Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တော​လည်ရာ 14:27 - Judson Bible in Zawgyi Version

27 ငါ့​ကို​အ​ပြစ်​တင်၍၊ မြည်​တမ်း​သော ဤ​ပ​ရိ​သတ်​ဆိုး​တို့​ကို အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး ငါ​သည်​သည်း​ခံ​ရ​အံ့​နည်း။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ငါ့​ကို​အ​ပြစ်​တင်၍ မြည်​တမ်း​သော​စ​ကား​တို့​ကို ငါ​ကြား​ရ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

27 “​ဤ​ဆိုးညစ်​သော​လူထု​သည် ငါ့​ကို မည်မျှ​ကြာ​အောင် အပြစ်တင်​နေ​ကြ​မည်နည်း​။ ငါ့​ကို အပြစ်တင်​နေ​ကြ​သည့် အစ္စရေး​အမျိုးသား​တို့​မြည်တွန်တောက်တီး​သော​အသံ​ကို ငါ​ကြား​ရ​ပြီ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

27 ``ဤ​ဆိုး​ယုတ်​သော​သူ​တို့​သည်​မည်​မျှ​ကာ​လ ပတ်​လုံး​ညည်း​ညူ​လျက်​ရှိ​ကြ​မည်​နည်း။ ဣ​သ ရေ​လ​အ​မျိုး​သား​တို့​၏​ညည်း​ညူ​သံ​ကို​ငါ ကြား​ရ​ဖန်​များ​လှ​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည်ရာ 14:27
11 ပူးပေါင်းရင်းမြစ်များ  

ညဥ့်​ဦး​ယံ၌ သင်​တို့​သည်​အ​မဲ​သား​ကို စား​ရ​ကြ​လိမ့်​မည်။ နံ​နက်​ယံ၌​လည်း မုန့်​နှင့်​ဝ​ရ​ကြ​လိမ့်​မည်။ ငါ​သည် သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သိ​ကြ​လိမ့်​မည်​ဟု သူ​တို့​ကို​ပြော​လော့​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။


ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်​တို့​သည်​ငါ့​ပ​ညတ်​တ​ရား​များ​တို့​ကို အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး ငြင်း​ပယ်​ကြ​လိမ့်​မည်​နည်း။


နံ​နက်​ယံ၌​လည်း၊ ထာ​ဝ​ရ​ဘု​ရား၏​ဘုန်း​တော်​ကို မြင်​ရ​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​ကို​အ​ပြစ်​တင်​လျက် မြည်​တမ်း​ကြ​သော​အ​သံ​ကို​ကြား​တော်​မူ​ပြီ။ ငါ​တို့​ကို အ​ပြစ်​တင်​လျက် မြည်​တမ်း​စေ​ခြင်း​ငှာ၊ ငါ​တို့​သည် အ​ဘယ်​သို့​သော သူ​ဖြစ်​သ​နည်း​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​အား​ဆို​လေ​၏။


တစ်​ဖန်​သင်​တို့​သည်​အ​ပြစ်​တင်​လျက်၊ မြည်​တမ်း​သော​အ​သံ​ကို ထာ​ဝ​ရ ဘု​ရား​ကြား​တော်​မူ​သည်​ဖြစ်၍၊ အ​ထံ​တော်​သို့ ချဉ်း​ကပ်​ကြ​လော့​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား ပ​ရိ​သတ်​အ​ပေါင်း​တို့​အား ဆင့်​ဆို​လော့​ဟု အာ​ရုန်​ကို မှာ​ထား​သည်​အ​တိုင်း၊


ထို​သို့​သင်​သည် ငါ့​တစ်​ဖက်၌​ဝါ​ကြွား၍ ပြော​မိ​သော​စ​ကား​အ​လုံး​စုံ​တို့​ကို ငါ​ကြား​ပြီ​ဟု မိန့်​တော်​မူ၏။


တစ်​ဖန် လူ​များ​တို့​သည် အ​လို​တော်​မ​ရှိ​သော မြည်​တမ်း​ခြင်း​ကို​ပြု​ကြ​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​စ​ကား​ကို​ကြား၍ အ​မျက်​ထွက်​တော်​မူ၏။ ရှို့​တော်​မူ​သော​မီး​သည် သူ​တို့​တွင်​လောင်၍ တပ်​အ​စွန်​အ​နား၌​ရှိ​သော သူ​အ​ချို့​တို့​ကို သေ​စေ​လေ၏။


ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ဤ​လူ​မျိုး​သည် အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး ငါ့​ကို​မ​ရို​မ​သေ ပြု​ကြ​လိမ့်​မည်​နည်း။ သူ​တို့၌ ငါ​ပြ​ခဲ့​ပြီး​သ​မျှ​သော​နိ​မိတ်​လ​က္ခ​ဏာ​တို့​ကို မြင်​ရ သော်​လည်း အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး ငါ့​ကို​မ​ယုံ​ဘဲ နေ​ကြ​လိမ့်​မည်​နည်း။


တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​နှင့် အာ​ရုန်​အား မိန့်​တော်​မူ​သည်​ကား၊


ယေ​ရှု​သည်​လာ၍ သူ​တို့​ကို လက်​နှင့် တို့​တော်​မူ​လျက်၊ ထ​ကြ၊ မ​ကြောက်​ကြ​နှင့်​ဟု မိန့်​တော်​မူ​သော်၊-


ကိုယ်​တော်​က၊ ယုံ​ကြည်​ခြင်း​မ​ရှိ​သော​အ​မျိုး၊ ငါ​သည် သင်​တို့​နှင့်​တ​ကွ အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး နေ​ရ​မည်​နည်း။ သင်​တို့​ကို အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး သည်း​ခံ​ရ​မည်​နည်း။ သူ​ငယ်​ကို ငါ့​ထံ​သို့​ယူ​ခဲ့​ကြ​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊-


ထို​သူ​အ​ချို့​တို့​သည် မြည်​တမ်း​ခြင်း​ကို​ပြု၍၊ ဖျက်​ဆီး​သော​သူ၏ လက်​ဖြင့် ပျက်​စီး​သ​ကဲ့​သို့​မ​ဟုတ်၊ မြည်​တမ်း​ခြင်း​ကို​မ​ပြု​ကြ​နှင့်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ