Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တော​လည်ရာ 14:16 - Judson Bible in Zawgyi Version

16 ထာ​ဝ​ရ​ဘု​ရား​သည် ထို​လူ​တို့​အား ဤ​မည်​သော​ပြည်​ကို ငါ​ပေး​မည်​ဟု ကျိန်​ဆို​သော်​လည်း၊ ထို​ပြည်​သို့ သူ​တို့​ကို​ဆောင်​သွင်း​ခြင်း​ငှာ မ​တတ်​နိုင်​သော​ကြောင့်၊ တော၌​သုတ်​သင်​ပယ်​ရှင်း​ပြီ​ဟု ပြော​ဆို​ကြ​ပါ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

16 ‘​ထာဝရဘုရား​သည် ဤ​လူမျိုး​ကို သူ​ကျိန်ဆို​ထား​သော​ပြည်​ထဲသို့ ပို့ဆောင်​ရန်​မ​တတ်နိုင်​သောကြောင့် သူ​တို့​ကို တောကန္တာရ​ထဲ၌ အဆုံးစီရင်​ပြီ​’​ဟု ပြောဆို​ကြ​ပါ​လိမ့်မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

16 ကိုယ်​တော်​သည်​ပေး​မည်​ဟု​က​တိ​ထား​တော်​မူ သော​ပြည်​သို့​မ​ပို့​ဆောင်​နိုင်​သော​ကြောင့် ဤ​သူ တို့​ကို​တော​ကန္တာ​ရ​၌​အ​ဆုံး​စီ​ရင်​တော်​မူ သည်​ဟု​ပြော​ကြ​ပါ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည်ရာ 14:16
6 ပူးပေါင်းရင်းမြစ်များ  

အဲ​ဂု​တ္တု​လူ​တို့​က​လည်း၊ ဘု​ရား​သ​ခင်​သည် မ​ကောင်း​သော​အ​ကြံ​ရှိ​သ​ဖြင့်၊ သူ​တို့​ကို​တော​တောင်​များ၌​သတ်၍ မြေ​ကြီး​ပေါ်​က သုတ်​သင်​ပယ်​ရှင်း​ခြင်း​အ​လို​ငှာ​သာ၊ နုတ်​ဆောင်​လေ​သည်​ဟု အ​ဘယ်​ကြောင့်​ဆို​ဖွယ်​အ​ကြောင်း ရှိ​ရ​ပါ​မည်​နည်း။ ပြင်း​စွာ​သော​အ​မျက်​တော်​ကို ပယ်​တော်​မူ​ပါ။ ကိုယ်​တော်၏​လူ​တို့၌ ဤ​သို့​အ​ပြစ်​ပေး​မည်​အ​ကြံ​ကို နောင်​တ​ရ​တော်​မူ​ပါ။


ကိုယ်​တော်​က၊ ထာ​ဝ​ရ​ဘု​ရား​သည် သည်း​ခံ​သော​သ​ဘော၊ သ​နား​သော​သ​ဘော​နှင့် ပြည့်​စုံ​တော်​မူ​ထ​သော၊ အ​ဓ​မ္မ​ကျင့်​ခြင်း၊ တ​ရား​တော်​ကို လွန်​ကျူး​ခြင်း​အ​ပြစ်​တို့​ကို ဖြေ​လွှတ်​သော်​လည်း၊ အ​ချည်း​နှီး​သက်​သက် ဖြေ​လွှတ်​တော်​မ​မူ​ထ​သော၊ လူ​အ​စဉ်​အ​ဆက်၊ တ​တိ​ယ​အ​ဆက်၊ စ​တု​တ္ထ​အ​ဆက်​တိုင်​အောင်၊


သို့​မ​ဟုတ် အ​ကျွန်ုပ်​တို့​ကို နုတ်​ဆောင်​တော်​မူ​သော ပြည်​သား​တို့​က၊ ထာ​ဝ​ရ​ဘု​ရား​သည် က​တိ​ထား​သော​ပြည်​သို့ သူ​တို့​ကို​ဆောင်​သွင်း​ခြင်း​ငှာ မ​တတ်​နိုင်​သော​ကြောင့်​လည်း​ကောင်း၊ သူ​တို့​ကို​မုန်း​သော​ကြောင့်​လည်း​ကောင်း၊ တော၌​သတ်​လို​သော​ငှာ ထုတ်​သွား​ပြီ​ဟု ဆို​ကြ​ပါ​လိမ့်​မည်​တ​ကား။


ယော​ရှု​က​လည်း၊ အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် ဤ​လူ​အ​ပေါင်း​တို့​ကို အာ​မော​ရိ​လူ​တို့​လက်​သို့​အပ်၍ ဖျက်​ဆီး​စေ​ခြင်း​ငှာ ယော်​ဒန်​မြစ်​တစ်​ဖက်​သို့ အ​ဘယ်​ကြောင့်​ဆောင်​ခဲ့​တော်​မူ​သ​နည်း။ အ​ကျွန်ုပ်​တို့​သည် ရောင့်​ရဲ​သော​စိတ်​ရှိ၍ ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်၌ နေ​ကြ​ပါ​စေ​သော။


ခါ​န​နိ​လူ အ​စ​ရှိ​သော ဤ​ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​သည် ထို​သ​တင်း​ကို​ကြား​လျှင်၊ အ​ကျွန်ုပ်​တို့​ကို​ဝိုင်း၍ အ​ကျွန်ုပ်​တို့၏​နာ​မည်​ကို မြေ​ကြီး​မှ ပယ်​ရှင်း​ကြ​ပါ​လိမ့်​မည်။ ကိုယ်​တော်​သည် ကြီး​မြတ်​သော နာ​မ​တော်​အ​ဖို့​အ​လို​ငှာ အ​ဘယ်​သို့ ပြု​တော်​မူ​မည်​နည်း​ဟု လျှောက်​ဆို၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ