Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တော​လည်ရာ 15:4 - Judson Bible in Zawgyi Version

4 ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​သ​ကာ​ကို​ပြု​သော​သူ​သည်၊ သိုး​သ​ငယ်​ကို​ပူ​ဇော်​လျှင် မီး​ရှို့​ရာ​ယဇ်​ဖြစ်​စေ၊ အ​ခြား​သော​ယဇ်​ဖြစ်​စေ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

4 ထာဝရဘုရား​အား ပူဇော်သက္ကာ​ကို​ပူဇော်​လို​သော​သူ​သည် ဆီ​တစ်​ဟိန်​၏​လေးပုံတစ်ပုံ​ရော​ထား​သော အကောင်းဆုံး​ဂျုံမှုန့်​တစ်​ဧဖာ​၏​ဆယ်ပုံတစ်ပုံ​ကို​လည်း ဘောဇဉ်ပူဇော်သက္ကာ​အဖြစ် ပူဇော်​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

4-5 ထာ​ဝ​ရ​ဘု​ရား​အား​သိုး​သို့​မ​ဟုတ်​ဆိတ်​ကို မီး​ရှို့​ရာ​ယဇ်​အ​ဖြစ်​ပူ​ဇော်​သော​သူ​သည် ယဇ် ကောင်​နှင့်​အ​တူ​ဘော​ဇဉ်​သကာ​အ​ဖြစ် သံ​လွင် ဆီ​နှစ်​ပိုင့်​နှင့်​ရော​ထား​သော​မုန့်​ညက်​နှစ်​ပေါင် အ​ပြင် စ​ပျစ်​ရည်​နှစ်​ပိုင့်​ကို​လည်း​ယူ​ဆောင် ခဲ့​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည်ရာ 15:4
21 ပူးပေါင်းရင်းမြစ်များ  

ထို​ငွေ​ကို​ယူ​ပြီး​လျှင် နွား၊ သိုး​ထီး၊ သိုး​သ​ငယ်​နှင့်​တ​ကွ၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​တို့​ကို အ​လျင်​အ​မြန်​ဝယ်၍၊ ယေ​ရု​ရှ​လင်​မြို့၌​ရှိ​သော သင်​တို့၏​ဘု​ရား​အိမ်​တော် ယဇ်​ပ​လ္လင်​ပေါ်​မှာ ပူ​ဇော်​ရ​မည်။


သိုး​သ​ငယ်​တစ်​ကောင်​ကို ပူ​ဇော်​သော​အ​ခါ၊ သံ​လွင်​သီး​ကို​ထောင်း၍၊ ရ​သော​သံ​လွင်​ဆီ သုံး​လော​ဃ​နှင့်​ရော​သော မုန့်​ညက်​တစ်​ဩ​မဲ​ကို​လည်း​ကောင်း၊ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​ဖို့ စ​ပျစ်​ရည် သုံး​လော​ဃ​ကို​လည်း​ကောင်း၊ သိုး​သ​ငယ်​နှင့်​အ​တူ ပူ​ဇော်​ရ​မည်။


ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် စင်​ကြယ်​သော​ဖ​လား စ​သည်​တို့​နှင့်၊ ပူ​ဇော်​သ​ကာ​ကို ဗိ​မာန်​တော်​သို့ ဆောင်​ခဲ့​သ​ကဲ့​သို့၊ ထို​သူ​တို့​သည် သင်​တို့၏ ညီ​အစ်​ကို​အ​ပေါင်း​ကို မြင်း၊ ရ​ထား၊ ထမ်း​စင်၊ မြည်း၊ ကု​လား​အုတ်​ပေါ်၌​တင်၍၊ ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​ဖို့​ရာ၊ ခပ်​သိမ်း​သော အ​ပြည်​ပြည်​တို့​မှ ငါ၏​သန့်​ရှင်း​သော​တောင်၊ ယေ​ရု​ရှ​လင်​မြို့​သို့ ဆောင်​ခဲ့​ကြ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။


နံ​နက်​တိုင်း​အ​စဉ်၊ ထို​သိုး​သ​ငယ်​နှင့်​အ​တူ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ဖို့ မုန့်​ညက်​တစ်​ဧ​ဖာ​တွင် ခြောက်​စု​တစ်​စု ကို​လည်း​ကောင်း၊ မုန့်​ညက်​နှင့်​ရော​ရ​သော ဆီ​လေး​လော​ဃ​ကို​လည်း​ကောင်း ပူ​ဇော်​ရ​မည်။ ဤ​ရွေ့​ကား၊​ထာ​ဝ​ရ​ဘု​ရား​အား အ​စဉ်​အ​မြဲ​ပြု​ရ​သော ဘော​ဇဉ်​ပူ​ဇော်​သ​ကာ တ​ရား​ပေ​တည်း။


ခြေ​ထောက်​နှင့် အ​အူ​အ​စ​ရှိ​သည်​တို့​ကို ရေ​နှင့်​အ​ရင်​ဆေး​ရ​မည်။ ယဇ်​ပု​ရော​ဟိတ်​သည် တစ်​ကောင်​လုံး​ကို​ဆောင်​ခဲ့၍၊ ယဇ်​ပ​လ္လင်​ပေါ်​မှာ မီး​ရှို့​ရ​မည်။ မီး​ရှို့​သော​ယဇ်​ဖြစ်​သ​တည်း။ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ဆက်​ကပ်၍ မွှေး​ကြိုင်​သော ပူ​ဇော်​သ​ကာ​ဖြစ်​သ​တည်း။


အ​ဋ္ဌ​မ​နေ့၌​လည်း၊ အ​ပြစ်​မ​ရှိ၊ အ​ခါ​လည်​သော သိုး​သ​ငယ်​အ​ထီး​နှစ်​ကောင်၊ အ​မ​တစ်​ကောင်​ကို​လည်း​ကောင်း၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ဖို့၊ ဆီ​ရော​သော​မုန့်​ညက်​သုံး​ဩ​မဲ​နှင့် ဆီ​တစ်​လော​ဃ​ကို​လည်း​ကောင်း​ယူ​ပြီး​လျှင်၊


ထာ​ဝ​ရ​ဘု​ရား​အား ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ပြု​လို​လျှင်၊ မုန့်​ညက်​ကို​ဆက်​ရ​မည်။ မုန့်​ညက်​အ​ပေါ်​မှာ ဆီ​ကို​လောင်း၍၊ လော​ဗန်​ကို​လည်း​ထည့်​ပြီး​မှ၊


ဆီ​ကို​လောင်း၍၊ လော​ဗန်​ကို​တင်​လျက်၊ ပူ​ဇော်​သ​ကာ​ကို​ပြု​ရ​မည်။ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ဖြစ်​သ​တည်း။


ထို​ယဇ်​နှင့်​ဆိုင်​သော​ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ကား၊ ထာ​ဝ​ရ​ဘု​ရား​အား မွှေး​ကြိုင်​ရာ​ဖို့ မီး​ဖြင့်​ပြု​သော​ပူ​ဇော်​သ​ကာ​တည်း​ဟူ​သော ဆီ​နှင့်​ရော​သော မုန့်​ညက်​နှစ်​ဩ​မဲ​ဖြစ်​ရ​မည်။ သွန်း​လောင်း​ရာ​ပူ​ဇော်​သ​ကာ​ကား၊ စ​ပျစ်​ရည်​သုံး​လော​ဃ ဖြစ်​ရ​မည်။


သိုး​သ​ငယ်​ကို​ပူ​ဇော်​လို​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဆက်​ပြီး​မှ၊


ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​တ​ရား​ဟူ​မူ​ကား၊ အာ​ရုန်၏​သား​တို့​သည် ထို​ပူ​ဇော်​သ​ကာ​ကို ထာ​ဝ​ရ​ဘု​ရား​ထံ​တော်၊ ယဇ်​ပ​လ္လင်​ရှေ့​မှာ​ပူ​ဇော်​သော​အ​ခါ၊


နေ​ထွက်​ရာ​အ​ရပ်​မှ​သည် နေ​ဝင်​ရာ​အ​ရပ်​တိုင်​အောင် တစ်​ပါး​အ​မျိုး​သား​တို့​တွင် ငါ၏​နာ​မ​တော်​သည် ကြီး​မြတ်​ရ​လိမ့်​မည်။ ခပ်​သိမ်း​သော​အ​ရပ်​တို့၌ နံ့​သာ​ပေါင်း​ကို ငါ၏​နာ​မ​တော်​အား​မီး​ရှို့၍၊ သန့်​ရှင်း​သော ပူ​ဇော်​သ​ကာ​ကို ဆက်​ကပ်​ရ​ကြ​လိမ့်​မည်။ ငါ၏​နာ​မ​တော်​သည် တစ်​ပါး​အ​မျိုး​သား​တို့​တွင် ကြီး​မြတ်​ရ​လိမ့်​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။


နွား​တစ်​ကောင်​အ​ဖို့၊ ဆီ​ရော​သော​မုန့်​ညက် သုံး​ဩ​မဲ၊ သိုး​တစ်​ကောင်​အ​ဖို့၊ ဆီ​ရော​သော​မုန့်​ညက် နှစ်​ဩ​မဲ၊


နံ​နက်​ယံ၌ သိုး​သ​ငယ်​တစ်​ကောင်၊ ညဥ့်​ဦး​ယံ၌​တစ်​ကောင်​ကို ပူ​ဇော်​ရ​မည်။


ထို​သို့​ထုံး​စံ​ရှိ​သည်​အ​တိုင်း၊ လ​ဆန်း​နေ့​မီး​ရှို့​ရာ​ယဇ်​နှင့် သူ၏​ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ နေ့​တိုင်း​ပြု​သော​မီး​ရှို့​ရာ​ယဇ်​နှင့် သူ၏​ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ သွန်း​လောင်း​ရာ​ပူ​ဇော်​သ​ကာ​မှ​တစ်​ပါး၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ မွှေး​ကြိုင်​သော​အ​နံ့​နှင့် မီး​ဖြင့်​ပြု​သော​ယဇ်​ပူ​ဇော်​သ​ကာ​ကို ပူ​ဇော်​ရ​မည်။


အ​ကျပ်​တော်​အ​လိုက် တစ်​ပိဿာ​သုံး​ဆယ်​အ​ချိန်​ရှိ​သော ငွေ​အင်​တုံ၊ ခု​နစ်​ဆယ်​အ​ချိန်​ရှိ​သော ငွေ​ဖ​လား၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ဖို့ ထို​အင်​တုံ၊ ဖ​လား၌​ဆီ​နှင့်​ရော၍ အ​ပြည့်​ထည့်​သော​မုန့်​ညက်၊


ကျေး​ဇူး​ပြု​ခြင်း၊ ဥ​စ္စာ​ဝေ​မျှ​ခြင်း​အ​မှု​တို့​ကို မ​မေ့​မ​လျော့​ကြ​နှင့်။ ထို​သို့​သော​ယဇ်​ကို ဘု​ရား​သ​ခင်​သည် အား​ရ​နှစ်​သက်​တော်​မူ၏။


သံ​လွင်​ပင်​က၊ ဘု​ရား​အ​သ​ရေ၊ လူ​အ​သ​ရေ​ကို ပြု​စု​စ​ရာ ငါ့​အ​ဆီ​အ​ပြား​ကို ငါ​သည်​စွန့်၍ သစ်​ပင်​တို့​အ​ပေါ်​မှာ လွှမ်း​မိုး​ရ​မည်​လော​ဟု ဆို၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ