တောလည်ရာ 12:5 - Judson Bible in Zawgyi Version5 ထာဝရဘုရားသည် မိုးတိမ်တိုင်ဖြင့်ဆင်းသက်၍၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးဝ၌ရပ်လျက်၊ အာရုန်နှင့် မိရိအံကိုခေါ်တော်မူ၍၊ သူတို့သည် ချဉ်းကပ်ကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်5 ထာဝရဘုရားသည်လည်း မိုးတိမ်တိုင်အားဖြင့် ကြွဆင်း၍ တဲတော်အဝင်ဝ၌ရပ်လျက် အာရုန်နှင့်မိရိအံကိုခေါ်သဖြင့် သူတို့နှစ်ဦးစလုံး ရှေ့တော်သို့လာကြ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version5 ထာဝရဘုရားသည်မိုးတိမ်တိုင်ဖြင့်ကြွ လာ၍ တဲတော်တံခါးဝတွင်ရပ်လျက်``အာရုန်၊ မိရိအံ'' ဟူ၍ခေါ်တော်မူ၏။ ထိုအခါသူ တို့နှစ်ဦးသည်ရှေ့သို့ထွက်လာသဖြင့်၊- အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားသည် မိုးတိမ်ဖြင့်ဆင်းသက်၍ မောရှေနှင့် နှုတ်ဆက်တော်မူ၏။ မောရှေအပေါ်မှာ ကျိန်းဝပ်သောဝိညာဉ်အချို့ကိုယူ၍ အသက်ကြီးသူခုနစ်ကျိပ်တို့အပေါ်မှာ တင်တော်မူသဖြင့်၊ ထိုဝိညာဉ်သည် သူတို့အပေါ်မှာကျိန်းဝပ်သောအခါ၊ သူတို့သည် ပရောဖက်ပြု၍ မပြတ်မစဲဟောကြ၏။