Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တော​လည်ရာ 18:31 - Judson Bible in Zawgyi Version

31 ထို​ကြွင်း​သော​အ​ဖို့​ကို၊ ကိုယ်​တိုင်​မှ​စ၍ အိမ်​သူ​အိမ်​သား​တို့​သည် စား​ချင်​သော​အ​ရပ်​ရပ်၌ စား​ရ​သော​အ​ခွင့်​ရှိ၏။ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်၌ အ​မှု​စောင့်​သော​အ​တွက် ငါ​ချ​သော​ဆု​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

31 ထို​ပူဇော်သက္ကာ​သည် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​၌ သင်​တို့​ထမ်းဆောင်​ရ​သော​အမှု​အတွက် လုပ်အားခ​ဖြစ်​သောကြောင့် သင်​နှင့် သင်​၏​အိမ်သူအိမ်သား​တို့​သည် ထို​အရာ​ကို မည်သည့်​နေရာ​တွင်​မဆို စား​ခွင့်​ရှိ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

31 ကျန်​ရှိ​သ​မျှ​သော​အ​လှူ​သည်​သင်​တို့​တဲ တော်​၌ အ​မှု​ဆောင်​သည့်​အ​တွက်​ခံ​ထိုက်​သော အ​ခ​ဖြစ်​ခြင်း​ကြောင့် ထို​အ​လှူ​ကို​သင်​နှင့် သင်​၏​မိ​သား​စု​တို့​သည်​မည်​သည့်​နေ​ရာ ၌​မ​ဆို​စား​သုံး​နိုင်​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည်ရာ 18:31
9 ပူးပေါင်းရင်းမြစ်များ  

သို့​ဖြစ်၍ သူ​တို့​အား​ဆင့်​ဆို​ရ​မည်​မှာ၊ လေ​ဝိ​သား​တို့​သည် အ​ကောင်း​ဆုံး​သော​အ​ဖို့​ကို နုတ်​ယူ​ပူ​ဇော်​ပြီး​မှ၊ ကြွင်း​သော​အ​ဖို့​ကို ကောက်​နယ်​တ​လင်း၏​ကျေး​ဇူး၊ စ​ပျစ်​သီး​နယ်​ရာ​ကျင်း၏​ကျေး​ဇူး​ကဲ့​သို့ မိ​မိ​တို့​အ​ဖို့ မှတ်​ရ​လိမ့်​မည်။


အ​ကောင်း​ဆုံး​သော​အ​ဖို့​ကို နုတ်​ယူ​ပူ​ဇော်​ပြီး​မှ၊ ကြွင်း​သော​အ​ဖို့​အား​ဖြင့် အ​ပြစ်​ရောက်​စ​ရာ​အ​ကြောင်း​မ​ရှိ။ သေ​ဘေး​နှင့် မ​တွေ့​မည်​အ​ကြောင်း၊ ဣ​သ​ရေ​လ အ​မျိုး​သား​တို့၏​သန့်​ရှင်း​သော​အ​ရာ​တို့​ကို မ​ညစ်​ညူး​စေ​ရ​ဟု မိန့်​တော်​မူ၏။


လမ်း​ခ​ရီး​ဖို့ လွယ်​အိတ်၊ အင်္ကျီ​နှစ်​ထည်၊ ခြေ​နင်း​တောင်​ဝှေး​ကို မ​သို​မှီး​ကြ​နှင့်။ အ​ကြောင်း​မူ​ကား၊ လုပ်​ဆောင်​သော​သူ​သည် ကျွေး​မွေး​ခြင်း​ကို ခံ​ထိုက်​ပေ၏။-


သို့​မ​ဟုတ် သင်​တို့​ထံ​သို့ ပြန်​လာ​လိမ့်​မည်။ ထို​အိမ်၌​နေ၍ အ​စား​အ​သောက်​စီ​ရင်​ရာ​ကို စား​သောက်​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ လုပ်​ဆောင်​သော​သူ​သည် အ​ခ​ကို​ခံ​ထိုက်​ပေ၏။ တစ်​အိမ်​မှ​တစ်​အိမ်​သို့ လှည့်​လည်၍ မ​သွား​ကြ​နှင့်။-


ငါ​သည်​သင်​တို့​ကို မ​နှောင့်​ယှက်​သော အ​ရာ​တစ်​ခု​ကို ထား​လျှင်၊ သင်​တို့​သည် အ​ခြား​သော အ​သင်း​တော်​ထက် အ​ဘယ်​သို့​ယုတ်​ညံ့​သ​နည်း။ ထို​သို့ ငါ​ပြစ်​မှား​သော​အ​ပြစ်​ကို သည်း​ခံ​ကြ​လော့။-


နှုတ်​က​ပတ်​တ​ရား​ကို သင်​သော​သူ​သည် သင်​ပေး​သော​သူ​အား ကောင်း​သော​အ​ရာ ရှိ​သ​မျှ​တို့​ကို ဝေ​မျှ​စေ။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ