Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တော​လည်ရာ 16:35 - Judson Bible in Zawgyi Version

35 နံ့​သာ​ပေါင်း​ကို​မီး​ရှို့၍ ပူ​ဇော်​သော​သူ​နှစ်​ရာ​ငါး​ဆယ်​တို့​ကို​လည်း၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​က မီး​ထွက်၍ လောင်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

35 ထာဝရဘုရား​ထံ​တော်​မှ​လည်း မီး​ထွက်လာ​၍ နံ့သာပေါင်း​ပူဇော်​နေ​သော လူ​အယောက်​နှစ်ရာ့​ငါးဆယ်​တို့​ကို လောင်ကျွမ်း​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

35 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​လောင်​မီး​ကျ စေ​၍ နံ့​သာ​ပေါင်း​ဆက်​သ​သော​သူ​နှစ်​ရာ့ ငါး​ဆယ်​ကို​မီး​လောင်​ကျွမ်း​စေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည်ရာ 16:35
14 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​အ​သင်း​အ​ဝင်​ထဲ​မှာ မီး​ရှို့၍၊ မ​တ​ရား​သော​သူ​တို့​ကို လောင်​လေ၏။


ငါ​တို့၏ ဘု​ရား​သ​ခင် ကြွ​လာ​တော်​မူ၏။ တိတ်​ဆိတ်​စွာ နေ​တော်​မ​မူ။ ရှေ့​တော်၌​မီး​လောင်​လျက် ပတ်​ဝန်း​ကျင်၌ မိုး​သက်​မုန်​တိုင်း ပြင်း​ပြ​လျက်​ရှိ၏။


သူ​တို့​ရှေ့​မှာ ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ ခု​နစ်​ကျိပ်​တို့​နှင့်​တ​ကွ၊ ယာ​ဇ​ညာ​သား​ရှာ​ဖန်​သည် သူ​တို့​အ​လယ်၌​ရပ်၍၊ ထို​သူ​အ​ပေါင်း​တို့​သည် အ​သီး​အ​သီး လင်​ပန်း​ကို​ကိုင်​လျက်၊ နံ့​သာ​ပေါင်း​ကို မီး​ရှို့​ကြ​သ​ဖြင့်၊ မီး​ခိုး​သည် ထူ​ထပ်​စွာ​တက်​လေ၏။


ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ မီး​ထွက်၍၊ သူ​တို့​ကို​လောင်​သ​ဖြင့် ရှေ့​တော်၌​သေ​ကြ၏။


ခါ​နာန်​ပြည်​ကို မ​ကောင်း​သော​သ​တင်း ကြား​ပြော​သော​သူ​တို့​သည်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ကာ​လ​နာ​ဘေး​နှင့် သေ​ကြ​လေ၏။


လူ​အ​သီး​အ​သီး​တို့​သည် မိ​မိ​တို့​လင်​ပန်း​များ​ကို​ယူ၍ လော​ဗန်​ကို​တင်​ပြီး​မှ၊ သင်​နှင့်​အာ​ရုန်​သည်​လည်း မိ​မိ​တို့​လင်​ပန်း​ပါ​လျက်၊ လူ​အ​ပေါင်း​တို့​သည် လင်​ပန်း နှစ်​ရာ​ငါး​ဆယ်​တို့​ကို ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​သို့ ဆောင်​ခဲ့​ကြ​လော့​ဟု ဆို​သည်​အ​တိုင်း၊


ပ​ရိ​သတ်၌​ကျော်​စော၍ ဂုဏ်​အ​သ​ရေ​ရှိ​သော​သူ၊ အ​စည်း​အ​ဝေး၌ မင်း​ပြု​သော​သူ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​နှစ်​ရာ​ငါး​ဆယ်​နှင့်​တ​ကွ၊ မော​ရှေ​ကို​ပုန်​ကန်၍၊


သူ​တို့​အော်​ဟစ်​သံ​ကို ပတ်​ဝန်း​ကျင်၌​ရှိ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ကြား​လျှင်၊ ငါ​တို့​ကို​လည်း မြေ​မျို​ကောင်း​မျို​လိမ့်​မည်​ဟု စိုး​ရိမ်​လျက်​ပြေး​ကြ၏။


ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ထို​သန့်​ရှင်း​သော​လင်​ပန်း​တို့​ကို မီး​လောင်​ရာ​ထဲ​က ကောက်​ယူ၍၊ မီး​ကို​ပစ်​ချ​ပြီး​မှ၊


ကော​ရ​အ​မှု​ကြောင့် သေ​သော​သူ​တို့​ကို​ထား၍ ထို​ဘေး​ဥ​ပဒ်​ဖြင့် သေ​သော​လူ​ပေါင်း​ကား၊ တစ်​သောင်း​လေး​ထောင်​ခု​နစ်​ရာ ရှိ​သ​တည်း။


မြေ​ကြီး​သည် မိ​မိ​ခံ​တွင်း​ကို​ဖွင့်၍ သူ​တို့​ကို​လည်း​ကောင်း၊ ကော​ရ​ကို​လည်း​ကောင်း​မျို​သ​ဖြင့်၊ ထို​အ​ပေါင်း​အ​သင်း​ဝင်​သူ​တို့​သည် သေ​ကြ၏။ မီး​သည်​လည်း လူ​နှစ်​ရာ​ငါး​ဆယ်​တို့​ကို အ​သက်​ဆုံး​စေ၏။ ထို​သူ​တို့​သည် သ​တိ​ပေး​သော သက်​သေ​ဖြစ်​သ​တည်း။


နာ​ဒပ်​နှင့် အ​ဘိ​ဟု​သည်၊ သိ​နာ​တော​တွင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ထူး​ခြား​သော​မီး​ကို​ပူ​ဇော်​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ သေ​ကြ၏။ သူ​တို့၌ သား​မ​ရှိ​သည်​ဖြစ်၍၊ ဧ​လာ​ဇာ​နှင့် ဣ​သ​မာ​သည်၊ အ​ဘ​အာ​ရုန်​ရှေ့​မှာ ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို ဆောင်​ရွက်​ကြ၏။


တစ်​စုံ​တစ်​ယောက်​သော သူ​သည် သူ​တို့​ကို ညှဉ်း​ဆဲ​ခြင်း​ငှာ အ​လို​ရှိ​လျှင်၊ သူ​တို့၏ ခံ​တွင်း​ထဲ​က​မီး​ထွက်၍ ရန်​သူ​တို့​ကို မျို​တတ်၏။ တစ်​စုံ​တစ်​ယောက်​သော သူ​သည် ထို​သူ​တို့​ကို ညှဉ်း​ဆဲ​ခြင်း​ငှာ အ​လို​ရှိ​လျှင်၊ ထို​သို့​အ​သေ သတ်​ခြင်း​ကို ခံ​ရ​မည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ