Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




နေ​ဟ​မိ 7:43 - Judson Bible in Zawgyi Version

43 လေ​ဝိ​သား​စာ​ရင်း ဟူ​မူ​ကား၊ ဟော​ဒေ​ဝ​အ​မျိုး​ထဲ​က ယော​ရှု​အ​မျိုး​နှင့် ကာ​ဒ​မေ​လ​အ​မျိုး​သား ခု​နစ်​ဆယ်​လေး​ယောက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

43 လေဝိ​အမျိုး​တွင် ကပ်မျေလ​နှင့် ဟောဒေဝ​သားမြေး​တို့​မှ ဆင်းသက်​လာ​သော ယေရွှာ​သားမြေး ခုနစ်ဆယ့်​လေး​ယောက်​၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

43-45 ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​သူ​လေ​ဝိ သား​ချင်း​စု​များ​မှာ အောက်​ပါ​အ​တိုင်း ဖြစ်​သည်။ ယော​ရှု​နှင့်​ကာ​ဒ​မေ​လ(ဟော​ဒေ​ဝ​၏ သား​မြေး​များ) ၇၄ ဗိ​မာန်​တော်​ဂီ​တ​ပ​ညာ​သည်​များ (အာ​သပ်​၏​သား​မြေး​များ) ၁၄၈ ဗိ​မာန်​တော်​အ​စောင့်​တပ်​သား​များ (ရှလ္လုံ၊အာ​တာ၊တာ​လ​မုန်၊အက္ကုပ်၊ ဟ​တိ​တ​နှင့်​ရှော​ဗဲ​တို့​၏ သား​မြေး​များ) ၁၃၈

အခန်းကိုကြည့်ပါ။ ကော်ပီ




နေ​ဟ​မိ 7:43
7 ပူးပေါင်းရင်းမြစ်များ  

လေ​ဝိ​သား​စာ​ရင်း ဟူ​မူ​ကား၊ ဟော​ဒ​ဝိ​အ​မျိုး​ထဲ​က ယော​ရှု​အ​မျိုး​နှင့် ကာ​ဒ​မေ​လ​အ​မျိုး​သား ခု​နစ်​ဆယ်​လေး​ယောက်၊


သူ​တို့​ညီ​ရှေ​ဗ​နိ၊ ဟော​ဒိ​ယ၊ ကေ​လိ​တ၊ ပေ​လာ​ယ၊ ဟာ​နန်၊


ယု​ဒ​မြို့​ရွာ​တို့​တွင် ဣ​သ​ရေ​လ​လူ၊ ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား၊ ဘု​ရား​ကျွန်၊ ရှော​လ​မုန်၏​ကျွန် အ​မျိုး​သား​အ​သီး​အ​သီး​တို့​သည် မိ​မိ​တို့​ဆိုင်​ရာ​အ​ရပ်၌ နေ​ကြ၏။ ယေ​ရု​ရှ​လင်​မြို့၌​နေ​သော ပြည်​သူ​ပြည်​သား အ​ကြီး​အ​ကဲ၊ မင်း​အ​ရာ​ရှိ​ဟူ​မူ​ကား၊


လေ​ဝိ​သား​မူ​ကား ယော​ရှု၊ ဗိ​နွိ၊ ကပ်​မျေ​လ၊ ရှေ​ရ​ဘိ၊ ယု​ဒ၊ ကျေး​ဇူး​တော် ချီး​မွမ်း​ခြင်း​အ​မှု​ကို ညီ​အစ်​ကို​တို့​နှင့်​အ​တူ အုပ်​သော မဿ​နိ​တည်း။


သူ​တို့​နောက်​မှ၊ ယေ​ရု​ရှ​လင်​မြို့​တစ်​ပိုင်း​ကို အုပ်​သော​သူ၊ ဟု​ရ​သား ရေ​ဖာ​ယ​ပြင်၏။


ဟာ​ရိမ်​အ​မျိုး​သား တစ်​ထောင်​တစ်​ဆယ် ခု​နစ်​ယောက်​တည်း။


သီ​ချင်း​သည်၊ အာ​သပ်​အ​မျိုး​သား တစ်​ရာ​လေး​ဆယ်​ရှစ်​ယောက်၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ