Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တော​လည်ရာ 16:42 - Judson Bible in Zawgyi Version

42 ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် မော​ရှေ​နှင့် အာ​ရုန်​တစ်​ဖက်၌ စု​ဝေး​ကြ​သော​အ​ခါ၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​သို့ မျှော်​ကြည့်၍၊ မိုး​တိမ်​သည် တဲ​တော်​ကို​လွှမ်း​မိုး၍၊ ထာ​ဝ​ရ​ဘု​ရား၏​ဘုန်း​တော်​သည် ထင်​ရှား​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

42 ထိုသို့ လူထုပရိသတ်​တို့​သည်​စုရုံး​၍ မောရှေ​နှင့်​အာရုန်​ကို​ဆန့်ကျင်​စဉ် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​ဘက်​သို့​လှည့်ကြည့်​ရာ မိုးတိမ်​သည် တဲ​တော်​ကို​ဖုံးလွှမ်း​၍ ထာဝရဘုရား​၏​ဘုန်းအသရေ​တော်​ထင်ရှား​သည်​ကို မြင်​ကြ​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

42 သူ​တို့​သည်​မော​ရှေ​နှင့်​အာ​ရုန်​တို့​ကို​အ​ပြစ် တင်​ရန်​စု​ဝေး​လာ​ပြီး​နောက်​တဲ​တော်​ဘက်​သို့ မျှော်​ကြည့်​ရာ မိုး​တိမ်​သည်​တဲ​တော်​ကို​ဖုံး​လျက် ထာ​ဝ​ရ​ဘု​ရား​၏​ဘုန်း​အ​သ​ရေ​တော်​ထွန်း တောက်​သည်​ကို​မြင်​ရ​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည်ရာ 16:42
10 ပူးပေါင်းရင်းမြစ်များ  

အာ​ရုန်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား ပ​ရိ​သတ်​အ​ပေါင်း​တို့​အား ဆင့်​ဆို​သော​အ​ခါ၊ သူ​တို့​သည် တော​သို့​မျှော်​ကြည့်၍၊ မိုး​တိမ်၌​ထင်​ရှား​သော ထာ​ဝ​ရ​ဘု​ရား၏​ဘုန်း​တော်​ကို မြင်​ရ​ကြ၏။


နံ​နက်​ယံ၌​လည်း၊ ထာ​ဝ​ရ​ဘု​ရား၏​ဘုန်း​တော်​ကို မြင်​ရ​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​ကို​အ​ပြစ်​တင်​လျက် မြည်​တမ်း​ကြ​သော​အ​သံ​ကို​ကြား​တော်​မူ​ပြီ။ ငါ​တို့​ကို အ​ပြစ်​တင်​လျက် မြည်​တမ်း​စေ​ခြင်း​ငှာ၊ ငါ​တို့​သည် အ​ဘယ်​သို့​သော သူ​ဖြစ်​သ​နည်း​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​အား​ဆို​လေ​၏။


ထာ​ဝ​ရ​ဘု​ရား၏​ဘုန်း​တော်​သည် သိ​နာ​တောင်​ပေါ်​မှာ​ထိ၍၊ မိုး​တိမ်​သည် ခြောက်​ရက်​ပတ်​လုံး​လွှမ်း​မိုး၏။ သ​တ္တ​မ​နေ့​ရက်၌ မိုး​တိမ်​အ​ထဲ​က အ​သံ​တော်​ထွက်၍၊ မော​ရှေ​ကို​ခေါ်​တော်​မူ၏။


တစ်​ဖန် မော​ရှေ​နှင့်​အာ​ရုန်​တို့​သည် ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​ထဲ​သို့​ဝင်၍ ထွက်​ပြီး​မှ၊ လူ​များ​ကို​ကောင်း​ချီး​ပေး​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား၏​ဘုန်း​တော်​သည် လူ​များ​တို့​အား​ထင်​ရှား​လေ၏။


ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် ထို​သူ​နှစ်​ယောက်​ကို ကျောက်​ခဲ​နှင့်​ပစ်​စေ​ခြင်း​ငှာ စီ​ရင်​ကြ၏။ ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏​ဘုန်း​တော်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​ရှေ့​မှာ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်၌ ထင်​ရှား​လေ၏။


ကော​ရ​သည်​လည်း၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​ဝ၌ ပ​ရိ​သတ်​အ​ပေါင်း​တို့​ကို မော​ရှေ​နှင့် အာ​ရုန်​တစ်​ဖက်၌​စု​ဝေး​စေ​ပြီး​မှ၊ ထာ​ဝ​ရ​ဘု​ရား၏ ဘုန်း​တော်​သည် ပ​ရိ​သတ်​အ​ပေါင်း​တို့၌ ထင်​ရှား​လေ၏။


မော​ရှေ​နှင့်​အာ​ရုန်​တို့​သည် ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​ရှေ့​သို့ ချဉ်း​ကပ်​ကြ၏။


ပ​ရိ​သတ်​တို့ သောက်​စ​ရာ​ရေ​မ​ရှိ​သော​ကြောင့်၊ မော​ရှေ​နှင့် အာ​ရုန်​တစ်​ဖက်၌ စု​ဝေး​ကြ​လျက်၊


မော​ရှေ​နှင့်​အာ​ရုန်​တို့​သည် လူ​အ​စု​အ​ဝေး​မှ​ထွက်၍၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​ဝ​သို့​သွား​သ​ဖြင့်၊ ပျပ်​ဝပ်​လျက်​နေ​ကြ​စဉ်၊ ထာ​ဝ​ရ​ဘု​ရား၏​ဘုန်း​တော်​သည် ထင်​ရှား​လေ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ