တောလည်ရာ 18:30 - Judson Bible in Zawgyi Version30 သို့ဖြစ်၍ သူတို့အားဆင့်ဆိုရမည်မှာ၊ လေဝိသားတို့သည် အကောင်းဆုံးသောအဖို့ကို နုတ်ယူပူဇော်ပြီးမှ၊ ကြွင်းသောအဖို့ကို ကောက်နယ်တလင်း၏ကျေးဇူး၊ စပျစ်သီးနယ်ရာကျင်း၏ကျေးဇူးကဲ့သို့ မိမိတို့အဖို့ မှတ်ရလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်30 လေဝိအမျိုးသားတို့အား ပြောလော့။ ဆယ်ဖို့တစ်ဖို့ထဲမှ အကောင်းဆုံးအရာကို ပေးလှူသောအခါ ကောက်နယ်တလင်းမှ အသီးအနှံကဲ့သို့လည်းကောင်း၊ စပျစ်သီးနယ်ရာကျင်းမှ စပျစ်ရည်ကဲ့သို့လည်းကောင်း မှတ်ယူရမည်။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version30 လယ်သမား၊ ခြံသမားသည်ထာဝရဘုရား အတွက် လှူစရာသီးနှံများကိုဆက်သပြီး နောက် ကျန်ရှိသမျှကိုမိမိစားသုံးနိုင်သကဲ့ သို့ သင်တို့သည်အကောင်းဆုံးကိုဆက်သပြီး လျှင် ကျန်ရှိသမျှကိုစားသုံးနိုင်သည်။- အခန်းကိုကြည့်ပါ။ |
မျက်စိကန်းသောအကောင်ကို ယဇ်ပူဇော်လျှင် အပြစ်ရှိသည် မဟုတ်လော။ ခြေဆွံ့သောအကောင်နှင့် နာသောအကောင်ကို ယဇ်ပူဇော်လျှင် အပြစ်ရှိသည် မဟုတ်လော။ မြို့ဝန်မင်းအား ဆက်ပါလော့။ မင်း၏စိတ်နှင့် တွေ့လိမ့်မည်လော။ သင့်မျက်နှာကို ထောက်လိမ့်မည်လောဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။