Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တော​လည်ရာ 14:39 - Judson Bible in Zawgyi Version

39 မော​ရှေ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​အား စ​ကား​တော်​များ​ကို ဆင့်​ဆို​သော​အ​ခါ၊ လူ​များ​တို့​သည် အ​လွန်​ညည်း​တွား​လျက် နေ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

39 မောရှေ​သည် ထို​စကား​တို့​ကို အစ္စရေး​အမျိုးသား​အပေါင်း​တို့​အား ဆင့်ဆို​သောအခါ လူ​တို့​သည် ပြင်းထန်​စွာ​ငိုကြွေးမြည်တမ်း​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

39 မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သ​မျှ ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ပြန်​ကြား သော​အ​ခါ သူ​တို့​သည်​အ​လွန်​ဝမ်း​နည်း ကြေ​ကွဲ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည်ရာ 14:39
8 ပူးပေါင်းရင်းမြစ်များ  

ထို​မ​ကောင်း​သော​သ​တင်း​ကို လူ​များ​တို့​သည်​ကြား​သော​အ​ခါ၊ ငို​ကြွေး​မြည်​တမ်း​လျက်၊ အ​ဘယ်​သူ​မျှ တန်​ဆာ​မ​ဆင်​ဘဲ​နေ​ကြ၏။


လူ​သည် မိုက်​သော​သ​ဘော​ကြောင့်၊ လမ်း​လွဲ၍ စိတ်​ထဲ​မှာ ထာ​ဝ​ရ​ဘု​ရား​ကို ကဲ့​ရဲ့​ပြစ်​တင်​တတ်၏။


အို ထာ​ဝ​ရ​ဘု​ရား၊ သူ​တို့​သည် ဆင်း​ရဲ​ခံ​ရ​သော​အ​ခါ၊ ကိုယ်​တော်၌ ဆည်း​ကပ်​ကြ​ပါ​ပြီ။ ဆုံး​မ​တော်​မူ​သော​အ​ခါ၊ ဆု​တောင်း​ပ​တ္ထ​နာ​စ​ကား​ကို သွန်း​လောင်း​ကြ​ပါ​ပြီ။


သင်​သည် သူ​တို့​အား​ဆင့်​ဆို​ရ​မည်​မှာ၊ ထာ​ဝ​ရ​ဘု​ရား​က ငါ​အ​သက်​ရှင်​သည်​ဖြစ်၍၊ သင်​တို့​သည် ငါ့​ကို​ကြား​စေ​ခြင်း​ငှာ ပြော​ကြ​သော စ​ကား​အ​တိုင်း သင်​တို့​ကို​ငါ​ပြု​မည်။


ထို​ပြည်​ကို​စူး​စမ်း၍ သွား​သော​လူ​တို့​တွင် နုန်၏​သား​ယော​ရှု​နှင့် ယေ​ဖု​န္န၏​သား​ကာ​လက်​တို့​သာ အ​သက်​ချမ်း​သာ​ရ​ကြ၏။


နိုင်​ငံ​တော်​သား​တို့​သည်​လည်း ငို​ကြွေး​ခြင်း၊ အံ​သွား​ခဲ​ကြိတ်​ခြင်း​ရှိ​ရာ၊ ပြင်​အ​ရပ်​မှောင်​မိုက်​ထဲ​သို့ နှင်​ချ​ခြင်း​ကို ခံ​ရ​ကြ​လ​တ္တံ့​ဟု နောက်​တော်​သို့ လိုက်​သော​သူ​တို့​အား မိန့်​တော်​မူ​ပြီး​မှ၊-


သင်​တို့​သိ​သည်​အ​တိုင်း၊ ဧ​သော​သည် နောက်​မှ ကောင်း​ချီး​မင်္ဂ​လာ​ကို အ​မွေ​ခံ​ခြင်း​ငှာ အ​လို​ရှိ​သော​အ​ခါ၊ ငြင်း​ပယ်​ခြင်း​ကို​ခံ​ရ၏။ မျက်​ရည်​ကျ၍ ကောင်း​ချီး​မင်္ဂ​လာ​ကို အ​လွန်​ရှာ​သော်​လည်း၊ မိ​မိ​အ​ဘ၏ စိတ်​ပြောင်း​လဲ​ခြင်း အ​ခွင့်​ကို မ​တွေ့​မ​ရ။


ထို​သို့ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ကျိန်​အပ်​သော​သူ​ဖြစ်​သော​ကြောင့်၊ ရန်​သူ​တို့​ရှေ့​မှာ မ​ခံ​မ​ရပ်​နိုင်၊ ကျော​ကို​လှည့်​ရ​ကြ၏။ ကျိန်​အပ်​သော​သူ​ကို သင်​တို့​အ​ထဲ​က မ​ပယ်​မ​ရှင်း​လျှင် သင်​တို့​နှင့်​အ​တူ ငါ​မ​နေ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ