တောလည်ရာ 10:25 - Judson Bible in Zawgyi Version25 နောက်ဆုံးတပ်တည်းဟူသော ဒန်တပ် အစဉ်အတိုင်း အလုံးအရင်းတို့သည် အလံနှင့်တကွချီသွားကြ၏။ ဒန်တပ်ကို အမိရှဒ္ဒဲသားအဟေဇာ အုပ်ရ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်25 ဒန်၏သားမြေးတို့သည် မိမိတို့တပ်ဖွဲ့အလိုက် တပ်စခန်းအလံနှင့်တကွ တပ်စခန်းအားလုံးကိုအကာအကွယ်အဖြစ် နောက်ဆုံးမှ ခရီးပြုကြ၏။ ထိုတပ်ဖွဲ့ကို အမိရှဒ္ဒဲ၏သား အဟေဇာ ဦးစီး၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version25 နောက်ဆုံးတပ်ဖြစ်သောဒန်အနွယ်တပ်အလံ နောက်မှလိုက်ရသောလူစုကို အမိရှဒ္ဒဲ၏သား အဟေဇာအုပ်ချုပ်လျက်တပ်စုအလိုက် ချီတက်ရသည်။- အခန်းကိုကြည့်ပါ။ |
ထာဝရဘုရား၏သေတ္တာတော်ရှေ့မှာ ယုဘိလတံပိုးခုနစ်လုံးကိုဆောင်သော ယဇ်ပုရောဟိတ် ခုနစ်ယောက်တို့သည် သွားမြဲသွား၍ တံပိုးမှုတ်ကြ၏။ လက်နက်ကိုင်တို့သည် သူတို့ရှေ့မှာသွား၍ ယဇ်ပုရောဟိတ်များ တံပိုးမှုတ်လျက်သွားကြစဉ်၊ နောက်တပ်သားတို့သည် ထာဝရဘုရား၏သေတ္တာတော်နောက်သို့ လိုက်ကြ၏။