Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တော​လည်ရာ 10:33 - Judson Bible in Zawgyi Version

33 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ တောင်​တော်​မှ​ထွက်၍၊ သုံး​ရက်​ကွာ​သော​ခ​ရီး​ကို သွား​ကြ၏။ ထို​သုံး​ရက်​ကွာ​သော​ခ​ရီး​ကို သွား​ကြ​စဉ်၊ ထာ​ဝ​ရ​ဘု​ရား၏ ပ​ဋိ​ညာဉ်​သေ​တ္တာ​သည် သူ​တို့​အ​ဖို့ စ​ခန်း​ချ​ရာ​အ​ရပ်​ကို​ရှာ၍ သူ​တို့​ရှေ့​က​သွား​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

33 အစ္စရေး​အမျိုးသား​တို့​သည် ထာဝရဘုရား​၏​တောင်​တော်​မှ သုံး​ရက်​ခရီးပြု​ကြ​၏​။ ထို​သုံး​ရက်​ခရီး​တွင် ထာဝရဘုရား​၏​ပဋိညာဉ်​သေတ္တာ​တော်​သည် သူ​တို့​နားနေ​ရာ​အရပ်​ကို​ရှာ​ရန် သူ​တို့​၏​ရှေ့​မှ​သွား​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

33 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ထာ​ဝ​ရ ဘု​ရား​၏​သိ​နာ​တောင်​တော်​မှ​ထွက်​ခွာ​၍ သုံး ရက်​ကြာ​မျှ​ခရီး​ပြု​လေ​သည်။ သူ​တို့​စ​ခန်း ချ​ရာ​အ​ရပ်​ကို​ညွှန်​ပြ​ရန် ထာ​ဝ​ရ​ဘုရား ၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​သည်​သူ​တို့​ရှေ့​မှ အ​စဉ်​သွား​ရ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည်ရာ 10:33
25 ပူးပေါင်းရင်းမြစ်များ  

ထို​ကြောင့် သူ​တို့​သည် ငါ၏​ချမ်း​သာ​ထဲ​သို့ မ​ဝင်​ရ​ကြ​ဟု အ​မျက်​ထွက်၍ ငါ​ကျိန်​ဆို၏။


မော​ရှေ​သည် ဘု​ရား​သ​ခင့်​ထံ​တော်​သို့​တက်​သွား​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​သည် တောင်​ပေါ်​က​ခေါ်​တော်​မူ၍၊ သင်​သည် ယာ​ကုပ်​အ​မျိုး၊ ဣ​သ​ရေ​လ​သား​တို့​အား ပြန်​ပြော​ရ​သော​အ​မိန့်​တော်​ဟူ​မူ​ကား၊


မော​ရှေ​သည်၊ မိ​မိ​ယော​က္ခ​မ မိ​ဒျန်​ယဇ်​ပု​ရော​ဟိတ်​ယေ​သ​ရော၏​သိုး​ဆိတ်​များ​ကို ထိန်း​စဉ်၊ တော​နောက်​ဘက်​သို့​ဆောင်​သွား၍၊ ဟော​ရပ်​အ​မည်​ရှိ​သော ဘု​ရား​သ​ခင်၏​တောင်​သို့ ရောက်​လေ၏။


ထို​ကာ​လ၌ ယေ​ရှဲ၏​အ​မြစ်​သည် ပေါက်၍၊ လူ​များ​အ​ဖို့​ထူ​သော​အ​လံ ဖြစ်​လိမ့်​မည်။ ထို​အ​လံ၌ တစ်​ပါး​အ​မျိုး​သား​တို့​သည် ဆည်း​ကပ်​ကြ​လိမ့်​မည်။ ကျိန်း​ဝပ်​တော်​မူ​ရာ​အ​ရပ်​သည်​လည်း ဘုန်း​ကြီး​လိမ့်​မည်။


ဤ​သို့​ပြု​လျှင် ငြိမ်​ဝပ်​လိမ့်​မည်။ ပင်​ပန်း​သော​သူ​တို့​သည် ငြိမ်​ဝပ်​ကြ​စေ။ ဤ​သို့​ပြု​လျှင် သက်​သာ​လိမ့်​မည်​ဟု မိန့်​တော်​မူ​သော်​လည်း၊ သူ​တို့​သည် နား​မ​ထောင်​ကြ။


ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ကောင်း​ကင်​ဘုံ​သည် ငါ့​ပ​လ္လင်​ဖြစ်၏။ မြေ​ကြီး​သည် ငါ့​ခြေ​တင်​ရာ​ခုံ ဖြစ်၏။ အ​ဘယ်​သို့​သော ဗိ​မာန်​ကို ငါ့​အ​ဖို့​တည်​ဆောက်​ကြ​မည်​နည်း။ အ​ဘယ်​အ​ရပ်​သည် ငါ​ကျိန်း​ဝပ်​ရာ​အ​ရပ် ဖြစ်​မည်​နည်း။


ထို​ကာ​လ​တွင် သင်​တို့​သည် ပြည်​တော်၌ တိုး​ပွား​များ​ပြား​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား၏ ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​ဟူ၍ နောက်​တစ်​ဖန် မ​ပြော​မ​ဆို​ရ။ ထို​သေ​တ္တာ​တော်​ကို စိတ်​မ​စွဲ​လမ်း၊ မ​အောက်​မေ့၊ မ​ပြု​စု​ရ။ နောက်​တစ်​ဖန်​မ​လုပ်​ရ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။


တစ်​ဖန်​မိန့်​တော်​မူ​သည်​ကား၊ ဓား​ဘေး​နှင့် လွတ်​သော​သူ​တို့​သည် တော၌​ကျေး​ဇူး​ကို​ခံ​ရ​ကြ​ပြီ။ ငါ​သည် ကြွ​သွား၍ ဣ​သ​ရေ​လ​အ​မျိုး​ကို​ချမ်း​သာ​ပေး​မည်။


ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ လမ်း​နား​မှာ​ရပ်၍ ကြည့်​ရှု​ကြ​လော့။ ရှေး​လမ်း​ဟောင်း​တို့​ကို ရှာ​ဖွေ​လျက်၊ ကောင်း​သော​လမ်း​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း​ဟု မေး​မြန်း၍၊ ထို​လမ်း​သို့​လိုက်​ကြ​လော့။ သို့​ပြု​လျှင်၊ စိတ်​နှ​လုံး​သက်​သာ​ကြ​လိမ့်​မည်။ သို့​ရာ​တွင်၊ ငါ​တို့​သည် မ​လိုက်​ဟု ပြန်​ပြော​ကြ၏။


သူ​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ ငါ​နုတ်​ပြီး​လျှင်၊ ပြည်​တ​ကာ​တို့၏ အ​ထွဋ်​ဖြစ်၍ နို့​နှင့်​ပျား​ရည် စီး​သော​ပြည်၊ သူ​တို့​အ​ဖို့​ငှာ ကြည့်​ရှု​သော ပြည်​သို့​ဆောင်​သွား​ခြင်း​ငှာ ကျိန်​ဆို​သော​အ​ခါ၊


ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် သိ​နာ​တောင်​မှ​ခ​ရီး​သွား​ကြ၏။ နောက်​တစ်​ဖန် မိုး​တိမ်​သည် ပါ​ရန်​တော၌​တည်​နေ၏။


ဤ​ပ​ည​တ္တိ​ကျမ်း​စာ​သည် သင်​တို့​အ​မျိုး​တစ်​ဖက်၌ သက်​သေ​ဖြစ်​မည်​အ​ကြောင်း၊ ထို​စာ​ကို​ယူ၍ သင်​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​ပ​ဋိ​ညာဉ်​သေ​တ္တာ​တော် အ​နား​မှာ​တင်​ထား​ကြ​လော့။


ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​နှင့်​ဖွဲ့​သော ပ​ဋိ​ညာဉ်​တ​ရား​ကို ရေး​ထား​သော ကျောက်​ပြား​တို့​ကို ခံ​ယူ​ခြင်း​ငှာ၊ တောင်​ပေါ်​သို့ ငါ​တက်​သော​အ​ခါ၊ အ​ရက်​လေး​ဆယ်​ပတ်​လုံး မုန့်​ကို​မ​စား၊ ရေ​ကို​မ​သောက်​ဘဲ တောင်​ပေါ်​မှာ​နေ​လေ၏။


ထာ​ဝ​ရ​ပ​ဋိ​ညာဉ်​တ​ရား၏ အ​သွေး​တော်​အား​ဖြင့်၊ သိုး​များ​ကို​ထိန်း​သော သိုး​ထိန်း​ကြီး​ဖြစ်​သော ငါ​တို့​သ​ခင်​ယေ​ရှု​ကို သေ​ခြင်း​မှ နုတ်​ဆောင်​တော်​မူ​သော၊ ငြိမ်​သက်​ခြင်း၏​အ​ရှင် ဘု​ရား​သ​ခင်​သည်၊-


သင်​တို့​က၊ ထာ​ဝ​ရ​ဘု​ရား၏​သေ​တ္တာ​တော်​သည် ယော်​ဒန်​မြစ်​ကို​ကူး​သော​အ​ခါ၊ သေ​တ္တာ​တော်​ရှေ့​မှာ မြစ်​ရေ​ပြတ်​လေ​သည်​ဟု ပြန်​ပြော​ရ​ကြ​မည်။ ထို​သို့ ဤ​ကျောက်​တို့​သည် အ​စဉ်​မ​ပြတ် ဣ​သ​ရေ​လ​အ​မျိုး​သား​အောက်​မေ့​စ​ရာ​ဖို့ ဖြစ်​ကြ​လိမ့်​မည်​ဟု ယော​ရှု​မှာ​ထား​သည်​အ​တိုင်း၊


ထို​ကာ​လ၌ ဘု​ရား​သ​ခင်၏​ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​ပါ​လျက်၊ အာ​ရုန်၏​သား​ဖြစ်​သော ဧ​လာ​ဇာ၏​သား ဖိ​န​ဟတ်​သည်၊ သေ​တ္တာ​တော်​ရှေ့​မှာ အ​မှု​စောင့်​သည်​ဖြစ်၍၊


လူ​များ​တို့​သည် တပ်​ထဲ​သို့​ရောက်​သော​အ​ခါ၊ ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ​တို့​က၊ ယ​နေ့ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​ကို ဖိ​လိ​တ္တိ​လူ​တို့​ရှေ့​မှာ အ​ဘယ်​ကြောင့်​ရှုံး​စေ​တော်​မူ​သ​နည်း။ ထာ​ဝ​ရ​ဘု​ရား၏​ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​သည် လာ၍၊ ငါ​တို့​ကို ရန်​သူ​လက်​မှ ကယ်​တင်​စေ​ခြင်း​ငှာ၊ ရှိ​လော​မြို့​မှ ဆောင်​ခဲ့​ကြ​ကုန်​အံ့​ဟု ဆို​ကြ​သည်​အ​တိုင်း၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ