Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တော​လည်ရာ 15:15 - Judson Bible in Zawgyi Version

15 ပ​ရိ​သတ်​အ​ဝင်​ဖြစ်​သော​သူ၊ သင်​တို့​တွင်​တည်း​ခို​သော တစ်​ပါး​အ​မျိုး​သား​ဖြစ်​သော​သူ​တို့​သည်၊ သင်​တို့​အ​မျိုး​အ​စဉ်​အ​ဆက်​စောင့်​ရ​သော တစ်​ပါး​တည်း​သော​ထုံး​စံ​ရှိ၍၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ သင်​တို့​သည်​ဖြစ်​သည်​နည်း​တူ သူ​သည်​လည်း ဖြစ်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

15 သင်​တို့​အတွက်​ဖြစ်စေ​၊ သင်​တို့​တွင်​တည်းခိုနေထိုင်​သော​တိုင်းတစ်ပါးသား​အတွက်​ဖြစ်စေ လူအစုအဝေး​အတွက်​ပြဋ္ဌာန်းချက်​သည် တစ်မျိုးတည်း​ဖြစ်​ရ​မည်​။ ဤသည်ကား သင်​တို့​မျိုးဆက်​အစဉ်အဆက်​အစဉ်အမြဲ​လိုက်နာ​ရ​မည့် ပြဋ္ဌာန်းချက်​ဖြစ်​၏​။ ထာဝရဘုရား​ရှေ့​တော်​၌ သင်​တို့​နှင့်​တိုင်းတစ်ပါးသား​တို့​သည် အတူတူ​ဖြစ်​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

15 သင်​တို့​တွင်​တည်း​ခို​နေ​ထိုင်​သော​လူ​မျိုး​ခြား တို့​သည် ဤ​ပြ​ဋ္ဌာန်း​ချက်​များ​ကို​နောင်​အ​စဉ် အ​ဆက်​စောင့်​ထိန်း​ရ​ကြ​မည်။ သင်​တို့​နှင့်​လူ မျိုး​ခြား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့ တော်​တွင်​ညီ​တူ​ညီ​မျှ​ဖြစ်​ကြ​သ​ဖြင့်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည်ရာ 15:15
17 ပူးပေါင်းရင်းမြစ်များ  

ယု​ဒ​လူ​တို့​သည် ကိုယ်​တိုင်​မှ​စ၍ သား​မြေး၊ ဘာ​သာ​ဝင်​သူ အ​ပေါင်း​တို့​နှင့်​တ​ကွ၊ မော်​ဒ​ကဲ​မှာ​စာ၌ စီ​ရင်​ထုံး​ဖွဲ့​သည်​အ​တိုင်း၊ ထို​နေ့ နှစ်​ရက်​ကို နှစ်​တိုင်း​အ​စဉ်​မ​ပြတ် စောင့်​မည်​အ​ကြောင်း၊


ဤ​နေ့​ရက်​သည်​လည်း သင်​တို့​အောက်​မေ့​စ​ရာ​ဖို့​ဖြစ်၍၊ သင်​တို့၏​အ​မျိုး အ​စဉ်​အ​ဆက်​မ​ပြတ် ဤ​နေ့​ရက်၌ ထာ​ဝ​ရ​ဘု​ရား​အား​ပွဲ​ခံ​ရ​ကြ​မည်။ ပ​ညတ်​တော်​ရှိ​သည်​ဖြစ်၍၊ ထို​ပွဲ​ကို​အ​စဉ်​အ​မြဲ​ခံ​ရ​ကြ​မည်။


သင်​တို့​နှင့် သင်​တို့၏​သား​များ​၌ ပ​ညတ်​တော်​ရှိ​သည်​ဖြစ်၍၊ ဤ​အ​မှု​ကို အ​စဉ်​အ​မြဲ​စောင့်​ရ​ကြ​မည်။


ပ​သ​ခါ​ပွဲ​တ​ရား​ဟူ​မူ​ကား၊ တစ်​ပါး​အ​မျိုး​သား​မ​စား​ရ။


အ​မျိုး​သား​ချင်း​ဖြစ်​သော​သူ၊ သင်​တို့​တွင်​တည်း​ခို​သော တစ်​ပါး​အ​မျိုး​သား​ဖြစ်​သော​သူ​တို့​သည်၊ တစ်​ပါး​တည်း​သော​တ​ရား​နှင့်​ဆိုင်​ကြ၏​ဟု ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​နှင့်​အာ​ရုန်၌ ပ​ညတ်​ထား​တော်​မူ၏။


အာ​ရုန်​နှင့် သူ၏​သား​တို့​သည်၊ ပ​ရိတ်​သတ်​စည်း​ဝေး​ရာ​တဲ​တော်​ထဲ​သို့ ဝင်​သော်​လည်း​ကောင်း၊ သန့်​ရှင်း​ရာ​အ​ရပ်​ဌာ​န၌ ယဇ်​ပ​လ္လင်​အ​နား​သို့ ချည်း​ကပ်​သော်​လည်း​ကောင်း၊ အ​ပြစ်​ရောက်၍​မ​သေ​စေ​ခြင်း​ငှာ ထို​သို့​ဝတ်​ရ​မည်။ အာ​ရုန်​မှ​စ၍ သူ၏​အ​မျိုး​အ​စဉ်​အ​ဆက်​တို့​သည် စောင့်​ရ​သော​ပ​ညတ်​တော်​ဖြစ်​သ​တည်း။


ကိုယ်​အ​မျိုး​သား​ဖြစ်​စေ၊ သူ​တစ်​ပါး​အ​မျိုး​သား​ဖြစ်​စေ၊ တစ်​ပါး​တည်း​သော​တ​ရား​နှင့်​သာ စီ​ရင်​ခြင်း​ကို​ခံ​ရ​မည်။ ငါ​သည် သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​သည်​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။


အာ​ရုန်၏​သား၊ ယဇ်​ပု​ရော​ဟိတ်​တို့​သည် ထို​တံ​ပိုး​ကို​မှုတ်​ရ​ကြ​မည်။ သင်​တို့ အ​မျိုး​အ​စဉ်​အ​ဆက် စောင့်​ရ​သော​ပ​ညတ်​ဖြစ်​သ​တည်း။


သင်​တို့​တွင် တည်း​ခို​သော​တစ်​ပါး​အ​မျိုး​သား​ဖြစ်​စေ၊ အ​ခြား​တစ်​ပါး​သော​သူ​ဖြစ်​စေ၊ မီး​ဖြင့်​ပူ​ဇော်၍ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ မွှေး​ကြိုင်​သော​အ​နံ့​ရှိ​စေ​ခြင်း​ငှာ အ​လို​ရှိ​လျှင်၊ သင်​တို့​ပြု​သည်​နည်း​တူ သူ​သည်​လည်း​ပြု​ရ​မည်။


ဣ​သ​ရေ​လ​အ​မျိုး​သား​ဖြစ်​သော​သူ၊ တည်း​ခို​သော တစ်​ပါး​အ​မျိုး​သား​ဖြစ်​သော​သူ​တို့​သည် သ​တိ​လစ်၍​ပြစ်​မှား​သော​အ​ခါ၊ တစ်​ပါး​တည်း​သော တ​ရား​ကို​စောင့်​ရ​ကြ​မည်။


တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် အာ​ရုန်​အား​မိန့်​တော်​မူ​သည်​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် သန့်​ရှင်း​စေ၍ ဆက်​ကပ်​သ​မျှ​သော ပူ​ဇော်​သ​ကာ​တို့​အ​ထဲ​က၊ ငါ့​အား​ချီး​မြှောက်​သော ပူ​ဇော်​သ​ကာ​တို့​ကို သင်၌​အပ်၍၊ သင်​နှင့် သင်၏​သား​တို့​အ​ဖို့ ဖြစ်​စေ​ခြင်း​ငှာ၊ ထာ​ဝ​ရ​ပ​ညတ်​တ​ရား​အား​ဖြင့် ငါ​ပေး၏။


သင်​တို့​ထံ​မှာ​တည်း​ခို​သော တစ်​ပါး​အ​မျိုး​သား​သည် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ပ​သ​ခါ​ပွဲ​ကို​ခံ​ခြင်း​ငှာ အ​လို​ရှိ​လျှင်၊ စီ​ရင်​ထုံး​ဖွဲ့၍ ခံ​ရ​သော​ထုံး​စံ​အ​တိုင်း ပွဲ​ခံ​ရ​မည်။ သင်​တို့​တွင် တည်း​ခို​သော တစ်​ပါး​အ​မျိုး​သား​ဖြစ်​သော​သူ၊ အ​မျိုး​သား​ချင်း​ဖြစ်​သော​သူ​တို့​သည် ထုံး​စံ​တစ်​ပါး​တည်း​သာ ရှိ​ရ​ကြ​မည်​ဟု မိန့်​တော်​မူ၏။


ယေ​ရှု​ခ​ရစ်၌ ယု​ဒ​လူ​မ​ရှိ၊ ဟေ​လ​သ​လူ​မ​ရှိ၊ ကျွန်​မ​ရှိ။ လူ​လွတ်​မ​ရှိ၊ ယောက်ျား​မ​ရှိ၊ မိန်း​မ​မ​ရှိ၊ ထို​သ​ခင်၌ သင်​တို့​အ​ပေါင်း​သည် တစ်​လုံး​တစ်​ဝ​တည်း ဖြစ်​ကြ၏။-


ထို​ဖန်​ဆင်း​ပြု​ပြင်​တော်​မူ​ရာ၌ ဟေ​လ​သ​လူ​မ​ရှိ၊ ယု​ဒ​လူ​မ​ရှိ၊ အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ခံ​ခြင်း​မ​ရှိ၊ မ​ခံ​ခြင်း​မ​ရှိ၊ လူ​ရိုင်း​မ​ရှိ၊ သ​ကု​သိ​လူ​မ​ရှိ၊ ကျွန်​မ​ရှိ၊ လူ​လွတ်​မ​ရှိ၊ ခ​ရစ်​တော်​သည် အ​လုံး​စုံ​တို့၌ အ​လုံး​စုံ​ဖြစ်​တော်​မူ၏။


ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ကောင်း​ချီး​ပေး​ခြင်း​အ​လို​ငှာ၊ ထာ​ဝ​ရ​ဘု​ရား၏​ကျွန်​မော​ရှေ​မှာ​ထား​ခဲ့​သည်​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး၊ ဗိုလ်​မင်း၊ တ​ရား​သူ​ကြီး​အ​မျိုး​သား​အ​ပေါင်း​တို့​သည်၊ ယဇ်​ပု​ရော​ဟိတ် လေ​ဝိ​သား​ထမ်း​သော ထာ​ဝ​ရ​ဘု​ရား၏ ပ​ဋိ​ညာဉ်​သေ​တ္တာ​နှစ်​ဖက်၌ ရပ်၍၊ အ​မျိုး​သား​စစ်​နှင့် တစ်​ကျွန်း​နိုင်​ငံ​သား​ပါ​လျက်၊ ဂေ​ရ​ဇိမ်​တောင်​ပေါ်​မှာ လူ​တစ်​ဝက်၊ ဧ​ဗ​လ​တောင်​ပေါ်​မှာ တစ်​ဝက်​တို့​သည် နေ​ကြ​လျှင်၊


ထို​နေ့​မှ​စ၍ ယ​နေ့​တိုင်​အောင် ဣ​သ​ရေ​လ​အ​မျိုး၌ ထို​သို့​သော ထုံး​စံ​ဖြစ်​စေ​ခြင်း​ငှာ စီ​ရင်​ထုံး​ဖွဲ့​သ​တည်း။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ