Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တော​လည်ရာ 13:31 - Judson Bible in Zawgyi Version

31 သူ​နှင့်​အ​တူ​လိုက်​သွား​သော​သူ​တို့​က ထို​ပြည်​သား​တို့​ကို ငါ​တို့​မ​တိုက်​နိုင်။ သူ​တို့​သည် ငါ​တို့​ထက်​သာ၍ အား​ကြီး​ကြ​သည်​ဟူ၍​လည်း​ကောင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

31 သို့သော် သူ​နှင့်အတူ​သွား​ခဲ့​သော​သူ​တို့​က “​ထို​သူ​တို့​သည် ငါ​တို့​ထက်​အားကြီး​သောကြောင့် သူ​တို့​ကို တိုက်ခိုက်​ရန်​မ​ဖြစ်နိုင်​ပါ”​ဟု ဆို​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

31 သို့​သော်​လည်း​ကာ​လက်​နှင့်​အ​တူ​လိုက်​ပါ သွား​သူ​တို့​က``ငါ​တို့​သည်​ထို​ပြည်​ကို​တိုက် ခိုက်​အောင်​မြင်​နိုင်​စွမ်း​မ​ရှိ​ပါ။ ထို​ပြည်​သား တို့​သည်​ငါ​တို့​ထက်​အင်​အား​ကြီး​ပါ​သည်'' ဟု​ဆို​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည်ရာ 13:31
8 ပူးပေါင်းရင်းမြစ်များ  

ကာ​လက်​က​လည်း ချက်​ချင်း​ချီ​သွား၍ ထို​ပြည်​ကို​သိမ်း​ယူ​ကြ​စို့။ အောင်​နိုင်​ကောင်း​သည်​ဟု​ဆို၍ မော​ရှေ​ရှေ့​မှာ လူ​များ​တို့​ကို​ငြိမ်း​စေ၏။


ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​ပြည်​သို့ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မ​ကူး​မ​သွား​မည်​အ​ကြောင်း၊ သူ​တို့​စိတ်​ကို အ​ဘယ်​ကြောင့်​ဖျက်​ကြ​သ​နည်း။


ဧ​ရှ​ကော​လ​ချောင်း​သို့​သွား၍ ပြည်​တော်​ကို ကြည့်​မြင်​ပြီး​မှ၊ ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​ပြည်​သို့ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မ​သွား​မည်​အ​ကြောင်း သူ​တို့​စိတ်​ကို​ဖျက်​ကြ၏။-


ငါ​တို့​သည် အ​ဘယ်​သို့​သွား​ရ​မည်​နည်း။ ညီ​အစ်​ကို​တို့​က၊ ထို​ပြည်​သား​တို့​သည် ငါ​တို့​ထက်​သာ၍​ကြီး၏။ အ​ရပ်​လည်း​သာ၍​မြင့်၏။ မြို့​လည်း မိုး​ကောင်း​ကင်​သို့​ထိ​သော မြို့​ရိုး​လည်း​ရှိ၏။ ထို​ပြည်၌​လည်း၊ အာ​န​က​အ​မျိုး​သား​တို့​ကို မြင်​ရ၏​ဟု ငါ​တို့​စိတ်​ကို​ဖျက်​ကြ​ပြီ​ဟု သင်​တို့​သည် တဲ​များ၌​ဆန့်​ကျင်​ဘက်​ပြု​ကြ၏။


အို ဣ​သ​ရေ​လ​အ​မျိုး၊ နား​ထောင်​လော့။ သင့်​ထက်​အား​ကြီး၍ များ​ပြား​သော​လူ​မျိုး​တို့​ကို​လည်း​ကောင်း၊ မိုး​ကောင်း​ကင်​ကို​ထိ​သော​မြို့​ရိုး​နှင့် ပြည့်​စုံ​သော မြို့​ကြီး​တို့​ကို​လည်း​ကောင်း၊


သို့​ဖြစ်၍၊ သူ​တို့​သည် မ​ယုံ​ကြည်​သော​ကြောင့်​သာ မ​ဝင်​နိုင်​သည်​ကို ငါ​တို့​သိ​မြင်​ကြ၏။


အ​ကျွန်ုပ်​နှင့်​အ​တူ​သွား​သော ညီ​အစ်​ကို​တို့​သည်၊ လူ​များ​စိတ်​ပျက်​စ​ရာ​ကို ပြု​သော်​လည်း၊ အ​ကျွန်ုပ်​သည် အ​ကျွန်ုပ်၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​နောက်​တော်​သို့ လုံး​လုံး​လိုက်​ပါ၏။


ရှော​လု​က၊ သင်​သည် ထို​ဖိ​လိ​တ္တိ​လူ​ကို သွား၍​မ​တိုက်​နိုင်။ သင်​သည် နု​ပျို​သော​သူ​ဖြစ်၏။ ထို​သူ​သည် ပျို​သော​အ​ရွယ်​မှ​စ၍ စစ်​သူ​ရဲ​ဖြစ်​ခဲ့​ပြီ​ဟု ဒါ​ဝိဒ်​အား​ဆို​သော်၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ