Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တော​လည်ရာ 11:22 - Judson Bible in Zawgyi Version

22 သူ​တို့​ကို​ဝ​စွာ​ကျွေး​ခြင်း​ငှာ၊ သိုး​ဆိတ်​နွား​စု​တို့​ကို သတ်​ရ​ပါ​မည်​လော။ သို့​မ​ဟုတ် ဝ​စွာ​ကျွေး​ခြင်း​ငှာ၊ ပင်​လယ်​ငါး​ရှိ​သ​မျှ​တို့​ကို စု​ဝေး​ရ​ပါ​မည်​လော​ဟု လျှောက်​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

22 သိုးအုပ်​၊ နွားအုပ်​တို့​ကို​သတ်​လျှင်​လည်း သူ​တို့​အတွက် လုံလောက်​ပါ​မည်လော​။ ပင်လယ်​ငါး​ရှိသမျှ​တို့​ကို စုဝေး​စေ​လျှင်​လည်း သူ​တို့​အတွက် လုံလောက်​ပါ​မည်လော​”​ဟု လျှောက်ဆို​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

22 သူ​တို့​ဝ​လင်​စွာ​စား​နိုင်​ရန်​သိုး​နွား​ဆိတ် အ​လုံ​အ​လောက်​ရ​နိုင်​ပါ​မည်​လော။ သူ​တို့ အ​တွက်​ပင်​လယ်​မှ​ငါး​အ​လုံ​အ​လောက် ရ​နိုင်​ပါ​မည်​လော'' ဟု​လျှောက်​ထား​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည်ရာ 11:22
11 ပူးပေါင်းရင်းမြစ်များ  

ရှင်​ဘု​ရင်​မှီ​ခြင်း​ကို​ခံ​ရ​သော​အ​မတ်​က၊ ထာ​ဝ​ရ​ဘု​ရား​သည် မိုး​ကောင်း​ကင်၌ ပြူ​တင်း​ပေါက်​တို့​ကို ဖွင့်​လှစ်​တော်​မူ​လျှင်၊ ထို​သို့​ဖြစ်​နိုင်​ကောင်း​သည်​ဟု ဘု​ရား​သ​ခင်၏​လူ​အား​ဆို​သော်၊ ဘု​ရား​သ​ခင်၏​လူ​က၊ သင်​သည် ကိုယ်​မျက်​စိ​နှင့် မြင်​ရ​သော်​လည်း မ​စား​ရ​ဟု ပြန်​ပြော၏။


ဤ​လူ​အ​ပေါင်း​တို့​အား ကျွေး​စ​ရာ​ဖို့​အ​မဲ​သား​ကို အ​ကျွန်ုပ်​သည် အ​ဘယ်​မှာ​ရ​နိုင်​ပါ​အံ့​နည်း။ သူ​တို့​က အ​ကျွန်ုပ်​တို့​စား​စ​ရာ​ဖို့ အ​မဲ​သား​ကို​ပေး​ပါ​ဟု ငို​ကြွေး​လျက် အ​ကျွန်ုပ်​ကို​တောင်း​ကြ​ပါ၏။


မော​ရှေ​က​လည်း၊ အ​ကျွန်ုပ်​နှင့်​ဆိုင်​သော လူ​ယောက်ျား​ပေါင်း ခြောက်​သိန်း​ရှိ​ကြ​သည်​ဖြစ်၍ ကိုယ်​တော်​က တစ်​လ​စား​စ​ရာ​ဖို့ သူ​တို့​အား​အ​မဲ​သား​ကို ငါ​ပေး​မည်​ဟု မိန့်​တော်​မူ​ပါ​သည်​တ​ကား၊


ထာ​ဝ​ရ​ဘု​ရား​က၊ ထာ​ဝ​ရ​ဘု​ရား​လက်​တို​သ​လော။ ငါ့​စ​ကား​တည်​မည်၊ မ​တည်​မည်​ကို သင်​သိ​လိမ့်​မည်​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။


တ​ပည့်​တော်​တို့​က ဤ​မျှ​လောက်​များ​သော​လူ​စု​တို့​သည် ဝ​စွာ​စား​လောက်​သော​အ​စာ​ကို ဤ​တော​အ​ရပ်၌ အ​ကျွန်ုပ်​တို့​သည် အ​ဘယ်​သို့​ရ​နိုင်​ပါ​မည်​နည်း​ဟု လျှောက်​ကြ​သော်၊-


ကိုယ်​တော်​က၊ သူ​တို့​စား​စ​ရာ​ဖို့ သင်​တို့​ပေး​ကြ​လော့​ဟု ပြန်​ပြော​တော်​မူ၏။ တ​ပည့်​တော်​တို့​က​လည်း၊ အ​ကျွန်ုပ်​တို့​သည် သွား၍ ဒေ​နာ​ရိ​အ​ပြား​နှစ်​ရာ​နှင့် မုန့်​ကို​ဝယ်​ပြီး​လျှင် သူ​တို့​အား စား​စ​ရာ​ဖို့ ပေး​ရ​ပါ​အံ့​လော​ဟု လျှောက်​ကြ၏။-


တ​ပည့်​တော်​တို့​က​လည်း၊ ဤ​တော​အ​ရပ်၌ ဤ​သူ​တို့​ကို အ​ဘယ်​သို့ ဝ​စွာ​ကျွေး​နိုင်​ပါမည်​နည်း​ဟု လျှောက်​ကြ​သော်၊-


ဇာ​ခ​ရိ​က​လည်း၊ ထို​သို့​ဖြစ်​လိမ့်​မည်​ကို အ​ကျွန်ုပ်​သည် အ​ဘယ်​သို့​သိ​ရ​ပါ​မည်​နည်း။ အ​ကျွန်ုပ်​သည် လူ​အို​ဖြစ်​ပါ၏။ အ​ကျွန်ုပ်​မ​ယား​သည်​လည်း အ​သက်​အ​ရွယ်​ကြီး​ရင့်​ပါ​ပြီ​ဟု ကောင်း​ကင်​တ​မန်​အား ပြော​ဆို​လျှင်၊-


မာ​ရိ​က​လည်း၊ ဤ​အ​မှု​အ​ရာ​သည် အ​ဘယ်​သို့ ဖြစ်​လိမ့်​မည်​နည်း။ အ​ကျွန်ုပ်​သည် ယောက်ျား​နှင့် မ​ဆက်​ဆံ​ပါ​ဟု ကောင်း​ကင်​တ​မန်​အား ပြန်​ပြော၏။-


မု​ယော​မုန့်​ငါး​လုံး​နှင့် ငါး​က​လေး​နှစ်​ကောင်​ပါ​သော သူ​ငယ်​တစ်​ယောက်​ရှိ​ပါ၏။ သို့​သော်​လည်း ဤ​မျှ​လောက် များ​စွာ​သော​သူ​တို့​သည် ရှိ​ကြ​သည်​ဖြစ်၍၊ ထို​မုန့်​နှင့် ငါး​နှစ်​ကောင်​တို့​ကို အ​ဘယ်​ပြော​စ​ရာ​ရှိ​ပါ​သ​နည်း ဟု​လျှောက်၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ