Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -
တော​လည်ရာ 2:18 - Judson Bible in Zawgyi Version
18 အ​နောက်​မျက်​နှာ၌ ဧ​ဖ​ရိမ်​တပ်​အ​လုံး​အ​ရင်း​သည်၊ ဧ​ဖ​ရိမ်​အ​လံ​ကို​ထူ၍ အ​မိ​ဟုဒ်​သား​ဧ​လိ​ရှ​မာ​သည်၊ ဧ​ဖ​ရိမ်​အ​မျိုး​သား​တို့​တွင် ဗိုလ်​လုပ်​ရ​မည်။
အခန်းကိုကြည့်ပါ။ ကော်ပီ
မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်
18 ဧဖရိမ်​တပ်စခန်း​၏​အလံ​နား​ရှိ ဧဖရိမ်​တပ်ဖွဲ့​သည် အနောက်ဘက်​၌ စခန်းချ​ရ​မည်​။ အမိဟုဒ်​၏​သား ဧလိရှမာ​သည် ဧဖရိမ်​အမျိုးသား​တို့​၏​ခေါင်းဆောင် ဖြစ်​ရ​မည်​။
အခန်းကိုကြည့်ပါ။ ကော်ပီ
Myanmar Common Language Zawgyi Version
18-24 အ​နောက်​ဘက်​မျက်​နှာ​တွင်​ဧ​ဖ​ရိမ်​တပ်​နှင့် ဆိုင်​သော​အ​လံ​အ​နီး​တွင် အောက်​ဖော်​ပြ​ပါ အ​တိုင်း​အစု​လိုက်​မိ​မိ​တို့​၏​ခေါင်း​ဆောင် များ​နှင့်​စ​ခန်း​ချ​ရ​မည်။ အ​နွယ် ခေါင်း​ဆောင် ဦး​ရေ ဧ​ဖ​ရိမ် အ​မိ​ဟုဒ်​၏​သား​ဧ​လိ​ရှ​မာ ၄၀၅၀၀ မ​နာ​ရှေ ပေ​ဒါ​ဇု​ရ​၏​သား​ဂါ​မ​လျေ​လ ၃၂၂၀၀ ဗင်္ယာ​မိန် ဂိ​ဒေါ​နိ​၏​သား​အ​ဘိ​ဒန် ၃၅၄၀၀* စု​စု​ပေါင်း ၁၀၈၁၀၀ ဧ​ဖ​ရိမ်​တပ်​သည်​တ​တိ​ယ​နေ​ရာ​မှ​လိုက်​၍ ချီ​တက်​ရ​မည်။-
အခန်းကိုကြည့်ပါ။ ကော်ပီ
တော​လည်ရာ 2:18
13 ပူးပေါင်းရင်းမြစ်များ  
သင်​နေ​သော အဲ​ဂု​တ္တု​ပြည်​သို့​ငါ​မ​ရောက်​မီ၊ အဲ​ဂု​တ္တု​ပြည်၌ သင်​ရ​နှင့်​သော​သား​နှစ်​ယောက်၊ ဧ​ဖ​ရိမ်​နှင့် မ​နာ​ရှေ​တို့​သည် ငါ့​သား​ဖြစ်​ရ​မည်။ ရု​ဗင်​နှင့်​ရှိ​မောင်​ကဲ့​သို့ ငါ့​သား​ဖြစ်​ရ​မည်။
ငို​ကြွေး​လျက် လာ​ကြ​လိမ့်​မည်။ ဆု​တောင်း​ပ​တ္ထ​နာ​ပြု​လျက်​ရှိ​သော ထို​သူ​တို့​ကို ငါ​ပို့​ဆောင်​မည်။ မြစ်​နား​မှာ​လျှောက်​သော​လမ်း၊ ထိ​မိ၍ မ​လဲ​ရ​သော​လမ်း​ဖြောင့်​တို့၌ ငါ​သွေး​ဆောင်​မည်။ အ​ကြောင်း​မူ​ကား၊ ငါ​သည် ဣ​သ​ရေ​လ​အ​မျိုး၏​အ​ဘ​ဖြစ်၏။ ဧ​ဖ​ရိမ်​အ​မျိုး​သည် ငါ၏ သား​ဦး​ဖြစ်၏။
ယော​သပ်​မှ​ဆင်း​သက်​သော ဧ​ဖ​ရိမ်​အ​မျိုး​သား​တို့​တွင် အ​ဆွေ​အ​မျိုး​အ​သီး​အ​သီး​လိုက်၍ နာ​မည်​များ​ကို စာ​ရင်း၌​မှတ်​သား​သည်​အ​တိုင်း၊
ဧ​ဖ​ရိမ်​တပ် အ​စဉ်​အ​တိုင်း​အ​လုံး​အ​ရင်း​တို့​သည် အ​လံ​နှင့်​တ​ကွ​ချီ​သွား​ကြ၏။ ဧ​ဖ​ရိမ်​တပ်​ကို အ​မိ​ဟုဒ်​သား​ဧ​လိ​ရှ​မာ အုပ်​ရ၏။
သူ​အုပ်​ရ​သော​အ​လုံး​အ​ရင်း အ​ရေ​အ​တွက်​ကား၊ လေး​သောင်း​ငါး​ရာ​ရှိ​သ​တည်း။
သ​တ္တ​မ​နေ့၌ ဧ​ဖ​ရိမ်​အ​မျိုး​တွင်​မင်း​ဖြစ်​သော အ​မိ​ဟုဒ်​သား​ဧ​လိ​ရှ​မာ​ဆက်​သော ပူ​ဇော်​သ​ကာ​ဟူ​မူ​ကား၊
မိတ်​သ​ဟာ​ယ​ယဇ်​ဖို့ နွား​နှစ်​ကောင်၊ သိုး​ငါး​ကောင်၊ ဆိတ်​ငါး​ကောင်၊ အ​ခါ​လည်​သော သိုး​သ​ငယ်​ငါး​ကောင်​တို့​ကို၊ အ​မိ​ဟုဒ်​သား​ဧ​လိ​ရှ​မာ​သည် ပူ​ဇော်​လေ၏။
သူ၏​ဘုန်း​သည် နွား​လား​ဥသ​ဘ​ဘုန်း​ကဲ့​သို့​လည်း​ကောင်း၊ သူ၏​ဦး​ချို​တို့​သည် ကြံ့​ဦး​ချို​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ကြ၏။ ထို​ဦး​ချို​တို့​နှင့် လူ​အ​မျိုး​မျိုး​တို့​ကို မြေ​ကြီး​စွန်း​တိုင်​အောင် တစ်​ပြိုင်​နက်​ထိုး​ခတ်​လိမ့်​မည်။ ဧ​ဖ​ရိမ်​အ​မျိုး​သား အ​သောင်း​သောင်း၊ မ​နာ​ရှေ​အ​မျိုး​သား အ​ထောင်​ထောင်​ပေ​တည်း။
ကြှနျုပျတို့နောကျလိုကျပါ:
ကြော်ငြာတွေ
ကြော်ငြာတွေ