Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တော​လည်ရာ 15:8 - Judson Bible in Zawgyi Version

8 ထာ​ဝ​ရ​ဘု​ရား​အား​မီး​ရှို့​ရာ​ယဇ်၊ သ​စ္စာ​က​တိ​ရှိ၍​ပူ​ဇော်​သော​ယဇ်၊ မိတ်​သ​ဟာ​ယ​ယဇ်​ဖို့ နွား​ကို​ပြင်​ဆင်​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

8 ကတိသစ္စာဝတ်​ဖြေ​ရန်​အတွက်​ဖြစ်စေ​၊ မိတ်သဟာယယဇ်​အတွက်​ဖြစ်စေ နွားသငယ်​ကို မီးရှို့ရာယဇ်​၊ သို့မဟုတ် ပူဇော်သက္ကာ​အဖြစ် ထာဝရဘုရား​အား​ပူဇော်​လျှင်

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

8 ထာ​ဝ​ရ​ဘု​ရား​အား​နွား​ထီး​ကို​မီး​ရှို့ ရာ​ယဇ်​သို့​မ​ဟုတ်​သစ္စာ​ဝတ်​ဖြေ​ရာ​ယဇ် သို့​မ​ဟုတ်​မိတ်​သ​ဟာ​ယ​ယဇ်​အ​ဖြစ်​ပူ ဇော်​သော​အ​ခါ၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည်ရာ 15:8
10 ပူးပေါင်းရင်းမြစ်များ  

နွား​ကို မီး​ရှို့​ရာ​ယဇ်​ပြု​လို​လျှင်၊ အ​ပြစ်​မ​ပါ​သော အ​ထီး​ကို​ဆောင်​ခဲ့၍၊ ထာ​ဝ​ရ​ဘု​ရား​စိတ်​တော်​နှင့်​တွေ့​ခြင်း​ငှာ၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​အ​နား​မှာ​ဆက်​ရ​မည်။


ခြေ​ထောက်​နှင့် အ​အူ​အ​စ​ရှိ​သည်​တို့​ကို ရေ​နှင့် အ​ရင်​ဆေး​ရ​မည်။ ယဇ်​ပု​ရော​ဟိတ်​သည်၊ ထို​ယဇ်​တစ်​ကောင်​လုံး​ကို ယဇ်​ပ​လ္လင်​ပေါ်​မှာ မီး​ရှို့​ရ​မည်။ မီး​ရှို့​ရာ​ယဇ်​ဖြစ်​သ​တည်း။ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ဆက်​ကပ်၍ မွှေး​ကြိုင်​သော ပူ​ဇော်​သ​ကာ​ဖြစ်​သ​တည်း။


သ​စ္စာ​က​တိ​ရှိ၍​ပြု​သော​ပူ​ဇော်​သ​ကာ၊ အ​လို​လို​ပြု​သော​ပူ​ဇော်​သ​ကာ သိုး၊ ဆိတ်၊ နွား​ကို ထာ​ဝ​ရ​ဘု​ရား​အား​ယဇ်​ပူ​ဇော်​လို​လျှင်၊ စိတ်​တော်​နှင့် တွေ့​ခြင်း​ငှာ​စုံ​လင်​ရ​မည်။ အ​ပြစ်​တစ်​စုံ​တစ်​ခု​မျှ မ​ရှိ​ရ။


နွား​ကို​မိတ်​သ​ဟာ​ယ​ယဇ်​ပြု​လို​လျှင်၊ အ​ပြစ်​မ​ပါ​သော အ​ထီး​အ​မ တစ်​ကောင်​ကောင်​ကို၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဆက်​ရ​မည်။


အာ​ရုန်၏​သား​တို့​သည် ယဇ်​ပ​လ္လင်​အ​ပေါ်၌​ရှိ​သော ထင်း​မီး​ပေါ်​မှာ​တင်​သော ယဇ်​ကောင်​နှင့်​အ​တူ မီး​ရှို့​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ဆက်​ကပ်၍၊ မွှေး​ကြိုင်​သော ပူ​ဇော်​သ​ကာ​ဖြစ်​သ​တည်း။


ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် မ​သိ​ဘဲ​သ​တိ​လစ်၍ မှား​ယွင်း​ခြင်း​သို့​ရောက်​လျှင်၊ ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ မွှေး​ကြိုင်​သော​အ​နံ့​ရှိ​စေ​ခြင်း​ငှာ၊ ထုံး​ဖွဲ့​သော​ထုံး​စံ​ရှိ​သည်​အ​တိုင်း ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ သွန်း​လောင်း​ရာ​ပူ​ဇော်​သ​ကာ​နှင့်​တ​ကွ၊ အ​သက်​ပျို​သော​နွား​ထီး​ဖြင့် မီး​ရှို့​ရာ​ယဇ်​ကို​လည်း​ကောင်း၊ ဆိတ်​ဖြင့် အ​ပြစ်​ဖြေ​ရာ​ယဇ်​ကို​လည်း​ကောင်း ပူ​ဇော်​ရ​ကြ​မည်။


ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ဖို့ ဆီ​လေး​လော​ဃ​ရော​သော မုန့်​ညက်​နှစ်​ဩ​မဲ​ကို ပြင်​ဆင်၍ သွန်း​လောင်း​ရာ​ပူ​ဇော်​သ​ကာ​ဖို့ စ​ပျစ်​ရည်​လေး​လော​ဃ​ကို ပူ​ဇော်​ရ​မည်။


မီး​ဖြင့်​ပူ​ဇော်၍ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ မွှေး​ကြိုင်​သော​အ​နံ့​ရှိ​စေ​ခြင်း​ငှာ၊


ဆီ​ရော​သော​မုန့်​ညက်​တည်း​ဟူ​သော ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​နှင့်​တ​ကွ၊ အ​သက်​ပျို​သော​နွား​ထီး​တစ်​ကောင်၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ အ​သက်​ပျို​သော နွား​ထီး​တစ်​ကောင်​ကို​ယူ​ပြီး​လျှင်၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ