တောလည်ရာ 17:8 - Judson Bible in Zawgyi Version8 နက်ဖြန်နေ့၌ သက်သေခံချက် တဲတော်အတွင်းသို့ မောရှေဝင်သောအခါ၊ လေဝိအမျိုးနှင့်ဆိုင်သော အာရုန်၏လှံတံသည် အရွက်ထွက်လျက်၊ ငုံလျက်၊ ပွင့်လျက်၊ ဗာတံသီးကိုသီးလျက် ရှိ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်8 နောက်တစ်နေ့၌ မောရှေသည် သက်သေခံချက်တဲတော်ထဲသို့ ဝင်သောအခါ လေဝိအမျိုးအနွယ်၊ အာရုန်၏တောင်ဝှေးသည် အတက်ပေါက်လျက်၊ အဖူးဖူးလျက်၊ အပွင့်ပွင့်လျက်၊ ဗာဒံသီးသီးလျက်ရှိသည်ကို တွေ့လေ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version8 နောက်တစ်နေ့တွင်မောရှေသည်တဲတော်ထဲ သို့ဝင်သောအခါ လေဝိအနွယ်ဝင်အာရုန် ၏တောင်ဝှေးမှအညှောက်ထွက်လျက်ရှိသည် ကိုတွေ့မြင်ရလေသည်။ ထိုတောင်ဝှေးမှ အဖူး၊ အပွင့်များဖူးပွင့်၍ဗာဒံသီးမှည့် များသီးလျက်ရှိပေသည်။- အခန်းကိုကြည့်ပါ။ |
ငါထာဝရဘုရားသည် မြင့်သောအပင်ကိုနှိမ့်၍၊ နိမ့်သောအပင်ကို ချီးမြှောက်ကြောင်း၊ စိမ်းလန်းသောအပင်ကို သွေ့ခြောက်စေ၍၊ သွေ့ခြောက်သောအပင်ကို စိမ်းလန်းစေကြောင်းများကို၊ တောသစ်ပင်ရှိသမျှတို့သည် သိရကြလိမ့်မည်။ ငါထာဝရဘုရားသည် စကားတော်ရှိသည်အတိုင်း ပြုမည်ဟုမိန့်တော်မူ၏။