တောလည်ရာ 18:9 - Judson Bible in Zawgyi Version9 မီးသို့မရောက်၊ သန့်ရှင်းသောအရာထဲက သင်တို့ဆိုင်သောအရာဟူမူကား၊ ဣသရေလအမျိုးသားလှူသောဥစ္စာ၊ ဘောဇဉ်ပူဇော်သကာ၊ အပြစ်ဖြေရာယဇ်၊ ဒုစရိုက်ဖြေရာယဇ် ပူဇော်လေသမျှတို့သည် သင်နှင့် သင်၏သားတို့အဖို့ သန့်ရှင်းရကြမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်9 ငါ့အား အစ္စရေးအမျိုးသားတို့ ပေးလှူသည့် ဘောဇဉ်ပူဇော်သက္ကာ၊ အပြစ်ဖြေရာယဇ်၊ အပြစ်ဒဏ်ဖြေရာယဇ်စသော ပူဇော်သက္ကာအားလုံးတို့ထဲမှ မီးမရှို့ဘဲဖယ်ထားသည့် အသန့်ရှင်းဆုံးပူဇော်သက္ကာသည် သင့်အဖို့ဖြစ်၍ သင်နှင့် သင်၏သားတို့အဖို့ အသန့်ရှင်းဆုံးသောအရာဖြစ်၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version9 မီးရှို့ရာသကာမဟုတ်သည့်ထူးမြတ်သော သကာများအနက် သင်ပိုင်ဆိုင်သောသကာ များမှာဘောဇဉ်သကာ၊ အပြစ်ဖြေရာ သကာနှင့်အပြစ်ဒဏ်ပြေရာသကာတို့ ဖြစ်သည်။ ငါ့အားဆက်သသောသကာ ဟူသမျှသည်သင်နှင့်သင်၏သားများ ပိုင်ဆိုင်၏။- အခန်းကိုကြည့်ပါ။ |
တိုင်းသောသူကလည်း၊ လွတ်လပ်သောအရပ်ရှေ့မှာ မြောက်ခန်းနှင့် တောင်ခန်းတို့သည် သန့်ရှင်းသောအခန်း၊ ထာဝရဘုရားထံတော်သို့ချဉ်းကပ်သော ယဇ်ပုရောဟိတ်တို့သည် အလွန်သန့်ရှင်းသောအရာများကို စားရသောအခန်း ဖြစ်ကြ၏။ ထိုအရပ်သည် သန့်ရှင်းသောကြောင့် အလွန်သန့်ရှင်းသောအရာ၊ ဘောဇဉ်ပူဇော်သကာ၊ အပြစ်ဖြေရာယဇ်၊ ဒုစရိုက်ဖြေရာယဇ်တို့ကို ထားရာအရပ်ဖြစ်၏။