Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တော​လည်ရာ 12:12 - Judson Bible in Zawgyi Version

12 ဖွား​စ​က​ပင် ကိုယ်​အ​သား​တစ်​ဝက်​ပျက်​သော အ​သေ​ကောင်​ကဲ့​သို့ သူ​သည် မ​ဖြစ်​ပါ​စေ​နှင့်​ဟု တောင်း​ပန်​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

12 ကိုယ်အင်္ဂါ​မစုံမလင်​နှင့် အမိ​ဝမ်း​မှ​ထွက်လာ​သော​အသေကောင်​ကဲ့သို့ သူ့​ကို​မ​ဖြစ်စေ​ပါ​နှင့်​”​ဟု တောင်းပန်​သဖြင့်

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

12 ဖွား​စ​က​ပင်​ကိုယ်​ခန္ဓာ​တစ်​ဝက်​ကို​ပုပ်​ပျက် သော အ​သေ​ကောင်​ကဲ့​သို့​မိ​ရိအံ​မ​ဖြစ်​ပါ စေ​နှင့်'' ဟု​တောင်း​ပန်​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည်ရာ 12:12
9 ပူးပေါင်းရင်းမြစ်များ  

သို့​မ​ဟုတ် အ​ချိန်​နေ့​လ​မ​စေ့​မီ မွေး​သော​သူ​ငယ်၊ အ​လင်း​ကို မ​မြင်​ရ​သော​သူ​ငယ်​ကဲ့​သို့ ငါ​ပျက်​စီး​ရ​ပြီ။


ခ​ရု​သည်​သွား​စဉ်​တွင် ရွေ့​လျော့​သ​ကဲ့​သို့​လည်း​ကောင်း၊ ပျက်​သော​ကိုယ်​ဝန်​သည် နေ​ရောင်​ကို မ​မြင်​ရ​သ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ကြ​ပါ​စေ​သော။


အို အ​ကျွန်ုပ်​သ​ခင်၊ အ​ကျွန်ုပ်​တို့​သည် မိုက်​သော​အ​မှု​ကို​ပြု​မိ၍ ပြစ်​မှား​သော​အ​ပြစ်​ကို အ​ကျွန်ုပ်​တို့​အ​ပေါ်​မှာ တင်​တော်​မ​မူ​ပါ​နှင့်၊ အ​ကျွန်ုပ်​တောင်း​ပန်​ပါ၏။


မော​ရှေ​က၊ အို ဘု​ရား​သ​ခင်၊ သူ၏​အ​နာ​ကို​ပျောက်​စေ​တော်​မူ​ပါ။ အ​ကျွန်ုပ်​တောင်း​ပန်​ပါ၏​ဟု ထာ​ဝ​ရ​ဘု​ရား​အား အော်​ဟစ်​လေ၏။


နောက်​ဆုံး၌ အ​ချိန်​မ​တော်​မ​တန် ဖွား​သော​သူ​ကဲ့​သို့​ဖြစ်​သော ငါ​ပင်​မြင်​ရ၏။-


ဒု​စ​ရိုက်​အ​ပြစ်၌​လည်း​ကောင်း၊ ဇာ​တိ​ပ​က​တိ၏ အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​အ​ဖြစ်၌​လည်း​ကောင်း သေ​လျက်​ရှိ​နေ​သော သင်​တို့​ကို ခ​ရစ်​တော်​နှင့်​အ​တူ အ​သက်​ရှင်​စေ၍၊ သင်​တို့ အ​ပြစ်​ရှိ​သ​မျှ​တို့​ကို လွှတ်​တော်​မူ၏။-


ကာ​မ​ဂုဏ်​စည်း​စိမ်၌​ပျော်​မွေ့​သော မု​ဆိုး​မ​မူ​ကား၊ အ​သက်​ရှိ​လျက်​ပင် အ​သေ​ဖြစ်၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ