Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တော​လည်ရာ 15:36 - Judson Bible in Zawgyi Version

36 ထို​အ​မိန့်​တော်​အ​တိုင်း ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် ထို​သူ​ကို တပ်​ပြင်​သို့​ဆောင်​သွား၍၊ ကျောက်​ခဲ​နှင့်​ပစ်​ကြ​သ​ဖြင့် သူ​သည်​အ​သေ​ခံ​ရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

36 မောရှေ​အား ထာဝရဘုရား​မိန့်​တော်မူ​သည့်​အတိုင်း လူထု​အပေါင်း​တို့​သည် ထို​သူ​ကို တပ်စခန်း​အပြင်ဘက်​သို့ ထုတ်ဆောင်​သွား​၍ ခဲ​နှင့်​ပေါက်သတ်​ကြ​သဖြင့် သူ​သေ​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

36 သို့​ဖြစ်​၍​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​သည် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည့် အ​တိုင်း​ထို​သူ​ကို​စ​ခန်း​အ​ပြင်​သို့​ထုတ် ပြီး​လျှင် ကျောက်​ခဲ​နှင့်​ပစ်​သတ်​ကြ​လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည်ရာ 15:36
6 ပူးပေါင်းရင်းမြစ်များ  

အ​ဓ​မ္မ​လူ​နှစ်​ယောက်​သည်​လာ၍ သူ့​ရှေ့​မှာ​ထိုင်​လျက်၊ နာ​ဗုတ်​သည် ဘု​ရား​သ​ခင်​နှင့်​ရှင်​ဘု​ရင်​ကို စွန့်​ပယ်​ပြီ​ဟု လူ​များ​ရှေ့​တွင် နာ​ဗုတ်​တစ်​ဖက်၌ သက်​သေ​ခံ​ကြ​လျှင်၊ နာ​ဗုတ်​ကို မြို့​ပြင်​သို့​ထုတ်၍ သေ​အောင် ကျောက်​ခဲ​နှင့်​ပစ်​ကြ၏။


ဣ​သ​ရေ​လ​အ​မျိုး​သား​ဖြစ်​စေ၊ ဣ​သ​ရေ​လ​အ​မျိုး၌​တည်း​နေ​သော တစ်​ပါး​အ​မျိုး​သား​ဖြစ်​စေ၊ မိ​မိ​သား​ကို မော​လုတ်​ဘု​ရား​အား ဆက်​ကပ်​သော​သူ​သည် အ​သေ​သတ်​ခြင်း​ကို​အ​မှန်​ခံ​ရ​မည်။ ပြည်​သား​တို့​လည်း ခဲ​နှင့်​ပစ်​ရ​ကြ​မည်။


ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ထို​သူ​သည် အ​သေ​သတ်​ခြင်း​ကို အ​မှန်​ခံ​ရ​မည်။ ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် တပ်​ပြင်​မှာ သူ့​ကို​ကျောက်​ခဲ​နှင့် ပစ်​ရ​ကြ​မည်​ဟု မော​ရှေ​အား​မိန့်​တော်​မူ၍၊


တစ်​ဖန် မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊


မြို့​သား​ယောက်ျား​အ​ပေါင်း​တို့​သည် ထို​သား​ကို ကျောက်​ခဲ​နှင့်​ပစ်၍ အ​သေ​သတ်​ရ​ကြ​မည်။ ထို​သို့ သင်​တို့​တွင် ဒု​စ​ရိုက်​အ​ပြစ်​ကို ပယ်​ရှား​သ​ဖြင့်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ထို​သ​တင်း​ကို​ကြား၍ ကြောက်​ရွံ့​ခြင်း​ရှိ​ကြ​လိမ့်​မည်။


ယော​ရှု​က၊ ငါ​တို့​ကို အ​ဘယ်​ကြောင့် နှောင့်​ယှက်​သ​နည်း။ ယ​နေ့ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို နှောင့်​ယှက်​တော်​မူ​မည်​ဟု​ဆို​သ​ဖြင့်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ကျောက်​ခဲ​နှင့်​ပစ်​ကြ၏။ ကျောက်​ခဲ​နှင့် ပစ်​ကြ​ပြီး​မှ၊ မီး​ရှို့​ကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ