Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တော​လည်ရာ 20:17 - Judson Bible in Zawgyi Version

17 ကိုယ်​တော့်​ပြည်​အ​လယ်၌ လျှောက်၍​သွား​ပါ​ရ​စေ။ လယ်​ယာ​များ၊ စ​ပျစ်​ဥ​ယျာဉ်​များ​ကို မ​နင်း​ပါ။ တွင်း​ရေ​ကို​လည်း မ​သောက်​ပါ။ ကိုယ်​တော့်​ပြည်​နယ်​ကို မ​လွန်​မီ​တိုင်​အောင်၊ လက်​ယာ​ဘက်၊ လက်​ဝဲ​ဘက်​သို့​မ​လွှဲ၊ မင်း​လမ်း​သို့​သာ လျှောက်​လိုက်​ပါ​မည်​ဟု တောင်း​ပန်​စေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

17 အကျွန်ုပ်​တို့​ကို အရှင်မင်းကြီး​၏​ပြည်​ထဲမှ ဖြတ်သွား​ခွင့်​ပြု​တော်မူ​ပါ​။ လယ်ယာ​နှင့်​စပျစ်ခြံ​တို့​ထဲမှ ဖြတ်​မ​သွား​ပါ​။ ရေတွင်း​ထဲမှ​ရေ​ကို​လည်း မ​သောက်​ပါ​။ အကျွန်ုပ်​တို့​သည် အရှင်မင်းကြီး​၏​နယ်မြေ​ကို​ကျော်လွန်​သည်​အထိ ရှင်ဘုရင်​လမ်းမ​အတိုင်း လက်ယာ​ဘက်​၊ လက်ဝဲ​ဘက်​သို့​မ​လွှဲ​ဘဲ သွား​ပါ​မည်​”​ဟု လျှောက်​စေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

17 ကိုယ်​တော်​၏​ပြည်​ကို​ဖြတ်​သန်း​ခွင့်​ပေး​တော် မူ​ပါ။ အ​ကျွန်ုပ်​တို့​နှင့်​တ​ကွ​သိုး၊ နွား၊ တိ​ရစ္ဆာန် တို့​သည်​ကိုယ်​တော်​၏​လယ်​များ၊ စ​ပျစ်​ဥ​ယျာဉ် များ​ကို​ဖြတ်​သန်း​ခြင်း​ပြု​မည်​မ​ဟုတ်​ပါ။ ရေ​တွင်း​များ​မှ​ရေ​ကို​လည်း​သောက်​သုံး​မည် မ​ဟုတ်​ပါ။ အ​ကျွန်ုပ်​တို့​သည်​ကိုယ်​တော်​၏ ပိုင်​နက်​လွန်​သည် အ​ထိ​လမ်း​မ​ကြီး​အ​တိုင်း ဖြတ်​သန်း​သွား​ပါ​မည်'' ဟု​လျှောက်​ထား ကြ​လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည်ရာ 20:17
7 ပူးပေါင်းရင်းမြစ်များ  

ယ​ခု​တွင်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အဲ​ဂု​တ္တု​ပြည်​မှ ထွက်​လာ​သော​အ​ခါ၊ တိုက်​ရ​သော​အ​ခွင့် ပေး​တော်​မ​မူ။ လွှဲ​ရှောင်၍ မ​ဖျက်​ဆီး​ဘဲ​ထား​ခဲ့​သော အ​မ္မုန်​အ​မျိုး​သား၊ မော​ဘ​အ​မျိုး​သား၊ စိ​ရ​တောင်​သား​တို့​သည်၊


ဣ​သ​ရေ​လ​အ​မျိုး​သည် အ​သ​ရိမ်​လမ်း​ဖြင့် လာ​ကြ​သည်​သ​တင်း​ကို တောင်​မျက်​နှာ၌​နေ​သော ခါ​နာန်​အ​မျိုး အာ​ရဒ်​မင်း​ကြီး​ကြား​လျှင်၊ ဣ​သ​ရေ​လ​အ​မျိုး​ကို စစ်​တိုက်၍ လူ​အ​ချို့​တို့​ကို ဖမ်း​ဆီး​သိမ်း​သွား​လေ၏။


မင်း​ကြီး၏​ပြည်​အ​လယ်၌ ကျွန်ုပ်​လျှောက်​သွား​ပါ​ရ​စေ။ မင်း​လမ်း​သို့​သာ လိုက်​ပါ​မည်။ လက်​ယာ​ဘက်​လက်​ဝဲ​ဘက်​သို့ မ​လွှဲ​ပါ။


စိ​ရ​ပြည်၌​နေ​သော​ဧ​သော​အ​မျိုး​သား၊ အာ​ရ​ပြည်၌​နေ​သော မော​ဘ​အ​မျိုး​သား​တို့​သည် ကျွန်ုပ်၌​ပြု​သ​ကဲ့​သို့ ကျွန်ုပ်​စား​ဖို့​ရာ​အ​စာ​ကို​လည်း​ကောင်း၊ သောက်​ဖို့​ရာ​ရေ​ကို​လည်း​ကောင်း၊ မင်း​ကြီး​သည် ငွေ​နှင့်​ရောင်း​ပါ​လော့။ ကျွန်ုပ်​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော​ပြည်​သို့ ကျွန်ုပ်​သည် ယော်​ဒန်​မြစ်​ကို​ကူး၍ မ​ရောက်​မီ​တိုင်​အောင် မင်း​ကြီး​ပြည်​အ​လယ်၌ ခြေ​ဖြင့်​သွား​ရုံ​မျှ​သာ​ပြု​ပါ​မည်​ဟု မိတ်​သ​ဟာ​ယ​စ​ကား​နှင့် ပြော​ဆို​သော်​လည်း၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ