တောလည်ရာ 18:4 - Judson Bible in Zawgyi Version4 သူတို့သည် သင်တို့နှင့်အတူကူညီ၍၊ ပရိသတ်စည်းဝေးရာ တဲတော်ကိုစောင့်လျက်၊ တဲတော်အမှုရှိသမျှကို ထမ်းရကြမည်။ မဆိုင်သောသူသည် သင်တို့အနီးသို့ မချဉ်းမကပ်ရ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်4 သူတို့သည် သင်နှင့်ပူးပေါင်းလျက် တဲတော်နှင့်ဆိုင်သောအလုပ်ရှိသမျှ၊ တွေ့ဆုံစည်းဝေးရာတဲတော်၏အမှုကိစ္စကို ဆောင်ရွက်ရမည်။ မဆိုင်သောသူကား သင်တို့ထံသို့ မချဉ်းကပ်ရ။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version4 သူတို့သည်သင်နှင့်အတူတဲတော်နှင့်ဆိုင် သောတာဝန်များကိုထမ်းဆောင်ရမည်။ လေဝိ အနွယ်ဝင်မှတစ်ပါးအခြားမည်သူမျှ သင်နှင့်အတူတဲတော်တာဝန်ကိုမဆောင် ရွက်စေရ။- အခန်းကိုကြည့်ပါ။ |
ဗက်ရှေမက်မြို့သားတို့သည် ထာဝရဘုရား၏ သေတ္တာတော်ထဲသို့ ကြည့်ရှုမိသောကြောင့်၊ လူခုနစ်ဆယ်နှင့် လူငါးသောင်းတို့သည် ဒဏ်ခတ်တော်မူခြင်းကို ခံရကြ၏။ ထိုသို့ ထာဝရဘုရားသည် ကြီးစွာသော လုပ်ကြံခြင်းအားဖြင့် ဒဏ်ပေးတော်မူသောကြောင့်၊ လူများတို့သည် ငိုကြွေးမြည်တမ်းကြ၏။