Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




နေ​ဟ​မိ 8:15 - Judson Bible in Zawgyi Version

15 ထို​စ​ကား​ကို​ကြား​သော​အ​ခါ၊ ကျမ်း​စာ၌ ပါ​သည်​အ​တိုင်း သစ်​ခက်​တဲ​တို့​ကို လုပ်​ခြင်း​ငှာ တောင်​သို့​သွား​ကြ။ သံ​လွင်​ခက်၊ ထင်း​ရှူး​ခက်၊ မု​ရ​တု​ခက်၊ စွန်​ပ​လွံ​ခက် အ​စ​ရှိ​သော ထူ​ထပ်​သော အ​ခက်​အ​လက်​မျိုး​တို့​ကို ဆောင်​ခဲ့​ကြ​ဟု ယေ​ရု​ရှ​လင်​မြို့​မှ​စ၍ ခပ်​သိမ်း​သော မြို့​ရွာ​တို့၌ ကြော်​ငြာ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

15 ထို့ကြောင့် သူ​တို့​က “​ပညတ်တရားကျမ်း​တွင် ရေးသား​ထား​သည့်​အတိုင်း ယာယီတဲ​ကို ဆောက်​ဖို့​ရန် တောင်​ပေါ်သို့​သွား​၍ သံလွင်ခက်​၊ ထင်းရှူးခက်​၊ မုရတု​ခက်​၊ စွန်ပလွံခက်​မှစ၍ အရွက်ဝေဆာ​သော​သစ်ခက်​တို့​ကို ယူလာ​ကြ​လော့​”​ဟူသော​သတင်း​ကို ဂျေရုဆလင်​မြို့​မှစ၍ မြို့ရွာ​ရှိသမျှ​အနှံ့ ကြေညာ​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

15 သို့​ဖြစ်​၍​သူ​တို့​က``ပ​ညတ်​ကျမ်း​တွင်​ဖော်​ပြ ပါ​ရှိ​သည့် ညွှန်​ကြား​ချက်​များ​အ​တိုင်း​တောင် များ​သို့​သွား​၍​သံ​လွင်​ခက်၊ ထင်း​ရှူး​ခက်၊ မု​ရ တု​ခက်၊ စွန်​ပ​လွံ​ခက်​နှင့်​အ​ခြား​သစ်​ခက် များ​ကို​ခုတ်​ယူ​၍​တဲ​ထိုး​ကြ​ရ​မည်'' ဟု ယေ​ရု​ရှ​လင်​မြို့​နှင့်​တ​ကွ​အ​ခြား​မြို့​ရွာ ရှိ​သ​မျှ​တို့​ကို​ညွှန်​ကြား​ချက်​ပေး​ပို့​ကြ လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




နေ​ဟ​မိ 8:15
9 ပူးပေါင်းရင်းမြစ်များ  

ညဥ့်​ဦး​အ​ချိန်၌ ချိုး​သည် နော​ဧ​ထံ​သို့​ပြန်​လာ၍၊ မိ​မိ​ဆိတ်​ယူ​သော သံ​လွင်​ရွက်​ကို မိ​မိ​နှုတ်​သီး​ဖြင့် ဆောင်​ခဲ့​သော​ကြောင့်၊


အ​ချိန်​တန်​မှ သင်​တို့​ကြော်​ငြာ​ရ​သော ဓ​မ္မ​စည်း​ဝေး​ခြင်း​တည်း​ဟူ​သော ထာ​ဝ​ရ​ဘု​ရား၏​ပွဲ​တော်​များ​ဟူ​မူ​ကား၊


ပ​ထ​မ​နေ့၌ ကောင်း​မွန်​သော​သစ်​သီး၊ စွန်​ပ​လွံ​ခက်၊ မိုး​မ​ခ​ပင် အ​စ​ရှိ​သော အ​ရွက်​များ​သော​အ​ပင်၏ အ​ကိုင်း​အ​ခက်​တို့​ကို​ယူ၍၊ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ခု​နစ်​ရက်​ပတ်​လုံး ရွှင်​လန်း​ခြင်း​ကို​ပြု​ရ​ကြ​မည်။


ည​အ​ခါ​မြင်​ရ​သော ရူ​ပါ​ရုံ​ဟူ​မူ​ကား၊ မြင်း​နီ​ကို စီး​သော လူ​တစ်​ဦး​သည် ထင်​ရှား၍ ချိုင့်​တွင်​ရှိ​သော မု​ရ​တု​တော၌ ရပ်၏။ သူ့​နောက်​မှာ နီ​သော​မြင်း၊ ညို​သော​မြင်း၊ ဖြူ​သော​မြင်း​တို့​သည် ရှိ​ကြ၏။


ယေ​ရု​ရှ​လင်​မြို့​အ​နီး​သို့ ချဉ်း၍ သံ​လွင်​တောင်​ခြေ​ရင်း၌ ဗက်​ဖာ​ဂေ​ရွာ​သို့ ရောက်​ကြ​သော​အ​ခါ ယေ​ရှု​သည် တ​ပည့်​တော်​နှစ်​ယောက်​တို့​ကို စေ​လွှတ်၍၊-


စွန်​ပ​လွံ​ခက်​များ​ကို ကိုင်​လျက်၊ ကိုယ်​တော်​ကို ခ​ရီး​ဦး​ကြို​ပြု​အံ့​သော​ငှာ ထွက်​သွား​ကြ၍၊ ဟော​ရှ​ဏ္ဏ ဖြစ်​စေ​သ​တည်း။ ထာ​ဝ​ရ​ဘု​ရား၏​အ​ခွင့်​နှင့် ကြွ​လာ​တော်​မူ​သော ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​သည် မင်္ဂ​လာ​ရှိ​စေ​သ​တည်း​ဟု ကြွေး​ကြော်​ကြ၏။-


အ​ဇု​မ​ပွဲ​ခံ​ချိန်၊ ခု​နစ်​သီ​တင်း​ပွဲ​ခံ​ချိန်၊ သ​ကေ​နေ​ပွဲ​ခံ​ချိန်​တည်း​ဟူ​သော တစ်​နှစ်​တွင် သုံး​ကြိမ်​မြောက်​အောင် သင်​တို့​ယောက်ျား​အ​ပေါင်း​တို့​သည်၊ သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ရွေး​ကောက်​တော်​မူ​သော အ​ရပ်၌ ရှေ့​တော်​မှာ မျက်​နှာ​ပြ​ရ​ကြ​မည်။ ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ အ​ဘယ်​သူ​မျှ​လက်​ချည်း မ​ပေါ်​မ​လာ​ရ။


ထို​နောက်​မှ ငါ​ကြည့်​လျှင်၊ အ​သီး​အ​သီး ဘာ​သာ​စ​ကား​ကို ပြော​သော လူ​အ​မျိုး​အ​နွယ်​ခပ်​သိမ်း​တို့ အ​ထဲ​မှ​ထွက်၍၊ အ​ဘယ်​သူ​မျှ မ​ရေ​တွက်​နိုင်​သော လူ​များ​အ​ပေါင်း​တို့​သည် ဖြူ​သော​ဝတ်​လုံ​ကို ဝတ်​ဆင်​လျက်၊ စွန်​ပ​လွံ​ခက်​ကို​ကိုင်​လျက်၊ ပ​လ္လင်​တော်​ရှေ့၊ သိုး​သ​ငယ် ရှေ့​မှာ​ရပ်​နေ​ကြ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ