Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တော​လည်ရာ 16:2 - Judson Bible in Zawgyi Version

2 ပ​ရိ​သတ်၌​ကျော်​စော၍ ဂုဏ်​အ​သ​ရေ​ရှိ​သော​သူ၊ အ​စည်း​အ​ဝေး၌ မင်း​ပြု​သော​သူ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​နှစ်​ရာ​ငါး​ဆယ်​နှင့်​တ​ကွ၊ မော​ရှေ​ကို​ပုန်​ကန်၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

2 လူ​အစုအဝေး​ထဲမှ ရွေးကောက်တင်မြှောက်​ထား​သည့် နာမည်​ကျော်စော​သော အစ္စရေး​အမျိုးသား လူထု​ခေါင်းဆောင် အယောက်​နှစ်ရာ့​ငါးဆယ်​တို့​နှင့်အတူ မောရှေ​အား ဆန့်ကျင်​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည်ရာ 16:2
10 ပူးပေါင်းရင်းမြစ်များ  

ထို​ကာ​လ၌၊ မြေ​ကြီး​ပေါ်​မှာ ကိုယ်​ကြီး​မား​သော​သူ​အ​ချို့​ရှိ​ကြ၏။ ထို​နောက်၌​လည်း၊ ဘု​ရား​သ​ခင်၏​သား​တို့​သည်၊ လူ​သ​မီး​တို့​နှင့်​ဆက်​ဆံ​၍ ရ​သော​သား​တို့​သည်၊ အား​ကြီး​သော​သူ၊ ရှေး​ကာ​လ​မှ​စ၍၊ ကျော်​စော​သော​သူ ဖြစ်​ကြ၏။


ခွန်​အား​ကြီး၍ အ​ဆွေ​အ​မျိုး​တို့​တွင် ထင်​ရှား​သော ဧ​ဖ​ရိမ်​အ​မျိုး​သား​နှစ်​သောင်း​ရှစ်​ရာ၊


အ​ဆွေ​အ​မျိုး​သူ​ကြီး​များ​ဟူ​မူ​ကား၊ ခွန်​အား​ကြီး၍ ကျော်​စော​သော စစ်​သူ​ရဲ​ဧ​ဖာ၊ ဣ​ရှိ၊ ဧ​လျေ​လ၊ အာ​ဇ​ရေ​လ၊ ယေ​ရ​မိ၊ ဟော​ဒ​ဝိ၊ ယာ​ဒျေ​လ​တည်း။


ငါ​သည် ကိုယ်​အ​သ​ရေ​ကို သင်၌ အပ်​ပေး​သော​ကြောင့်၊ သင်​သည် လှ​သော​အ​ဆင်း​နှင့် စုံ​လင်၍၊ အ​တိုင်း​တိုင်း​အ​ပြည်​ပြည်၌ ကျော်​စော​လေ၏။


သူ​တို့​သည် အ​ဝတ်​ကို ချွတ်​ကြ၏။ သူ၏​သား​သ​မီး​တို့​ကို သိမ်း​သွား၍၊ သူ့​ကို ဓား​နှင့် ကွပ်​မျက်​ကြ၏။ ထို​သို့ အ​ပြစ်​စီ​ရင်​ခြင်း​ကို ခံ​ရ​သော​အား​ဖြင့်၊ မိန်း​မ​တ​ကာ​တို့​တွင် ကျော်​စော​သော​မိန်း​မ​ဖြစ်​လေ၏။


ဤ​သူ​တို့​သည် ပ​ရိ​သတ်​တွင်​ကျော်​စော​သော​သူ၊ အ​ဆွေ​အ​မျိုး​သူ​ကြီး​မင်း​ဖြစ်၍ ဣ​သ​ရေ​လ​အ​မျိုး၌ လူ​တစ်​ထောင်​စီ​အုပ်​ရ​သော​သူ ဖြစ်​ကြ​သ​တည်း။


မော​ရှေ​သည် ကု​ရှ​အ​မျိုး​သား​မိန်း​မ​နှင့် စုံ​ဖက်​သည်​ဖြစ်၍၊ ထို​မိန်း​မ​ကြောင့် မိ​ရိ​အံ​နှင့်​အာ​ရုန်​သည် မော​ရှေ​ကို​အ​ပြစ်​တင်​လျက်၊


နံ့​သာ​ပေါင်း​ကို​မီး​ရှို့၍ ပူ​ဇော်​သော​သူ​နှစ်​ရာ​ငါး​ဆယ်​တို့​ကို​လည်း၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​က မီး​ထွက်၍ လောင်​လေ၏။


ဤ​ဒါ​သန်၊ အ​ဘိ​ရံ​တို့​သည်​အ​ခြား​မ​ဟုတ်၊ ကော​ရ​အ​ပေါင်း​အ​သင်း​သည် ထာ​ဝ​ရ​ဘု​ရား​နှင့် ဆန့်​ကျင်​ဘက်​ပြု​သော​အ​ခါ၊ ပ​ရိ​သတ်၌​ကျော်​စော၍ မော​ရှေ​နှင့် အာ​ရုန်​ကို​ဆန့်​ကျင်​ဘက်​ပြု​သော ဒါ​သန်၊ အ​ဘိ​ရံ​ဖြစ်​ကြ၏။


အ​ကျွန်ုပ်​တို့၏​အ​ဘ​သည် တော၌​သေ​ပါ၏။ ထာ​ဝ​ရ​ဘု​ရား​တစ်​ဖက်၌ စု​ဝေး​သော​အ​ပေါင်း​အ​သင်း၊ ကော​ရ၏​အ​ပေါင်း​အ​သင်း၌ မ​ပါ။ မိ​မိ​အ​ပြစ်​ကြောင့် သေ​ပါ၏။ သူ၌​သား​ယောက်ျား မ​ရှိ​ပါ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ