Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




နေ​ဟ​မိ 9:7 - Judson Bible in Zawgyi Version

7 အို​ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည် အာ​ဗြံ​ကို​ရွေး​ချယ်၍ ခါ​လ​ဒဲ​ပြည်၊ ဥ​ရ​မြို့​မှ​ခေါ်​ခဲ့​ပြီး​လျှင် အာ​ဗြ​ဟံ​ဟူ​သော အ​မည်​ကို ပေး​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

7 အို ဘုရားရှင်​ထာဝရဘုရား​၊ ကိုယ်တော်​သည် အာဗြံ​ကို​ရွေးကောက်​တော်မူ​၍ သူ့​ကို ခါလဒဲ​ပြည် ဥရ​မြို့​မှ​ထုတ်ဆောင်​ခဲ့​ပြီး အာဗြဟံ​ဟူသော​အမည်​ကို​ပေး​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

7 အို ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ကိုယ်​တော်​သည်​အာ​ဗြံ​ကို​ရွေး​ကောက်​တော် မူ​၍ ဗာ​ဗု​လုန်​ပြည်​ဥ​ရ​မြို့​မှ​ထုတ်​ဆောင်​တော်​မူ​ကာ သူ​၏​နာ​မည်​ကို​အာ​ဗြ​ဟံ​ဟု​ပြောင်း​လဲ ပေး​တော်​မူ​ပါ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




နေ​ဟ​မိ 9:7
11 ပူးပေါင်းရင်းမြစ်များ  

တေ​ရ​သည် သား​အာ​ဗြံ​ကို​လည်း​ကောင်း၊ ခါ​ရန်၏​သား​ဖြစ်​သော မြေး​လော​တ​ကို​လည်း​ကောင်း၊ သား​အာ​ဗြံ၏​မ​ယား​ဖြစ်​သော မိ​မိ​ချွေး​မ​စာ​ရဲ​ကို​လည်း​ကောင်း​ခေါ်၍၊ သူ​တို့​သည် ခါ​နာန်​ပြည်​သို့ သွား​ခြင်း​ငှာ၊ ခါ​လ​ဒဲ​ပြည်​သား​တို့​နေ​သော ဥ​ရ​မြို့​မှ​ထွက်​သ​ဖြင့်၊ ခါ​ရန်​မြို့​သို့​ရောက်၍​နေ​ကြ၏။


တစ်​ဖန်၊ ငါ​သည် ဤ​ပြည်​ကို​သင်​အ​မွေ​ခံ​စ​ရာ​ဖို့၊ သင်​အား​ပေး​လို​သော​ငှာ၊ ခါ​လ​ဒဲ​ပြည်​သား​တို့​နေ​သော​ဥ​ရ​မြို့​မှ သင့်​ကို​ထုတ်​ဆောင်​သော ထာ​ဝ​ရ​ဘု​ရား​ဖြစ်​သည်​ဟု မိန့်​တော်​မူ​လျှင်၊


နောက်​တစ်​ဖန်​သင်၏​အ​မည်​ကို အာ​ဗြံ​ဟု​မ​ခေါ်​ရ။ သင်၏​အ​မည်​ကို အာ​ဗြ​ဟံ​ဟု​ခေါ်​ရ၏။ အ​ကြောင်း​မူ​ကား၊ ငါ​သည်​သင့်​ကို များ​စွာ​သော​လူ​အ​မျိုး​တို့၏ အ​ဘ​အ​ရာ၌​ခန့်​ထား​ပြီ။


အ​ကြောင်း​မူ​ကား၊ သူ​သည် မိ​မိ​နောက်၌​ဖြစ်​သော​သား​များ၊ အိမ်​သူ​များ​တို့​အား ပ​ညတ်​မည်​အ​ရာ​ကို ငါ​သိ၏။ သူ​တို့​သည်​လည်း ထာ​ဝ​ရ​ဘု​ရား၏​တ​ရား​လမ်း​သို့​လိုက်၍၊ ဟုတ်​မှန်​ဖြောင့်​မတ်​စွာ ကျင့်​ကြ​လိမ့်​မည်။ သို့​ဖြစ်၍ က​တိ​တော်​ရှိ​သည်​အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် အာ​ဗြ​ဟံ၌​ပြု​ရ​သော အ​ခွင့်​ရှိ​လိမ့်​မည်​ဟု အ​ကြံ​တော်​ရှိ၏။


အာ​ဗြ​ဟံ​အ​မည်​ရှိ​သော အာ​ဗြံ​တည်း။


သင်​တို့၏​အ​ဘ အာ​ဗြ​ဟံ​နှင့်၊ သင်​တို့​ကို​ဖွား​သော​သူ စာ​ရာ​တို့​ကို ကြည့်​ရှု​ကြ​လော့။ ငါ​သည် တစ်​ယောက်​တည်း​သော​သူ အာ​ဗြ​ဟံ​ကို ခေါ်၍၊ ကောင်း​ချီး​ပေး​သ​ဖြင့် များ​ပြား​စေ၏။


သို့​ရာ​တွင် ထာ​ဝ​ရ​ဘု​ရား​သည် သင်၏​ဘိုး​ဘေး​တို့​ကို​ချစ်​ခင်​မြတ်​နိုး၍၊ ယ​နေ့​ရှိ​သ​ကဲ့​သို့၊ သူ​တို့​အ​မျိုး​အ​နွယ်​တည်း​ဟူ​သော သင့်​ကို၊ အ​ခြား​သော​လူ​မျိုး​တ​ကာ​တို့​တွင် ရွေး​ကောက်​တော်​မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ