Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တော​လည်ရာ 15:14 - Judson Bible in Zawgyi Version

14 သင်​တို့​တွင် တည်း​ခို​သော​တစ်​ပါး​အ​မျိုး​သား​ဖြစ်​စေ၊ အ​ခြား​တစ်​ပါး​သော​သူ​ဖြစ်​စေ၊ မီး​ဖြင့်​ပူ​ဇော်၍ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ မွှေး​ကြိုင်​သော​အ​နံ့​ရှိ​စေ​ခြင်း​ငှာ အ​လို​ရှိ​လျှင်၊ သင်​တို့​ပြု​သည်​နည်း​တူ သူ​သည်​လည်း​ပြု​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

14 သင်​တို့​တွင်​တည်းခိုနေထိုင်​သော တိုင်းတစ်ပါးသား​၊ သို့မဟုတ် သင်​တို့​၏​မျိုးဆက်​ထဲမှ တစ်ယောက်ယောက်​သည် ထာဝရဘုရား​အဖို့ မွှေးကြိုင်​သော​ရနံ့​ဖြစ်​သည့် မီး​ဖြင့်​ပူဇော်​သော​ယဇ်​ကို ပူဇော်​လို​လျှင် သင်​တို့​ပြု​သည့်​အတိုင်း သူ​ပြု​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

14 အ​မြဲ​ဖြစ်​စေ၊ ယာ​ယီ​ဖြစ်​စေ​သင်​တို့​နှင့် အ​တူ​နေ​ထိုင်​သော​လူ​မျိုး​ခြား​တစ်​ဦး​သည် ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​တော်​မူ​သော​ရ​နံ့ အ​ဖြစ်​သကာ​ကို​ဆက်​သ​သည့်​အ​ခါ ဖော်​ပြ ပါ​ပြ​ဋ္ဌာန်း​ချက်​များ​အ​တိုင်း​ဆက်​သ ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည်ရာ 15:14
5 ပူးပေါင်းရင်းမြစ်များ  

ဣ​သ​ရေ​လ​အ​မျိုး​သား​ဖြစ်​စေ၊ ဣ​သ​ရေ​လ​အ​မျိုး၌​တည်း​နေ​သော တစ်​ပါး​အ​မျိုး​သား​ဖြစ်​စေ၊ သ​စ္စာ​က​တိ​ရှိ၍​ပြု​သော​ပူ​ဇော်​သ​ကာ၊ အ​လို​လို​ပြု​သော ပူ​ဇော်​သ​ကာ​တည်း​ဟူ​သော မီး​ရှို့​ရာ​ယဇ်​ကို ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​လို​လျှင်၊


ထို​သို့​သော​အ​ကောင်​ကို တစ်​ပါး​အ​မျိုး​သား​ဆက်​သော်​လည်း ပျက်​သော​အ​ပြစ်​ပါ​သော​ကြောင့်၊ သင်​တို့၏​ဘု​ရား​သ​ခင့်​ပွဲ​တော်​ဖို့ မ​ပူ​ဇော်​ရ။ ပူ​ဇော်​လျှင်​စိတ်​တော်​နှင့်​မ​တွေ့​ဟု မိန့်​တော်​မူ၏။


ပြည်​သား​အ​ပေါင်း​တို့​သည် မီး​ဖြင့်​ပူ​ဇော်၍ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ မွှေး​ကြိုင်​သော အ​နံ့​ရှိ​စေ​ခြင်း​ငှာ၊ ထို​သို့​နှင့်​အ​ညီ ပြု​ရ​ကြ​မည်။


ပ​ရိ​သတ်​အ​ဝင်​ဖြစ်​သော​သူ၊ သင်​တို့​တွင်​တည်း​ခို​သော တစ်​ပါး​အ​မျိုး​သား​ဖြစ်​သော​သူ​တို့​သည်၊ သင်​တို့​အ​မျိုး​အ​စဉ်​အ​ဆက်​စောင့်​ရ​သော တစ်​ပါး​တည်း​သော​ထုံး​စံ​ရှိ၍၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ သင်​တို့​သည်​ဖြစ်​သည်​နည်း​တူ သူ​သည်​လည်း ဖြစ်​ရ​မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ