Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တော​လည်ရာ 19:14 - Judson Bible in Zawgyi Version

14 တဲ၌​လူ​သေ​လျှင် စောင့်​ရ​သော​တ​ရား​ဟူ​မူ​ကား၊ တဲ​သို့​ဝင်​သော​သူ၊ တဲ၌​ရှိ​နေ​သော​သူ​အ​ပေါင်း​တို့​သည် ခု​နစ်​ရက်​ပတ်​လုံး မ​စင်​ကြယ်​ဖြစ်​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

14 တဲ​ထဲ၌​သေ​သော​သူ​နှင့်ဆိုင်သော​တရား​ကား ဤသို့​တည်း​။ လူ​သေ​တဲ​ထဲသို့​ဝင်​သော​သူ​၊ တဲ​ထဲ​ရှိ​သော​သူ မည်သူမဆို ခုနစ်​ရက်​ပတ်လုံး မစင်မကြယ်​ဖြစ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

14 တဲ​ထဲ​တွင်​လူ​တစ်​ယောက်​ယောက်​သေ​ဆုံး​ခဲ့ လျှင် ထို​အ​ချိန်​တွင်​တဲ​တွင်း​၌​ရှိ​သော​သူ နှင့်​တဲ​ထဲ​သို့​ဝင်​လာ​သော​သူ​သည် ဘာ​သာ ရေး​ထုံး​နည်း​အ​ရ​ခု​နစ်​ရက်​တိုင်​အောင် မ​သန့်​စင်​ဘဲ​ရှိ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည်ရာ 19:14
13 ပူးပေါင်းရင်းမြစ်များ  

ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် ပြည်​ကို သန့်​ရှင်း​စေ​ခြင်း​ငှာ ခု​နစ်​နှစ်​ပတ်​လုံး မြေ၌​မြှုပ်​ကြ​လိမ့်​မည်။


သန့်​ရှင်း​ခြင်း​ကို​ပြု​ပြီး​မှ ခု​နစ်​ရက်​နေ​ရ​မည်။


ဤ​ရွေ့​ကား၊ စင်​ကြယ်​သည်၊ မ​စင်​ကြယ်​သည်​ကို ပိုင်း​ခြား၍​သိ​စေ​ခြင်း​ငှာ၊ ဗောက်​နူ​နာ​အ​စ​ရှိ​သော​နူ​နာ​အ​မျိုး​မျိုး၊ အ​ဝတ်၌​စွဲ​သော​နူ​နာ၊ အိမ်၌​စွဲ​သော​နူ​နာ၊ အ​ဖု ၊ ယား​နာ၊ နူ​ကွက်​နှင့်​ဆိုင်​သော နူ​နာ​တ​ရား​ဖြစ်​သ​တည်း​ဟု မိန့်​တော်​မူ၏။


ဤ​ရွေ့​ကား၊ ရိ​နာ​စွဲ​သော​သူ၊


တစ်​ဖန် မော​ရှေ​အား​ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် အာ​ရုန်၏​သား၊ ယဇ်​ပု​ရော​ဟိတ်​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊ အ​မျိုး​သား​ချင်း​သေ​သော​သူ​အ​တွက် သင်​တို့​တွင်​အ​ဘယ်​သူ​မျှ ညစ်​ညူး​ခြင်း​မ​ရှိ​ရ။


အ​သေ​ကောင်​ကို မ​ချဉ်း​ရ။ မိ​ဘ​အ​တွက် ညစ်​ညူး​ခြင်း​ကို​မ​ခံ​ရ။


လူ​သေ​ကောင်​ကို​ထိ၍ ကိုယ်​ကို​မ​သန့်​ရှင်း​စေ​သော​သူ​သည်၊ ထာ​ဝ​ရ​ဘု​ရား၏ တဲ​တော်​ကို ညစ်​ညူး​စေ၏။ ထို​သူ​ကို ဣ​သ​ရေ​လ​အ​မျိုး​မှ ပယ်​ရှင်း​ရ​မည်။ စင်​ကြယ်​စေ​သော​ရေ​ဖျန်း​ခြင်း​ကို မ​ခံ​သော​ကြောင့် မ​စင်​ကြယ်​ဖြစ်၏။ စင်​ကြယ်​ခြင်း​သို့ မ​ရောက်​သေး။


မ​ဖုံး​ဘဲ​ဖွင့်​ထား​သော အိုး​ရှိ​သ​မျှ​တို့​သည်​လည်း မ​စင်​ကြယ်​ဖြစ်​ကြ​လိမ့်​မည်။


သင်​တို့​အ​ဝတ်​နှင့် သား​ရေ​တန်​ဆာ​ရှိ​သ​မျှ၊ ဆိတ်​မွေး​ဖြင့်​ရက်​သော​အ​ရာ၊ သစ်​သား​ဖြင့်​လုပ်​သော​အ​ရာ​ရှိ​သ​မျှ​တို့​ကို စင်​ကြယ်​စေ​ကြ​လော့​ဟု မှာ​ထား​လေ၏။


ငါ​နေ​သော​တပ်​ကို မ​ညစ်​ညူး​စေ​ခြင်း​ငှာ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် နူ​သော​သူ၊ ရိ​နာ​စွဲ​သော​သူ၊ အ​သေ​ကောင်​ထိ၍ မ​စင်​ကြယ်​သော​သူ ယောက်ျား​မိန်း​မ​အ​ပေါင်း​တို့​ကို၊ တပ်​ပြင်​မှာ​နေ​ရာ​ချ​ထား ရ​မည်​အ​ကြောင်း ဆင့်​ဆို​လော့​ဟု


ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ မိ​မိ​ကို​ခြား​နား​စေ​သော​ကာ​လ​ပတ်​လုံး၊ အ​သေ​ကောင်​ကို မ​ချဉ်း​မ​ကပ်​ရ။


သူ့​အ​နား​မှာ တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ချက်​ချင်း​သေ၍၊ သူ​သည် ခြား​နား​စေ​သော​ခေါင်း​ကို ညစ်​ညူး​စေ​လျှင်၊ စင်​ကြယ်​စေ​သော​နေ့​တည်း​ဟူ​သော သ​တ္တ​မ​နေ့၌ ဦး​ဆံ​ကို​ရိတ်​ရ​မည်။


ထို​နေ့၌ ပ​သ​ခါ​ပွဲ​ကို​မ​ခံ​ရ​မည်​အ​ကြောင်း၊ လူ​အ​သေ​ကောင်​အား​ဖြင့် ညစ်​ညူး​ခြင်း​သို့ ရောက်​သော​လူ​အ​ချို့​တို့​သည်၊ ထို​နေ့၌ မော​ရှေ​နှင့်​အာ​ရုန်​ထံ​သို့ ချဉ်း​ကပ်၍၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ