန်၍၊ အာ​မော​ရိ​ပြည်​နယ်​နှင့်​စပ်​သော တော၌​ရှိ​သော အာ​နုန်​ချောင်း​နား​တစ်​ဖက်​တစ်​ချက်၌ စ​ခန်း​ချ​ကြ၏။ အာ​နုန်​ချောင်း​ကား၊ မော​ဘ​ပြည်၊ အာ​မော​ရိ​ပြည်​စပ်​ကြား အ​ပိုင်း​အ​ခြား​ဖြစ်​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

13 ထို​အရပ်​မှ ခရီးပြု​ကြ​ပြန်​ရာ အာမောရိ​ပြည်​၏​နယ်စပ်​နှင့်​ဆက်​နေ​သော တောကန္တာရ​ရှိ အာနုန်​ချောင်း​တစ်ဖက်ကမ်း​၌ စခန်းချ​ကြ​၏​။ အာနုန်​ချောင်း​သည် မောဘ​ပြည်​နှင့်​အာမောရိ​ပြည်​အကြား​ရှိ မောဘ​ပြည်​၏​နယ်စပ်​ဖြစ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

13 ထို​အ​ရပ်​မှ​တစ်​ဖန်​သူ​တို့​သည်​ခ​ရီး​ထွက်​လာ ခဲ့​ကြ​ရာ အာ​နုန်​မြစ်​မြောက်​ဘက်​အာ​မော​ရိ​ပြည် တော​ကန္တာ​ရ​နှင့်​တစ်​ဆက်​တည်း​ရှိ​သော​တော ကန္တာ​ရ​တွင်​စ​ခန်း​ချ​ကြ​၏။ (အာ​နုန်​မြစ်​သည် မော​ဘ​ပြည်​နှင့်​အာ​မော​ရိ​ပြည်​တို့​၏​နယ်​ခြား ဖြစ်​၏။-)

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည်ရာ 21:13
8 ပူးပေါင်းရင်းမြစ်များ  

မိ​မိ​အ​သိုက်​ကို​စွန့်​ပစ်၍ လည်​ရ​သော​ငှက်​ကဲ့​သို့၊ မော​ဘ​သ​မီး​တို့​သည် အာ​နုန်​မြစ်​ကူး​ရာ ကမ်း​နား​မှာ​ရှိ​ကြ​လိမ့်​မည်။


မော​ဘ​သည် စိတ်​ပျက်​လေ၏။ ပြို​လဲ​လျက် ရှိ၏။ ငို​ကြွေး​မြည်​တမ်း​ကြ​လော့။ မော​ဘ​သည် ပျက်​စီး​ကြောင်း​ကို အာ​နုန်​မြို့၌ ကြား​ပြော​ကြ​လော့။


ထို​သို့​နှင့်​အ​ညီ၊ ထာ​ဝ​ရ​ဘု​ရား​စစ်​တိုက်​စာ၌​ကား၊ ဇာ​ရက်​အ​ရပ်၊ သု​ပ​အ​ရပ်၊ အာ​နုန်​ချောင်း​တို့၊


ဗာ​လမ်​ရောက်​သော​သ​တင်း​ကို ဗာ​လက်​မင်း​ကြား​လျှင်၊ ခ​ရီး​ဦး​ကြို​ပြု​ခြင်း​ငှာ၊ မော​ဘ​ပြည်​စွန် အာ​နုန်​ချောင်း​နား​မှာ​ရှိ​သော မြို့​တစ်​မြို့​သို့​ထွက်​သွား၏။


ယ​ခု​ထ၍ ဇေ​ရက်​ချောင်း​ကို​ကူး​ကြ​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ သင်​တို့​သည် ဇေ​ရက်​ချောင်း​ကို ကူး​ကြ၏။


သင်​တို့​သည် ထ၍​ခ​ရီး​သွား​သ​ဖြင့် အာ​နုန်​မြစ်​ကို​ကူး​ကြ​လော့။ အာ​မော​ရိ​အ​မျိုး၊ ဟေ​ရှ​ဘုန်​ရှင်​ဘု​ရင်​ရှိ​ဟုန်​နှင့် သူ၏​မြေ​ကို သင်​တို့​လက်၌ ငါ​အပ်​သော​ကြောင့်၊ ထို​မြေ​ကို​သိမ်း​စ​ပြု၍ ထို​မင်း​ကို​စစ်​တိုက်​ကြ​လော့။


နောက်​တစ်​ဖန် တော​ကို​လျှောက်​လျက်၊ ဧ​ဒုံ​ပြည်​နှင့် မော​ဘ​ပြည်​ကို ဝိုင်း၍ မော​ဘ​ပြည်​အ​ရှေ့​ဘက်​သို့ ရောက်​ပြီး​မှ အာ​နုန်​မြစ်​တစ်​ဖက်၌ တပ်​ချ​ကြ၏။ ထို​အ​ခါ မော​ဘ​ပြည်​နယ်​အ​တွင်း​သို့ မ​ဝင်​ကြ။ အာ​နုန်​မြစ်​သည် မော​ဘ​ပြည်​အ​ပိုင်း​အ​ခြား ဖြစ်​သ​တည်း။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ