တောလည်ရာ 11:23 - Judson Bible in Zawgyi Version23 ထာဝရဘုရားက၊ ထာဝရဘုရားလက်တိုသလော။ ငါ့စကားတည်မည်၊ မတည်မည်ကို သင်သိလိမ့်မည်ဟု မောရှေအားမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်23 ထိုအခါ ထာဝရဘုရားက မောရှေအား “ငါထာဝရဘုရား၏လက်သည် တိုသလော။ ငါ၏စကားတည်သည်၊ မတည်သည်ကို ယခု သင်သိမြင်ရလိမ့်မည်”ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version23 ထာဝရဘုရားက``ငါမတတ္နိုင္သည့္အရာ ရွိသေလာ။ ငါမိန့်တော်မူသမျှအတိုင်းဖြစ် မည်မဖြစ်မည်ကိုသင်မကြာမီတွေ့မြင်ရ လိမ့်မည်'' ဟုမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ငါလာသောအခါ အဘယ်ကြောင့် လူမရှိသနည်း။ ငါခေါ်သောအခါ အဘယ်ကြောင့် မထူးသနည်း။ ငါသည် မရွေးမနုတ်နိုင်အောင် လက်တိုသလော။ ကယ်ချွတ်နိုင်သော တန်ခိုးမရှိသလော။ ကြည့်ရှုလော့။ ငါဆုံးမသဖြင့် ပင်လယ်ရေသည် ခန်းခြောက်၏။ မြစ်တို့ကို လွင်ပြင်ဖြစ်စေ၏။ ရေမရှိသောကြောင့် ငါးတို့သည်နံကြ၏။ ရေငတ်၍ သေကြ၏။
မိန်းမောတွေဝေသော သူကဲ့သို့လည်းကောင်း၊ ကယ်တင်ခြင်းငှာမတတ်နိုင်သော သူရဲကဲ့သို့လည်းကောင်း၊ အဘယ်ကြောင့် ဖြစ်တော်မူသနည်း။ အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်တို့တွင်ရှိတော်မူ၏။ အကျွန်ုပ်တို့သည်နာမတော်ဖြင့် သမုတ်သောသူဖြစ်ပါ၏။ အကျွန်ုပ်တို့ကို စွန့်ပစ်တော်မမူပါနှင့်။